ခရစ္စမတ်ဖိုးဖိုးကြီး အယောင်ဆောင်ပြီး တရားခံနေအိမ်ကို ဝင်စီးခဲ့တဲ့ ပီရူးရဲတပ်ဖွဲ့

[email protected]ía Nacional del Perú

ဇာတ်ကားတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေက လူဆိုးတွေရဲ့ နေအိမ်ကို ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးတဲ့ မြင်ကွင်းကို တော်တော်များများ မြင်ဖူးကြမှာပါ။ အဲဒီအချိန်မှာ လူဆိုးတွေကလည်း ရဲတွေမှန်း ရုတ်တရက် သိလိုက်ပြီး ခုခံပြီး သေနတ်တွေနဲ့ တဒိုင်းဒိုင်း ပစ်ခတ်တဲ့ ဇာတ်ဝင်ခန်းမျိုးက တော်တော်လေးကို ကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ အဖြစ်အပျက်ကတော့ တရာခံနေအိမ်ကို ဝင်စီးနေကြပုံစံမျိုးမဟုတ်ပဲနဲ့ ဝင်ဖမ်းတဲ့ ပုံစံတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ လူဆိုးတွေအိမ်ကို ခရစ္စမတ်ဖိုးဖိုးကြီးလို ဟန်ဆောင်ပြီး ရုတ်တရက်ဝင်စီးနင်းခဲ့တာကြောင့်ဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-Free-Photos

အဆိုပါ အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ပီရူးနိုင်ငံ၊ Lima မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ Peruvian National ရဲတပ်ဖွဲ့မှာ အလိုရှိနေတဲ့ မူးယစ်တရားခံတွေ ပုန်းခိုနေကြောင်း သတင်းရခဲ့ပါတယ်။ ဒါ့ကြောင့် ဒီအတိုင်းဝင်သွားရင် ရဲတွေမှန်းသိပြီး လူမြင်ကွင်းမှာ ပစ်တာခတ်တာတွေ မဖြစ်စေချင်တာကြောင့် ခရစ္စမတ်ဖိုးဖိုးကြီးနဲ့ နတ်သူငယ်လေးပုံစံ ဝတ်စားခဲ့ကြပါတယ်။ အဆိုပါ နေအိမ်အရောက်မှာတော့ ကားပေါ်တွေကနေ ရုတ်တရက်ခုန်ဆင်းခဲ့ကြပြီး တံခါးဖျက်ကာ နေအိမ်ထဲကို ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။

READ
လူကြီးပုံသဏ္ဍာန် ဖြစ်လာခဲ့ပြီဖြစ်တဲ့ Donald Trump ရဲ့ သားချောလေး Barron
[email protected]ía Nacional del Perú

လူဆိုးတွေဟာလည်း ရုတ်တရက်ကြောင်သွားတာကြောင့် ခုခံချိန်မရလိုက်ပဲ အလွယ်တကူဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမျိုသား ၄ ယောက်ကို ဘိန်းဖြူထုပ် ၁,၁၈၇ ထုပ်၊ ဆေးခြောက် ၁၆၆ ထုပ်၊ .၃၈ ပစ္စတိုတစ်လက်ကို ကျည်ဆန် ၅ ထောင့်နဲ့အတူတူ သိမ်းဆည်းရရှိခဲ့မိပါတယ်။ အဆိုပါ ဖြစ်စဉ်မှာ ဘယ်သူမှထိခိုက်ဒဏ်ရာ ရရှိတာမျိုး မရှိခဲ့ပါဘူး။ ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသား ၄ ယောက်ကတော့ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အတွင်း ပြစ်ဒဏ်ခံရမှာဖြစ်ကြောင်း သိရပါတယ်။

Pixabay-111213

Pyi Hein Kyaw

SHARE