ပရိသတ်အားပေးမှု တခဲနက်ရထားတဲ့ ပိုးမီရဲ့ “အလိုက်တသိ” MV ထွက်ရှိ

အဆိုတော် ပိုးမီရဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ “အလိုက်တသိ” သီချင်းလေးရဲ့ MV ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသီချင်းလေးကတော့ ပိုးမီရဲ့ တကယ့်သီချင်းကောင်းလေးတစ်ပုဒ်ပါ။ မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားခဲ့တဲ့ သီချင်းလေးပါ။ ပိုးမီက ဒီသီချင်းလေးကို ဂစ်တာနဲ့တစ်မျိုး ပုံစံပေါင်းစုံနဲ့ သီဆိုပေးခဲ့ဖူးပါတယ်။ MV ကတော့ အခုမှ ထွက်ရှိလာတာပါ။

သီချင်းလေးရဲ့ တေးရေး၊ တေးဆိုကတော့ ပိုးမီပါ။ သရုပ်ဆောင်တွေအနေနဲ့ ကတော့ ညိမ်းသော်၊ ခင်ဝင့်ဝါ၊ သျှားထွဋ်အိန္ဒြာ တို့ ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ ပိုးမီရဲ့သီချင်းလေးကတော့ တင်ပြီး ခဏလေး အတွင်း မှာပဲ ကြည့်ရှုသူ (84K Views) အထိ ရှိခဲ့တာကိုတွေ့ရပါတယ်။ “အလိုက်တသိ” သီချင်းလေးကို MV အဖြစ် ဘယ်လို ပုံဖော်ထားသလဲဆိုတော့……..

(ပိုးမီရဲ့အလိုက်တသိ)သီချင်းလေးအပြီးမှာ ကျနော်ခံစားလိုက်ရတဲ့အမှတ်တရစကား …😔💔Nyein Thaw Pyae Zaw Phyo Khin Wint Wah Sharr Htut EaindraDirector & Edit Nyar Na

Posted by Nyar Na on Thursday, 7 February 2019

ပိုးမီကတော့ ဒီသီချင်းလေးကို Myanmar Idol ပြိုင်ပွဲမှာ တုန်းက ပြိုင်ပွဲဝင်သီချင်းလေးတစ်ပုဒ် အဖြစ် သီဆိုခဲ့ ဖူးပါတယ်။ပိုးမီက ပရိသတ်တွေ အတွက် ဂစ်တာတီးပြီးတော့လည်း သီဆိုပြခဲ့ဖူးပါတယ်။

Poe Mi ❤️ အလိုက်တသိ

Posted by Shwe Sin on Saturday, March 25, 2017

Source: ပိုးမီ

SHARE