အဓိကရုဏ်းကိစ္စတွေကိုင်တွယ်ရတဲ့ ရဲကြီးတွေတောင်အလေးထားခဲ့ရတဲ့ ပုဂ္ဂိုလ်လေးများ

ဂျပန်နိုင်ငံက ရဲတွေထဲမှာ ကီဒိုတိုင်အမည်ရတဲ့ ဌာနတစ်ခုရှိပါတယ်။ ၄င်းဌာနက ရဲတွေဟာဆိုရင် နိုင်ငံတွင်း အဓိကရုဏ်းဖြစ်တဲ့အခါ တာဝန်ယူဖြေရှင်းရတဲ့ ရဲတွေ ဖြစ်ပါတယ်။ တစ်နေရာမှာ ပြဿနာဖြစ်ပြီလို့ ဆိုတာနဲ့ ထိုနေရာဆီ ရဲအင်အားသုံးဝင်ရောက်ပြီး တည်ငြိမ်အေးချမ်းမှုရရှိအောင် လုပ်ဆောင်ရတာဖြစ်လို့ သိမ်မွေ့နူးညံ့မှုမရှိနိုင်ဘူးလို့ အကြမ်းအားဖြင့် မှတ်ယူလို့ရမယ် ထင်ပါတယ်။

တစ်နေ့မှာတော့ ဂျပန်လူမျိုး တွစ်တာအကောင့် @sibaken_games အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ Lawson အမည်ရတဲ့ စတိုးဆိုင်တစ်ဆိုင်ရှေ့မှာ အဓိကရုဏ်းဖြစ်တဲ့အခါ ထိန်းသိမ်းကြပ်မတ်ရတဲ့ ရဲသားကြီးတွေကို တွေ့လိုက်ရပါတယ်။ သူထင်လိုက်တာက အရေးကြီး ပြဿနာတစ်ခုခုတော့ ဖြစ်နေပြီပေါ့။ ဒါပေမယ့် ရဲသားကြီးတွေ အလုပ်ရှုပ်ရတဲ့အကြောင်းရင်းကို သေချာလိုက်ကြည့်တဲ့အခါမှာတော့ သူဟာ ထူးခြားတာလေးတစ်ခုကို တွေ့လိုက်ရပါတယ်။

twitter

အဲဒါကတော့ ရဲကြီးတွေက ကားလမ်းမပေါ်မှာ ယောင်လည်လည်ဖြစ်နေတဲ့ မိသားစုလေးတစ်စုကို ထိန်းသိမ်းလမ်းညွှန်ပေးနေတာပါ။ မိသားစုလေးက ဘဲမေမေကြီး ဦးဆောင်လာတဲ့ မိသားစုလေး ဖြစ်ပါတယ်။ ဘဲမေမေကြီးနဲ့ ဘဲသားပေါက်လေးတွေက သူတို့နားလူတွေရောက်လာတော့ ဟိုသွားရမလို ဒီသွားရမလိုနဲ့ ဖြစ်နေတာပါ။

READ
ငယ်စဉ်တည်းက အမြင်အာရုံဆုံးရှုံးခဲ့ပေမဲ့ အတော်ဆုံးဘဲလေးကချေသည်ဖြစ်လာတဲ့ အလစ်ရှာအလွန်ဆို

ရဲသားကြီးတွေဟာ စိတ်ရှည်လက်ရှည်နဲ့ ဘဲမေမေကြီးနဲ့ ဘဲသားလေးတွေကို နူးညံ့သိမ်မွေ့စွာနဲ့ လမ်းပြပေးခဲ့ပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်တွေကိုင်ပြီး ဘဲမိသားစုကို ယာဉ်ဘေးလွတ်တဲ့ နေရာဆီ ပို့ပေးဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ လက်ရှိနေရာက စမ်းချောင်းတစ်ခုနဲ့ မဝေးတာမို့ သူတို့ကို စမ်းချောင်းလေးဆီ ရောက်အောင် ပို့ပေးဖို့ ရဲကြီးတွေက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရဲသားကြီးတွေရဲ့ အကူအညီသာ မပါဘူးဆိုရင်တော့ ကားပါကင်မှာ လျှောက်သွားနေတဲ့ ဘဲပေါက်လေးတွေအဖို့ အန္တရာယ်များလှပါတယ်။ အခုတော့ ကြင်နာတတ်တဲ့ ရဲသားကြီးတွေနဲ့ အကူအညီနဲ့ ဘဲသားအမိဟာ ဘေးလွတ်ရာဆီ ခိုလှုံနိုင်ခဲ့တာကို soranews24 မှာ အခုလို တွေ့ရပါတယ်။

လင်းလင်း (ShweMom)

SHARE