COVID 19 ဗိုင်းရပ်စ်ပုံစံ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး အသိပညာပေးခဲ့တဲ့ အိန္ဒိယရဲသားကြီး

Chennai Police Department

လက်ရှိဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါဟာ တစ်ကမ္ဘာလုံးကြောက်လန့်နေရတဲ့ ကပ်ရောဂါဆိုးကြီးတစ်ခုပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ဒီCOVID 19 ကူးစက်ရောဂါဟာ အာရှနိုင်ငံတွေသာမက အနောက်ဥရောပနိုင်ငံကြီးတွေကိုပါ ကူးစက်ပျံ့ပွားနေတဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကာကွယ်ဆေးမပေါ်သေးတာကြောင့် အကောင်းဆုံးကာကွယ်ရန်နည်းလမ်းကတော့ အိမ်ထဲမှာပဲနေပြီး ရောဂါပြန့်ပွားမှုနှုန်းကို ထိန်းချုပ်တာပဲ ဖြစ်ပါတယ်။

Twitter/Chennai Police Department

အခုလည်း အိန္ဒိယနိုင်ငံ၊ Chennai မြို့ရှိ ရဲသားတွေကတော့ အိန္ဒိယပြည်သူတွေကို အိမ်ထဲမှာပဲနေဖို့ အမိန့်ထုတ်ပြန်ပြီးနောက် တစ်ချို့အပြင်ထွက်လာတဲ့သူတွေကို COVID 19 ဗိုင်းရပ်စ်ပုံစံ ဆိုင်ကယ်ဦးထုပ်ကြီးဆောင်းကာ အသိပညာပေးမှုများ ပြုလုပ်နေကြောင်း ANI News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒီလို COVID 19 ဗိုင်းရပ်စ်ပုံစံဦးထုပ်ကို တီထွင်ခဲ့တဲ့သူကတော့ Gowtham လို့ အမည်ရတဲ့ လက်မှုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ “ အိမ်မှာနေနေတုန်း ဆိုင်ကယ်ဦးထုပ်တစ်လုံးတွေ့တာနဲ့ ဒီလိုလုပ်ဖို့ အကြံရသွားတာပါ။ ဒီလိုဦးထုပ်ဆောင်းပြီး လမ်းမပေါ်ထွက်လာတဲ့လူတွေကို အသိပညာပေးရင်ကောင်းမယ်ထင်လို့ COVID 19 ပုံစံ ဦးထုပ်လုပ်ပြီးပြီးချင်း ရဲတွေကို ပေးခဲ့တာပါ” လို့ Gowtham က ပြောကြားခဲ့ပါတယ်။

READ
အိမ်ထောင်သက်၆နှစ်ကျော်မှ အရင်ကယောက်ျား၁၀၀၀ခန့်နှင့်အိပ်ခဲ့ဖူးကြောင်းဖွင့်ဟခဲ့တဲ့ဇနီး
Twitter/Chennai Police Department

“ လူတွေကတော့ လမ်းပေါ်တွေထွက်နေတုန်းပါပဲ။ တစ်ချို့မြို့တွေမှာ အပြင်ထွက်လာတဲ့ လူတွေကို ရဲတွေက တုတ်နဲ့ ရိုက်ကြတယ်။ ဒီမှာတော့ အဲဒီစနစ်မကျင့်သုံးသေးဘူး။ အခုလမ်းပေါ်ထွက်လာတဲ့လူမှန်သမျှကို COVID 19 ပုံစံဦးထုပ်ကြီး ဆောင်းပြီး ဒီရောဂါရဲ့ အကြောင်းကို အသိပညာပေးတာတွေ၊ ဘယ်လောက်ကြောက်ဖို့ကောင်းကြောင်းတွေကို ကျွန်တော်တို့ ရဲတပ်ဖွဲ့က ၂၄ နာရီ ၇ ရက်လုံး လုပ်ဆောင်နေပါတယ်” လို့ Chennai ရဲအရာရှိ Rajesh Babu က ပြောကြားခဲ့ပါတယ်။

Twitter/Chennai Police Department

Pyi Hein Kyaw

SHARE