လူ(၉၃)ဦးကို HIV ကူးစက်စေခဲ့တဲ့ ပါကစ္စတန်ဒေါက်တာကို သက်ဆိုင်ရာကဖမ်းဆီးထား

ပါကစ္စတန်နိုင်ငံရဲ့ ဆေးရုံတစ်ခုမှာ ဒေါက်တာတစ်ဦးဟာ ကလေး(၆၇)အပါအဝင် လူပေါင်း (၉၃)ယောက်ကို HIV ကူးစက်စေခဲ့တဲ့အတွက် အခုဆိုရင် သူ့ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဒေါက်တာရဲ့ အမည်ကို ဖော်ပြထားခြင်း မရှိပါဘူး။

ဒီအဖြစ်အပျက်ဟာ Sindh စီရင်စုက ဆေးရုံတစ်ခုမှာ ဖြစ်ပျက်ခဲ့တာပါ။ အဒီဒေါက်တာကလည်း ဆေးရုံမှာ တစ်ဦးတည်း တာဝန်ထမ်းဆောင်ရသူလို့ သိရပြီး၊ သူဟာ တစ်ခါသုံးဆေးထိုးအပ်တစ်ချောင်းကို လူနာ ရာနဲ့ချီကို ဆေးထိုးဖို့အတွက် အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။

Samaa.tv

အရင်ဆုံး အဲဒီဆေးရုံက ကလေးတွေကို သွေးစစ်ခဲ့ရာ (၁၅)ဦးအထိ HIV ကူးစက်ထားခံရတာကို တွေ့ရှိခဲ့ရပါတယ်။ ကလေးတွေကတော့ အသက်အငယ်ဆုံး (၂)လမှ (၈)နှစ်အတွင်း ဖြစ်ကြပြီး၊ ဒီတွေ့ရှိချက်ကြောင့် ဒေသကျန်းမာရေးအဖွဲ့က လူပေါင်း (၂၇၀၀)ကို သွေးစစ်ပေးခဲ့ရာ (၉၃)ဦးအထိ ရောဂါပိုးရှိနေတာကို တွေ့ခဲ့ရပါတယ်။

syringe

ဧပြီ(၂၅)ရက်ကတည်းက စစ်ဆေးမှုမှာ ကြောက်ခမန်းလိလိ ရောဂါပိုးပျံ့နှံ့နေတာကို တွေ့ရပြီး လာရောက်စစ်ဆေးခံသူ အများစုမှာ အဲဒီဒေါက်တာရဲ့ ကုသမှုကို ခံယူဖူးသူတွေက အများအပြား ပါဝင်ကြကြောင်း သိရပါတယ်။ သတင်းတွေအရ သံသယရှိသူ တရားခံဒေါက်တာကိုယ်တိုင် HIV ကူးစက်ခံနေရပြီး၊ သူ့လုပ်ရပ် မမှားဘူးလို့လည်း ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

 

READ
အမေရိကန်ကိုကျော်ဖို့ ကမ္ဘာ့အကြီးဆုံးလေယာဉ်တင် သင်္ဘောတည်ဆောက်မယ့် ရုရှား

လင်းဇော်ကို (Shwemom)

Source : upi.com

SHARE