ပရိတ်သတ်တွေကို ဟာခနဲဖြစ်အောင်ပုံစံအသစ်ကိုချပြခဲ့တဲ့ plus size မော်ဒယ်မလေး

Facebook-Adriana Letttieri

ကိုယ့်စိတ်သာကိုယ်နိုင်ရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့စကား ကြားဖူးကြပါသလား။ တကယ်တော့ လောကကြီးမှာမဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ မဖြစ်သေးတာပဲရှိတာပါ။ ဒီစကားကို အရင်တုန်းကတော့ ကိုယ်တိုင်လည်းမယုံကြည်ခဲ့ပါဘူး။ ဒါပေမဲ့ ဘဝမှာ ကိစ္စတော်တော်များများ ကြုံလာတဲ့အခါကျကာမှ ဒီစကားကို တဖြည်းဖြည်းလက်ခံလာခဲ့တာပါ။ ဒီစကားကို နောက်ထပ် သက်သေပြခဲ့သူတစ်ယောက်နဲ့လည်း မိတ်ဆက်ပေးချင်ပါတယ်။

Twitter-Adriana Letttieri

သူမကတော့ Adriana Letttieri ပါ။ Adriana ဟာ သူမရဲ့ဖွံ့ထွားတဲ့ကိုယ်လုံးကိုယ်ပေါက်ကြောင့် လူတွေရဲ့ထုံးစံအတိုင်း ဝေဖန်တာမျိုး၊ ကဲ့ရဲ့တာမျိုးတွေ ခံခဲ့ရတာပါတယ်။ ပေါင်ချိန် ၂၂၈ ပေါင်ရှိနေတဲ့ Adriana ဟာ သူမရဲ့လှပမှုနဲ့ ယုံကြည်ချက်ရှိမှုတွေကို ချပြဖို့အတွက် အနုပညာလမ်းကြောင်းပေါ်ကို ရောက်လာပါတော့တယ်။ Plus size မော်ဒယ်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေရင်းလောကထဲမှာလည်း နာမည်လေးရအရှိန်လေးတက်လာပါတော့တယ်။

ဒါပေမဲ့ တစ်ရက်မှာတော့ Adriana တစ်ယောက် သူမကိုယ်သူမမှန်ထဲကြည့်ရင်း အတွေးတစ်ခုပေါ်လာခဲ့ပါတယ်။ သူမဘဝမှာတစ်ခုခုလိုနေသလိုလိုနဲ့ တစ်စုံတစ်ခုကိုပြောင်းလဲရတော့မယ်ဆိုတဲ့အတွေးပါ။ ဒါနဲ့အချိန်ဆိုင်းမနေတော့ဘဲ နောက်တစ်ရက်မှာချက်ချင်းဆိုသလို ကိုယ်အလေးချိန်လျှော့ချဖို့အတွက် စတင်လုပ်ဆောင်ခဲ့ပါတယ်တဲ့။ သူမရင်ဆုံးလုပ်ခဲ့တာကတော့ မိုင်နဲ့ချီပြေးခဲ့တာပါ။ မိုင်ချီပြေးတယ်၊ ထိရောက်တဲ့အားကစားတွေကိုလည်းလုပ်ရင်း အစားအစာကိုပါ ကျန်းမာရေးနဲ့ညီညွတ်အောင် စားလိုက်တဲ့အတွက်ကြောင့် ၈ လအတွင်းမှာပဲ ၂၂၈ ပေါင်ကနေပြီး ပေါင် ၁၃၀ အထိ ကျသွားခဲ့ပါတော့တယ်တဲ့။

READ
မယ်စကြာဝဠာပရိသတ်တွေကို ခွန်အားဖြစ်စေခဲ့တဲ့ Miss Vietnam ရဲ့ ဘဝအကြောင်း
Facebook-Adriana Letttieri

ဒါကတော့ Adriana ရဲ့ ပုံလေးတွေပါ။

Twitter,Facebook-Adriana Letttieri

Penny

SHARE