မွေးနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေ အတွက် PPE နဲ့ Mask တို့ကို လှူခဲ့တဲ့ ပိုးမမှီသာ

Image:Fb/Poe Mamhe Thar

ပိုးမမှီသာ ကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ “သိဂါင်္ရသီချင်းတစ်ပုဒ် ” နဲ့ ပရိသတ် ကြားမှာ နာမည်ကြီး ခဲ့သူ ပါ။ အဲ့ဒီ သီချင်း MV လေး ကတော့ ပရိသတ်တွေ ကြားမှာ အရမ်းကို အောင်မြင်ခဲ့ပါတယ်။အဲ့ဒီ နောက်ပိုင်းမှာ တော့  မင်း သမီး၊မော်ဒယ် တစ်ယောက် အဖြစ် အောင်မြင်စွာ ရပ်တည်လာခဲ့ပါတယ်။သူမရဲ့ မွေးနေ့မှာ တော့ ကျန်းမာရေး ၀န် ထမ်း တွေ အတွက် လိုအပ်တဲ့ နေ့လည်စာနဲ့  တခြားလိုအပ်တဲ့ PPE ၊ Mask အစရှိတဲ့ ပစ္စည်းတွေကို လှူခဲ့ပါတယ်။

Posted by Poe Mamhe Thar on Tuesday, March 3, 2020

ဒီ အကြောင်းကိုတော့ ပိုးမမှီသာရဲ့ Fb မှာ အခုလို ဝေမျှ ထားပါတယ်။

READ
(၂၀၁၉)ခုနှစ်အတွက် ကမ္ဘာ့ အချမ်းသာဆုံး TV Host (၁၀)ယောက်

“မနေ့က ၂၃ နှစ်ပြည့်မွေးနေ့မှာ တောင်ဥက္ကလာအထူးကုဆေးရုံကြီးမှာရှိတဲ့ Frontliners ဆရာ ဆရာမများ အတွက်နေ့လည်စာနဲ့ နေ့စဉ်အသုံးပြုနေရတဲ့ PPE , surgical gowns, caps, goggles, faceshields, surgical masks အပြင် Betadine Mouthwash and nasal spray တွေကို တတပ်တအားပါ ဝင်လှူ ဒါန်းဖြစ်ခဲ့ပါတယ် 😊လှူဒါန်းခွင့်ရအောင်စီစဉ်ပေးတဲ့ ဆရာကြီးပါမောက္ ခဒေါက်တာညွှန့်သိန်း ကိုအထူးဘဲ ကျေးဇူးတင်ပါတယ်

Posted by Poe Mamhe Thar on Saturday, May 2, 2020

နေ့လည်စာလှူဒါန်းရဖို့အတွက်အချိုပွဲကအစလိုလေသေးမရှိအောင်စီစဉ်ပေးတဲ့ မေမေ့ ကိုလည်းအမြဲ ကျေးဇူး တင်ပါတယ် ☺️❤️ခါတိုင်းနှစ်နဲ့မတူဘဲဖြတ်သန်းရတဲ့ Pinky’s 23 ပါ 😄….” ဆုိၿပီး ပိုးမမီွသာ က သူမရဲ့ Fb မှာ တင်ထားပါတယ်။ပိုးမမှီသာ ကတော့ စိုင်းစိုင်းနဲ့ တွဲပြီး ပိ တောက်ကတဲ့ ဂီတ ဆိုတဲ့ ဇာတ်ကားရိုက်ကူးခဲ့ပါတယ်။ရုံ တင် ပြ သ နေချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဘေးကြောင့် ရုံတင်ပြသမှုကို ရပ်ဆိုင်းခဲ့ရပါတယ်။ဒီဇာတ်ကား ကတော့ ပိုးမမှီသာရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးပါ။

သာဓုပါ ပိုးမမှီသာရေ…ဒီ့ထက် ပိုပြီး အောင်မြင်ပါစေ..


#Shwemom

READ
Romantic ဇာတ်ကားကြိုက်သူတိုင်း လက်မလွှတ်သင့်တဲ့ ဇာတ်ကားများ
SHARE