အိန္ဒိယပြည်သူတွေရဲ့နှလုံးသားကို သိမ်းကြုံးယူခဲ့တဲ့ ၀န်ကြီးချုပ်မိုဒိရဲ့အပြုအမူလေးတစ်ခု

instagram/narendramodi

အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒိဟာ ဆိုရှယ်မီဒီယာပေါ်မှာ အတော်လေးအတွေ့ရများတဲ့ ၀န်ကြီးတစ်ယောက်ပါ။ မိုဒိဟာ သူ့ ပရိသတ်တွေနဲ့ follower တွေရဲ့ တောင်းဆိုချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသူဖြစ်တဲ့အပြင် ပရိသတ်တွေကို တအံ့တသြဖြစ်စေသူလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ ၀န်ကြီးချုပ်မိုဒိက လန်ချားမောင်းသမားတစ်ဦးရဲ့ မင်္ဂလာဖိတ်စာကို တုံ့ပြန်ခဲ့တာကြောင့် ပရိသတ်တွေက ၀န်ကြီးချုပ်ကို အရမ်းနှစ်ခြိုက်နေကြကြောင်း rvcj သတင်းအရ သိရပါတယ်။

အိန္ဒိယနိုင်ငံ အက်တာပရာဒက်ရှ် ပြည်နယ် ဒွမ်ရီကျေးရွာမှာ မန်ဂယ်ကီဝတ်အမည်ရတဲ့ လန်ချားသမားတစ်ယောက် နေထိုင်နိုင်ပါတယ်။ ဒွမ်ရီကျေးရွာက ၀န်ကြီးချုပ်မိုဒိကိုယ်တိုင် စံပြကျေးရွာလေးအဖြစ် သတ်မှတ်ထားတဲ့ ရွာလေးပါ။

လန်ချားဆရာ မန်ဂယ်ဟာ Bharatiya Janata Pary ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ အစိုးရပရိုဂရမ်တစ်ခုဖြစ်တဲ့ Swachh Bharat Mission မှာလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဂင်္ဂါမြစ်ကို ကိုးကွယ်သူတစ်ဦးဖြစ်ပြီး သူရှာဖွေလို့ရရှိတဲ့ ၀င်ငွေတွေကို ဂင်္ဂါမြစ်တွင်း ဘုရားစာရွတ်ဖတ်ပူဇော်ရာမှာ အသုံးပြုပါတယ်။

READ
သားပိုက်ကောင်လေးတွေအတွက် မုန်လာဥနီတွေကို ကောင်းကနေ ပစ်ချခဲ့တဲ့ အစီအစဉ်

မန်ဂယ်ရဲ့သမီးက ဖေဖော်ဝါရီ (၁၂) ရက်နေ့တုန်းက မင်္ဂလာဆောင်ပြီးပါပြီ။ သူမမင်္ဂလာမဆောင်ခင်မှာ မန်ဂယ်ရဲ့သူငယ်ချင်းအချို့ကနေပြီး ၀န်ကြီးချုပ်ဆီကိုပါ ဖိတ်စာပို့လိုက်ဖို့ မန်ဂယ်ကို တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့်ပဲ မန်ဂယ်ဟာ ဒေလီက ၀န်ကြီးချုပ်ရုံးကို ဖိတ်စာတစ်စောင်၊ ဗာရာဏသီမှာရှိတဲ့ ၀န်ကြီးချုပ်ရုံးဆီ ဖိတ်စာတစ်စောင် လှမ်းပို့လိုက်ပါတယ်။

View this post on Instagram

Humbled by the affection. Thank you!

A post shared by Narendra Modi (@narendramodi) on

ဒါပေမယ့် မန်ဂယ်အနေနဲ့ ၀န်ကြီးချုပ်ဆီက တစ်စုံတစ်ရာအကြောင်းပြန်မှုကိုရဖို့ ဘာမှမျှော်လင့်မထားတာတော့ အမှန်ပါ။ မင်္ဂလာပွဲနေ့မှာတော့ မန်ဂယ်ဟာ ၀န်ကြီးချုပ်မိုဒိဆီကနေ မင်္ဂလာပွဲအတွက် ဆုမွန်ကောင်းတောင်းထားတဲ့ ဂုဏ်ပြုစာတစ်စောင်ကို မထင်မှတ်ပဲ ရရှိခဲ့ပါတယ်။ မန်ဂယ်ဟာ ၀မ်းသာလွန်းလို့ သူ့သမီးရဲ့ မင်္ဂလာဆောင်ကို လာရောက်ကြတဲ့ ဧည့်သည်တိုင်းကိုလည်း ၀န်ကြီးချုပ်ကပို့လိုက်တဲ့စာ ထုတ်ပြခဲ့တယ်လို့လည်း သိရပါတယ်။

READ
ဝတယ်ဆိုပြီး နှိမ်လွန်းတဲ့ လုပ်ဖော်ကိုင်ဘက်ကို အဆုံးစီရင်ခဲ့တဲ့ အမျိုးသား
Twitter/ANINewsUP

လင်းလင်း (ShweMom)

SHARE