တရားခံရဲ့ ဆံပင်ပုံစံကို လူတွေက နောက်ပြောင်လို့၊ တင်ထားတဲ့ပို့စ်ကို ဖျက်ခဲ့ရတဲ့ ရဲတပ်ဖွဲ့

Gwent Police Station/FB

မကြာသေးခင်က အင်္ဂလန်နိုင်ငံမှာရှိတဲ့ Gwent Police ကနေ ထုတ်ပြန်တဲ့ တရားခံပုံဟာ အများပြည်သူကြားမှာ စနောက်စရာပုံစံ ဖြစ်ခဲ့လို့၊ ရဲတပ်ဖွဲ့က အဲဒီ Post ကိုပြန်လည် ဖျက်သိမ်းခဲ့ရကြောင်း သိရပါတယ်။ အစတုန်းကတော့ ရဲတပ်ဖွဲ့က Troll တဲ့သူတွေကို တရားစွဲမယ်ဆိုက စွဲလို့ရကြောင်း ခြိမ်းခြောက်ခဲ့ပေမယ့်၊ ဘယ်သူကမှ လိုက်နာခြင်း မရှိခဲ့ပါဘူး။

သူတို့ဟာ မူးယစ်နဲ့ပတ်သက်တဲ့အမှုမှာ ဆက်နွှယ်နေသူလို့ ယူဆရတဲ့ တရားခံရဲ့ပြစ်မှုမှတ်တမ်းကို ထုတ်ပြန်ရာမှာ အများရယ်စရာ ဖြစ်ခဲ့ပြီး၊ Troll သူတွေက တရားခံရဲ့ ရယ်စရာနဖူးပြောင်ပြောင်နဲ့ ဆံပင်ပုံစံကို ဟာသလုပ်ခဲ့တာ ဖြစ်ပါတယ်။ မှတ်ချက်ရေးသူတွေကို ရဲတပ်ဖွဲ့က အမှုဖွင့်ခံရနိုင်ကြောင်း ပြောသော်လည်း၊ မအောင်မြင်ခဲ့ပါဘူး။

Gwent Police Station/Facebook

အဲဒီ ပို့စ်နဲ့ပတ်သက်လို့ ပြန်လည်မျှဝေသူပေါင်း (၁၄၀၀၀)အထိ ရှိခဲ့ပြီး၊ မှတ်ချက်ရေးသူကတော့ (၈၄၀၀၀)အထိ ကြောက်ခမန်းလိလိ ရရှိခဲ့တာ ဖြစ်ပါတယ်။ လူတွေကလည်း သူတစ်ဖက်သားကို ကြံကြံဖန်ဖန် ကဲ့ရယ်ရာမှာ အတော်လေး ဉာဏ်ပြေးသူတွေ ဖြစ်တဲ့အတိုင်း မှတ်ချက်တစ်ခုမှာတော့-

“ ဒီလူဟာ အိမ်ကနေ (၇.၃၀)နာရီမှာ ထွက်တယ် … ဒါပေမယ့် သူ့ ဆံပင်တွေက (၇.၄၅)မှ အပြင်ကို ရောက်တာ”လို့ နောက်လန်နေတဲ့ ဆံပင်တွေနဲ့ပတ်သက်ပြီး လှတောသား ဆန်ဆန်နောက်ပြောင်ခဲ့တာပါ။ တစ်ယောက်ကတော့ “သူ့ကို မြို့ထဲမှာ သိပ်မတွေ့ရဘူး .. ရဲတွေက အဲဒီနေရာကို ဘီးစိပ်တိုက်နေကြပြီ ”လို့ ရေးသားခဲ့ပါတယ်။

Gwent Police Station Facebook

အခြားတစ်ယောက်ကတော့ “သူ့ကို လွှတ်မယ့်နေ့ကို ဆံပင်တွေထက် နည်းနည်းစောပြီး ကြိုပြောထားရမယ် … ဒါက သူ့အတွက် အလုပ်ဖြစ်မယ် ”လို့ ရေးသားခဲ့ပါတယ်။ မှတ်ချက်ပေါင်း (၈)သောင်းလောက်ကို တစ်ခြားလူတွေက တကူးတက ဝင်ဖတ်ပြီး ခွီးနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နောက်ဆုံးတော့ ရဲတွေက လက်လျှော့ပေးလိုက်ရကြောင်း newzelandherald သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လင်းသူရိန်

SHARE