ရဲလက်က လွတ်အောင် ပုန်းနေရင်း အီးပေါက်တာထိန်းမရခဲ့လို့ ထောင်နန်းစံခဲ့ရတဲ့အမျိုးသား

@SheriffClayCo/Twitter

ဒီသတင်းကိုတော့ Huffpost မှ ဇူလိုင်လ ၁၀ ရက်နေ့တုန်းက ဖော်ပြထားခဲ့တာပါ။ ကြည့်ရတာ တစ်ယောက်ယောက်ကတော့ အီးပေါက်ချင်တာ ထိန်းမနိုင်တော့တာကြောင့် ကံဆိုးသွာခဲ့ရပုံပါပဲ။

Clay County ရဲဌာနကနေပြီးတော့ ဇူလိုင်လ ၉ ရက်နေ့တုန်းက သူတို့ရဲ့ Twitter account မှာ ရယ်ရခက်၊ ငိုရခက်တဲ့ပိုစ့်တစ်ခုကိုတင်ထားခဲ့ပါတယ်။ အဲဒါကတော့ အဲဒီနေ့က Clay County ဌာနကနေပြီး တာဝန်ယူဖြေရှင်းခဲ့တဲ့ တရားခံပြေးကို ဖမ်းမိခဲ့တဲ့အကြောင်းလေးပါ။

 

ဖမ်းမိခဲ့တဲ့တရားခံရဲ့အကြောင်းအရာနဲ့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းတော့မရှိပါဘူး။ Post အရဆိုရင်တော့ Clay County ရဲဌာနကို တရားခံဖမ်းပေးဖို့အတွက် အမှုတစ်ခုလာတိုင်ကြားလို့ တရားခံလိုက်ဖမ်းရာ တရားခံမှာ ပုန်းနေတဲ့အတွက် ရှာမရဘဲ အခက်တွေ့နေခဲ့ပါတယ်။ အဲဒီအချိန်မှာ ရုတ်တရက် အသံတစ်သံကြားခဲ့ရပြီး အနံ့တစ်ခုပါတပြိုင်နက် ရှူမိတဲ့အတွက်ကြောင့် သတိဝင်လာခဲ့ပြီး အသံကြားရာနေရာကို သွားဖမ်းခဲ့ပါတယ်။

READ
ထပ်တူညီတဲ့ချစ်ခြင်းမေတ္တာတရားတွေနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ မျက်လှည့်ဆရာစုံတွဲ

တကယ်တော့အဲဒီအမျိုးသားဟာ ပုန်းနေရာမှ အီးပေါက်ချင်စိတ်ကိုလုံးဝထိန်းမရဘဲ အီးပေါက်မိသွားတဲ့အတွက်ကြောင့် ရဲတွေဟာပုန်းနေတဲ့နေရာကိုသိသွားပြီး အဖမ်းခံခဲ့ရတာပါတဲ့။

Penny

 

SHARE