ခေါင်မိုးပေါ်က အနမ်းကြောင့် ရဲဖမ်းခံလိုက်ရတဲ့ စုံတွဲ

Image:IG/Alireza Japalaghy

ခေါင်မိုးပေါ် တက်ပြီး အနမ်း ခြွေ တဲ့ စုံတွဲ ကိုတော့ အီရန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ဒီစုံတွဲ က တော့ အီ ရန် နိုင်ငံ တီဟီရန် မြို့ ရဲ့ အမြင့်ဆုံး အ ဆောက်အအုံေ တွထဲက တစ်ခုရဲ့ ခေါင်မိုးပေါ် ကို တက်ပြီး နမ်း ခဲ့ ကြတာပါ။ အ နမ်း Pose ကလည်း အချိန် မ ရွေးပြုတ်ကျပြီး အသက်အန္တရာယ် နဲ့ ကြုံ ရနိုင်ပါတယ်။ဘာလို့ ခေါင်မိုးပေါ် တက်ပြီး အန္တရာယ်စွန့်စားရလဲဆိုတဲ့  နောက်ကွယ်မှာ အ ကြောင်းအရင်း ရှိပါတယ်။ ကောင် လေး ကတော့ Parkour  ကစား သမားပါ။Alireza Japalaghy လို့ ခေါ်ပြီး တော့ အီ ရန်မှာဆိုရင် တော် တော် လေး နာမည်ကြီးတဲ့ Parkour သမား တစ်ယောက်ပါ။ဒီ အ ကြောင်းကိုတော့ BBC မှာ ဖော်ပြထားတာပါ။

Alireza Japalaghy  နဲ့ သူ့ချစ်သူ တို့ ကိုတော့ ရဲတပ် ဖွဲ့က ရိုင်းပြပြီး အရှက်မရှိတဲ့ အပြု အမူ ကို လုပ်ဆောင် ခဲ့မှု နဲ့ ဖမ်းဆီးခဲ့တာပါ။သူတို့နှစ်ယောက် အဖမ်းခံလိုက်ရတဲ့ အ ကြောင်းက တော့ အွန် လိုင်းပေါ် မှာ တော် တော် လေး လူ ပြော များခဲ့ပါတယ်။လူအများစု ကတော့ ရဲ တွေ ရဲ့ လုပ်ရပ် အပေါ် ဝေဖန် နေ ကြပါတယ်။နမ်းတဲ့ စုံ တွဲ ကျ တော့ ချက်ချင်း သွားဖမ်းတယ်၊တကယ် ဖမ်းရမယ့် ရာဇ၀တ်မှု မျိုးကျ ရင် တော့ ချက် ချင်းမ ဖမ်းပဲ နှောင့် နှေး နေတယ် ဆိုပြီး ပြော ဆို ဝေဖန် ခဲ့ပါတယ်။

READ
ဖိတ်စင်မှုလုံးဝ မရှိစေမယ့် ကော်ဖီခွက်ကို တီထွင်ဖန်တီးခဲ့တဲ့ ပိုလန်အမျိုးသား
Image:IG/Alireza Japalaghy

ရဲတပ် ဖွဲ့ကတော့ ဒီစုံတွဲဟာ Sharia ဥ ပ ဒေ (ဘာသာရေး ဥ ပဒေ) ကို  ဆန့် ကျင် ချိုး ဖောက်ပြီး မလုပ်သင့်တဲ့ အပြုအမူ ကိုလုပ်ခဲ့တဲ့ အတွက် အခုလို ဖမ်းရတာလို့ ပြောခဲ့ပါတယ်။ဖမ်းဆီးခဲ့တဲ့ တီဟီရန် ဆိုက်ဘာရဲတပ်ဖွဲ့ရဲ့  အကြီးအကဲ ဖြစ်သူ Hossein Rahimi  က တော့ ဒီလို လုပ်ရပ် မျိုးကို ဆန့်ကျင် တယ်ဆိုပြီး ပြောခဲ့ပါတယ်။အီရန်လို နိုင်ငံ တွေမှာတော့ မိန်းမ နဲ့ ယောက်ျား နမ်း နေတဲ့ ပုံ တွေကို ၊ဘာသာ ရေး ဥ ပ ဒေကို ဆန့်ကျင်တဲ့ ပုံမျိုး တွေ လူမှု ကွန်ရက်စာမျက်နှာ ပေါ်မှာ တင်တာမျိုးကိုတောင်မှ တားမြစ် ထားတာ ပါ။

 

View this post on Instagram

 

Time for Adrenalin 💪. . “The harder the battle, the sweeter the victory” -Les Brown . #parkour #parkourlife #roofjump #parkourfail #freestyle #alirezajapalaghy #freerunning @alireza_japallaghy @alirezajapalaghy #علیرضا_جاپالاقی #علیرضا_چپلقی #علیرضا_جاپلقی #علیرضا_جپالقی #parkourgirl #علیرضا_جاپلقی #علیرضا_جاپالقی #علیرضا_جپالقی #alirezajapalaghi #alirezajapolghi #alireza_japalaghy #alirezajapalaghiy #تتلو #tataloo #علیرضا_پارکور #علیرضا_جاپلغی #علیرضا_چاپلقی #alireza_japologhi #علیرضاجاپلقی #علیرضاچپلقی #علیرضاچپقلی #علیرضاجپلقی #علیرضاپارکور #علیرضاجبلقی #علی_رضا_جاپلقی

A post shared by Alireza Japalaghy (@alireza_japallaghy) on

ရဲ ဖမ်းမခံရတုန်းက Alireza Japalaghy  က သူ့ရဲ့ IG မှာ သံသယ၀င်စရာ ကောင်းတဲ့ ဖုန်း ခေါ်ဆိုမှုတစ်ခု လက်ခံ ရရှိ ခဲ့ ကြောင်းဗီဒီယိုဖိုင် တင်လိုက်ပါသေးတယ်။နောက်တစ်နေ့မှာတော့ Japalaghy  အဖမ်းခံလိုက်ရတဲ့ အ ကြောင်း သူ့ရဲ့ အကို က Post တင်ခဲ့ပါတယ်။Islamic ၀တ်စားဆင်ယဉ်မှု ကန့်သတ် ချက်အရ ဆိုရင် အမျိုးသမီးတွေဟာ  အပြင်သွားရင် မျက်နှာ တစ်ခု ကိုပဲ ဖော်ပြီး ကျန်တဲ့ အစိတ်အပိုင်းတွေ ကို လုံခြုံ စွာ ၀တ်စားသွားလာရမယ်ဆိုတဲ့  သတ်မှတ် ချက် ရှိပါတယ်။

READ
ဓာတုလက်နက်နှင့်တိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားလေတပ်စခန်းကို အမေရိကန်တိုက်ခိုက်
Image:IG/Alireza Japalaghy

Alireza Japalaghy ကတော့ သူတို့ နိုင်ငံ အ နေနဲ့ ကြည့်ရင် ဖော် လွန်း ချွတ် လွန်းနေ တဲ့ အမျိုးသမီးတစ်ယောက် နဲ့ နမ်း နေတဲ့ ပုံ တွေ၊ ဖက် နေတဲ့ ပုံ တွေကို ဆိုရှယ်မီဒီယာ ပေါ် မှာ တင်ခဲ့ ပါတယ်။ သူ့ရဲ့ တကယ့် IG အ ကောင့်ကတော့  ကိုယ်တိုင်ပဲDelete လုပ်ထားတာလား၊Delete လုပ်ခံ လိုက်ရတာ လား တော့ မသိ ပေမယ့် လက်ရှိမှာ တော့ မရှိတော့ပဲ သူ့ကို အားပေးတဲ့ Fan အ ကောင့် တွေ ပဲ ကျန် တာကို တွေ့ ရပါတယ်။

#SHWEMOM

SHARE