ရောင်းအားကောင်းနေတဲ့ Lee Hsien Loong ရဲ့ ဘာသာစကား မှော်ခွက်

Image:gov.sg's video screenshot/supermamastore.com

အနုပညာရှင်ဆယ်လီတွေရဲ့ အသုံး အ ဆောင် ပစ္စည်းတွေ နဲ့ ပုံစံ တူ ပစ္စည်းတွေ၊အမှတ်တရ ပစ္စည်းတွေ ကို ထုတ်ရင် လိုချင် တဲ့ လူတွေ အရမ်း များလို့  ရောင်း ကောင်းတဲ့ သတင်းမျိုးတွေကို တွေ့ ဖူး၊ဖတ်ဖူး ကြမှာပါ။ဒီ တစ်ခါ က တော့ စင်ကာပူဝန်ကြီးချုပ်ရဲ့ လက်ဖက်ရည်ခွက်က အရမ်း နာမည်ကြီး ပြီး ရောင်း ကောင်း ခဲ့ပါတယ်။သူ သောက်ခဲ့ တဲ့ တ ကယ့် ခွက် တော့ မဟုတ်ပါဘူး။အဲ့ဒီ ခွက်နဲ့ ပုံစံ ချင်း တူတဲ့ ခွက်ပါ။ဒီ သတင်းကိုတော့ Asia One မှာ ဖော်ပြ ထား တာပါ။

Image:twitter/@AudiKhalid

ဧပြီလ (၃)ရက်နေ့ တုန်းက ၀န်ကြီးချုပ် လီရှန်လွန်း က ကိုဗစ်နဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်း အစီအစဉ် (circuit breaker) ကို ကြေညာ ခဲ့ပါတယ်။ဒီသတင်းကို တော့ အားလုံးက စိတ်ဝင် ခဲ့ပါတယ်။ဒါပေမယ့် သတင်း တင် ပြည်သူလူထုရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာမဟုတ်ပါဘူး။အဲ့ဒီ တုန်းက ၀န်ကြီး ချုပ် သုံး ခဲ့တဲ့ ခွက် က လည်း လူ တွေရဲ့ စိတ်အာရုံ ကို ဖမ်းစား နိုင်ခဲ့ပါတယ်။ဘာသာစကား မျိုး စုံကို ပြော သွားခဲ့တာပါ။ခွက် ကို မြှောက် ပြီး တစ်ခါ  သောက် လိုက် တာနဲ့ ဘာသာစကား စုံ ထွက်လာခဲ့တာပါ။အဲ့ဒီဗီဒိယိုဖိုင် ကို့  အွန်လိုင်းပေါ်မှာ Meme လုပ်ခဲ့ကြတာ တွေေ တာင် ရှိ ပါတယ်။အဲ့ဒီ ခွက်က မှော် ခွက် များလား ဆိုပြီး စ နောက် ကြတာ တွေ လည်း ရှိခဲ့ပါတယ်။

READ
ဘောလုံးပွဲမှာ ဆေးလိပ်သောက်နေတယ်ဆိုတဲ့ ကလေးရဲ့ နောက်ကွယ်ကအမှန်တရား
Image:supermamastore.com

အဲ့ဒီ လက်ဖက်ရည်ခွက် က တော့ (၂၀၁၄) တုန်းက လည်း ပေါ် ခဲ့ဖူးပါတယ်။သူ့ရဲ့ ရုပ်သံ မိန့် ခွန်းမှာ တော့ မဟုတ် ပါဘူး။ပြည်ပ က ဧည့်သည်တွေကို လက်ခံ စကားပြောတဲ့ အခါ မှာ သုံးခဲ့ဖူးတာပါ။ပြည် တွင်း က ဆိုင် တစ် ဆိုင် Supermama က နေ Magic ဆိုတဲ့ ခွက်ကို ထုတ်ခဲ့ပါတယ်။ Legendary Language-Changing Cup ကို တော့ ဇူလိုင်  (၁၇)က မိတ်ဆက် ပေးခဲ့ပါတယ်။ ၀န်ကြီးချုပ် သုံးခဲ့တဲ့ ခွက် ကို မှီငြမ်း ဖန်တီး ထားတဲ့ ခွက်ပါ။အပြာ ရောင် လက်ဖက်ရည်ခွက် ကို တော့ ကြေညာ မိတ်ဆက် ပြီး ချိန် သုံး ရက် အတွင်းမှာပဲ အလုံး (၈၀) ရောင်း ထွက် ခဲ့ပါတယ်။တစ်လုံးကို (၃၈) ဒေါ်လာနဲ့ ရောင်း ချ ခဲ့တာပါ။

Image:supermamastore.com

ခွက်မှာတော့ Tembusu ပန်းနဲ့ သစ်ရွက် ပါပါတယ်။Tembusu  ပန်း က တော့ စင်ကာပူ နိုင်ငံရဲ့ အ မွေ အနှစ် သစ် ပင် ပါ။သူ့ရဲ့ ဒူ ဒဏ် ပေ ခံနိုင်မှု၊စွမ်းအား၊ရည်ရွယ်ချက်၊အသုံးဝင်မှု တို့ က နာမည်ကြီး ပါတယ်။Supermama ရဲ့ မန် နေ ဂျာ က တော့ စက်တင်ဘာ ကျ ရင် နောက်ထပ် အလုံး တစ်ရာ ပြန်ဝင်လာ မယ်လို့ ပြော ခဲ့ပါတယ်။အခု တည်းက ကြိုတင် အော်ဒါ မှာယူချင်ရင် လည်း သူတို့ရဲ့ ၀က်ဘ် ဆိုက် က နေ မှာ လို့ ရ နေပါပြီ။

READ
သားငယ်ကိုတွေ့ခွင့် ပိတ်ပင်ခံရတာကြောင့် ခံဝန်ရုံးအပြင်မှာ သေကြောင်းကြံခဲ့တဲ့ အမျိုးသား

#SHWEMOM

SHARE