ဂိမ်းပြပွဲမှာ လူငယ်တွေနဲ့အတူ Dota-2 ကစားပြခဲ့တဲ့ စင်္ကာပူဝန်ကြီးချုပ်

ပြီးခဲ့တဲ့ စနေနေ့ (မေ ၂၅ ရက်) က စင်ကာပူနိုင်ငံရှိ Yio Chu Kang ကွန်မြူနတီ ကလပ်မှာ Yio Game On အခမ်းအနားကို ကျင်းပခဲ့ပြီး စင်ကာပူ ၀န်ကြီးချုပ် Lee Hsein လည်း တက်ရောက်ခဲ့ပါတယ်။ အဆိုပါပွဲကို Singapore Cybersports & Online Gaming Association (SCOGA) ဆိုတဲ့ eSport အကယ်ဒမီက ကြီးမှူးကျင်းပခဲ့တာဖြစ်တယ်လို့ Asia One သတင်းဌာနရဲ့ ဖော်ပြေမှုအရသိရပါတယ်။

အဆိုပါပွဲမှာ မတူညီတဲ့ ဂိမ်းပလက်ဖောင်းက ဖန်တွေ စုစည်း အတူတကွ ဆော့ကစားကြခဲ့ကြပါတယ်။ Clash of Royale နဲ့ Mobile Legends က စလို့ Dota 2 အထိပါဝင်ခဲ့ပြီး ပိုကီမွန် ကတ်ဂိမ်းတောင်မှ ပါဝင်ပါသေးတယ်။

Esports is growing in prominence. It will even make its debut at the 2019 SEA Games! I dropped in on this class teaching…

Posted by Lee Hsien Loong on Saturday, 25 May 2019

ဝန်ကြီးချုပ် Lee ကလည်း သူ့အနေနဲ့ .ယနေ့ခေတ် အွန်လိုင်းဂိမ်းတွေနဲ့ စိမ်းမနေဘူးဆိုတာကို Dota 2 ဆော့ကစားပြီ သက်သေပြခဲ့တယ်လို့ သိရပါတယ်။ Esports လောက အောင်မြင်လာတာနဲ့အမျှ မကြာခင် ကျင်းပမယ့် ၂၀၁၉ SEA Games မှာတောင် အားကစားအသစ်တစ်ရပ်အနေနဲ့ ထည့်သွင်းသွားဖို့ရှိနေပါတယ်။

READ
ဟော်လိုဝင်းအတွက်မိတ်ကပ်ပြင်ရာက ဓာတ်မတည့်မှုကြောင့်မျက်လုံးကွယ်လုနီးဖြစ်ခဲ့ရ

လက်ရှိ SCOGA’s Esports Academy မှာ ကျောင်းသား အယောက် ၉၀၀ ရှိနှင့်ထားပြီးလို့ သိရတယ်။ ၀န်ကြီးချုပ်ဟာ သူကိုယ်တိုင်း ၀င်ရောက်လေ့လာပြီး ပြည်သူလူထုကိုလည်း သူရရှိခဲ့တဲ့ အချက်အလက်တွေကို အသေးစိပ် ဆိုရှယ်အကောင့်ကနေ ပြန်လည်ဖော်ပြခဲ့ပါတယ်။

I wasn’t quite sure what to expect at the first-ever Yio Game On event. But judging from the crowd of young and old in…

Posted by Lee Hsien Loong on Saturday, 25 May 2019

ဝန်ကြီးချုပ်ဟာ ပိုကီမွန်ကတ် ဂိမ်းနဲ့လည်း ရင်နှီးမှုရှိပြီး ၀င်ရောက် ကြည့်ရှုခဲ့သေးတယ်လို့ သိရတယ်။ ၄င်းရဲ့ သားသမီးတွေကိုယ်တိုင်က ထရိန်နားတွေလို့ သိရတယ်။

စင်ကာပူနိုင်ငံမှာ အစိုးရအနေနဲ့ eSports လောက ကြီးထွားကျယ်ပြန့်လာတာကို လျစ်လျူရှုထားလို့မရတော့တဲ့ အနေအထားတစ်ခုကို ရောက်လာတယ်။ လူငယ်တွေအနေနဲ့ အချိန်တွေပေး၊ ငွေကြေးတွေရင်းနေကြတဲ့ ပလက်ဖောင်ကို လျစ်လျူရှုထားဖို့က လုံးဝမဖြစ်နိုင်တော့ဘူး။ နိုင်ငံ့စီးပွားရေးကိုလည်း eSports လောကကို မြှင့်တင်ပေးပြီး ချဲ့ထွင်လာမယ့် အရိပ်အယောင်တွေ ရှိနေတယ်။

READ
ကံကြမ္မာရဲ့ ဆိုးရွားတဲ့အလှည့်အပြောင်းမှာ ခမ်းနားတဲ့အချစ်နဲ့ ဆုံစည်းခဲ့သူ
shutterstock/shwemom

အရင်တုန်းက Gamer တွေကို မိဘလုပ်စာ ထိုင်စားနေပြီး ဆင်းရဲမွဲတေတဲ့ လမ်းကိုဖော်နေတဲ့ သူတွေလို လက်ခံထားကြပေမယ့် ဒီနေ့ခေတ်မှာတော့ Gamer ဆိုတာ မိမိဘာသာ ရှင်သန်နိုင်တဲ့ ကမ္ဘာမှာ ကျိကျိတက်ချမ်းသာနေတဲ့သူတွေဖြစ်လာတယ်။ ကမ္ဘာပေါ်မှာ eSports ကြည်ရှု့သူဟာ ၄၅၃.၈ သန်းရှိတယ်။ ဒါကြောင့် စပွန်ဆာကြေး၊ မီဒီယာ လွတ်လပ်ခွင့်၊ ကြော်ငြာနဲ့ လုပ်ငန်းကြေးတွေ အပြီး အသားတင်အမြတ် ၁.၁ သန်းလောက် ရရှိနိုင်ပါတယ်။ ဒါကို စင်ကာပူအစိုးရက ကောင်းကောင်း နားလည်ထားပါတယ်။

အခု မျိုးဆက်သစ်ဟာ တီဗီထက် ဖုန်းကို ပိုသုံးကြတယ်။ အဲ့ဒီ့ကနေ ကြေညာတွေ ဘာတွေကိုလည်း တွေ့ရှိနိုင်ကြတယ်။ ဒါကြောင့်လည်း အစိုးရက လူငယ်နဲ့ eSports ကြားထဲ ၀င်ရောက်လာတာဖြစ်တယ်။ National Youth Council က ထောက်ပံ့ပေးနေတဲ့ SCOGA’s Esport Academy ကလည်း ပြိုင်ပွဲတွေ ကျင်းပပေးနေပြီး Mobile Legends ပွဲ ကျင်းပပြီးခဲ့သလို အခု  ၀န်ကြီးချုပ် Lee ကိုလည်း Dota 2 ဘယ်လို ကစားရသလဲ သိစေခဲ့ပါတယ်။

Matthew (ShweMOM)

SHARE