ကိုယ်လိမ်းပေါင်ဒါကို ကိုကင်းပေါင်ဒါနဲ့မှားပြီး ဂျေးအောင်းခဲ့ရတဲ့ကောင်မလေးတို့စုံတွဲ

Facaebook- Stanley Paruntu

The New Paper မှာ ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်အရ နောက်ဆို ပေါင်ပွန်းတတ်လို့ ပေါင်ဒါမှုန့်ဆောင်ထားရင်တောင် သတိထားရမယ့်သဘောမှာရှိတယ်။ ဘာကြောင့်ဆို ရဲတွေက ကိုယ်လိမ်းပေါင်ဒါမှုန့်နဲ့ ကိုကင်းပေါင်ဒါမှုန့်နဲ့မှားပြီး ကောင်မလေးတစ်သိုက်အဖမ်းခံခဲ့ရပါတယ်တဲ့လေ။

မနေ့တုန်းက Sharonia Paruntu ဆိုတဲ့ Instagram account ပိုင်ရှင်မိန်းကလေးဟာ သူမရဲ့တစ်ညတာဖြစ်ပျက်ခဲ့တဲ့ အံ့သြစရာအတွေ့အကြုံကို တင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စင်္ကပူမှ အရာရှိတွေကတော့ အခုလိုပဲပြောပြလာခဲ့ပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့၊ ည ၉ နာရီ ၂၉ မိနစ်တုန်းက သူတို့ဆီကို W Singapore ဆိုတဲ့ ဟိုတယ်မှ ဖုန်းဆက်လာခဲ့ပါတယ်တဲ့။ အခန်းနံပါတ်ဘယ်လောက်မှာ မူးယစ်ဆေးသုံးနေတဲ့ အုပ်စုတစ်စုရှိတယ်ဆိုပြီး အကြောင်းကြားတဲ့ဖုန်းတစ်ခု လက်ခံရရှိမိခဲ့ပါတယ်။

Facaebook- Stanley Paruntu
Facaebook- Stanley Paruntu

ဒါကြောင့် သူတို့အနေနဲ့ ဟိုတယ်ကို လိုက်သွားခဲ့ပြီး ဟိုတယ်ညွှန်တဲ့အခန်းထဲလည်း စီးဝင်လိုက်ရော အခန်းထဲမှာ ဆယ်ကျော်သက်မိန်းကလေးတွေအုပ်စုတစ်စုကို တွေ့ခဲ့ရပါတယ်တဲ့။ နောက် အခန်းထဲကို ပိုပ်စိပ်တိုက်ရှာဖွေခဲ့တဲ့အချိန်မှာတော့ အဖြူရောင်မှုန့်တချို့ထည့်ထားတဲ့ ပလတ်စတစ်အိတ်တစ်အိတ်ကို တွေ့ခဲ့ရပါတယ်။ ဒါနဲ့ သံသယရှိတဲ့အတွက် အဖြူမှုန့်ထုပ်ကို သက်သေခံပစ္စည်းအဖြစ် ယူဆောင်ကာ ကောင်မလေးတွေကိုတော့ ခတ္တထထိန်းသိမ်းခဲ့ပါတယ်တဲ့။

ဒါပေမဲ့ အဖြူမှုန့်ကို ဓတ်ခွဲစစ်ဆေးဖို့အတွက် အချိန်က ၁ ရက်နီးပါးလောက်ကြာတဲ့အတွက်ကြောင့် ကောင်မလေးတွေကို သက်ဆိုင်ရာရဲစခန်းမှာပဲ ဓာတ်ခွဲခန်းရလဒ်မထွက်ခင် အချိန်အထိ ၂၄ နာရီပြည့်အောင် ထိန်းသိမ်းထားခဲ့ပါတယ်တဲ့လေ။

READ
တော်ဝင်မင်္ဂလာပွဲမှာ လူအများကြားထဲ ထူးခြားစွာထင်ပေါ်နေခဲ့တဲ့ ဒိုင်ယာနာရဲ့တူမ

တကယ်အဖမ်းခံရတဲ့ ကောင်မလေးဖက်က ပြောခဲ့တာကတော့ သူမတို့သူငယ်ချင်းတစ်သိုက်ဟာ ညဖက်အပြငထ်ထွက်ပြီး အိမ်မပြန်ချင်တော့တာကြောင့် ဟိုတယ်ခန်းအတွင်းစုကာ ညအိပ်မလို့လုပ်ခဲ့ကြတာပါ။ အသက် ၁၈ နှစ်မှ ၁၉ နှစ်ကြား ယောက်ျားလေး ၁ ယောက်၊ သူမအပါအဝင် မိန်းကလေး ၃ ယောက် စုစုပေါင်း ၄ ယောက်ပေါ့။

ဟိုတယ်ခန်းလည်းယူပြီးရော နားနားနေနေနေတုန်း ရုတ်တရက်ဆိုသလို အခန်းတံခါးဖွင့်ကာ လူအုပ်ကြီးတစ်အုပ်ဝင်လာခဲ့ပါတော့တယ်။ ကြည့်လိုက်တော့ ရဲတွေ၊ ဟိုတယ်လုံခြုံရေးတွေ အများကြီးပဲတဲ့။ နောက် သူတို့ကို ရုတ်တရက် လက်ထိပ်ခတ်တဲ့သူကခတ်၊ ချုပ်တဲ့သူကချုပ်နဲ့လုပ်ခဲ့ကာ အခန်းကိုလည်း မွှေနှောက်ရှာဖွေကြပါတော့တယ်တဲ့။ နောက်တော့ ပစ္စည်းတစ်ခုကို တွေ့သွားခဲ့ဟန်တူပါတယ်။

Facaebook- Stanley Paruntu

နောက်ဆုံးမှာတော့ ၄ ယောက်စလုံးကို ဟိုတယ်ထဲကနေ ရဲကားထဲအထိ လက်ထိပ်ခတ်လျက်ကြီးနဲ့ခေါ်သွားခဲ့တာပါ။ စခန်းရောက်တော့လည်း ညင်ညင်သာသာမဆက်ဆံဘဲနဲ့ အချုပ်ခန်းထဲမှာ ပစ်ထားခဲ့ကြပါတယ်တဲ့။ အချိန်ကညကြီးဖြစ်တဲ့အတွက်ကြောင့် အိပ်ချင်နေပေမယ့်လည်း အိပ်စရာရယ်လို့ မယ်မယ်ရရမရှိဘဲ ကြမ်းပြင်ပေါ်မှာ ဒီအတိုင်း အိပ်ခဲ့ရပါတယ်တဲ့လေ။ နောက်တစ်နေ့မှာလည်း တစ်နေ့လုံးနေမှ ထမင်းတစ်နပ်ပဲကျွေးခဲ့ပါတယ်တဲ့။

Sharonia ပြောခဲ့တာက သူမအိမ်ကခွေးတောင် အိပ်ယာနဲ့ တစ်နေ့ထမင်း ၃ နပ်စားရပေမယ့် သူတို့ခင်ဗျာမှာတော့ ဖတ်ရတဲ့အတိုင်းပါပဲတဲ့လေ။ ည ၁၀ နာရီလောက်မှာ အဖမ်းခံခဲ့ရပေမယ့် ဓာတ်ခွဲခန်းအခြေရတော့ နောက်တစ်နေ့ ညသန်းခေါင် ၁ နာရီလောက်ရှိနေပါပြီတဲ့။ ဒါပေမဲ့ ဓတ်ခွဲခန်းအဖြေမှာတော့ အဖြူမှုန့်တွေဟာ ကိုကင်းမှုန့်မဟုတ်ဘဲ သူမတို့ထွက်ဆိုထားခဲ့သလို ကိုယ်လိမ်းပေါင်ဒါမှုန့်တွေဖြစ်နေတယ်ဆိုတာ အပြတ်အသတ်ရလဒ်ထွက်လာခဲ့ပါတော့တယ်။

READ
သွေးကင်ဆာကိုသုံးကြိမ်တိုင်တိုက်ခိုက်ခဲ့ပြီး ကွယ်လွန်သွားတဲ့သုံးနှစ်အရွယ်ကလေးငယ်

ဒါနဲ့ပဲ ၁ နာရီ ၄၃ မိနစ် သန်းခေါင်ယံအချိန်မှာ ပြန်လွတ်လာခဲ့ပါတယ်တဲ့။

ဒီမီးကိုစမွှေးခဲ့တာကတော့ ဟိုတယ်ဝန်ထမ်းထဲက တစ်ယောက်ပါ။ အကြောင်းက သူမတို့သူငယ်ချင်းတစ်သိုက် ဟိုတယ်မှာနေနေတုန်း သူငယ်ချင်းနှစ်ယောက် ရေချိုးခန်းထဲမှာ ပိတ်မိနေခဲ့ကြပါတယ်တဲ့လေ။ ဟိုတယ်တံခါးကမကောင်းလို့ လော့ဘယ်လိုမှ ပြန်ဖွင့်မရတာနဲ့ပဲ ဆောင့်တွန်းလိုက်လို့ ကွဲသွားခဲ့တဲ့အတွက် ဟိုတယ်ဝန်ထမ်းကိုခေါ်ခဲ့ရပါတယ်တဲ့။ ဟိုတယ်ဝန်ထမ်းရောက်လာတဲ့အချိန်မှာတော့ စားပွဲပေါ်မှာတင်ထားတဲ့ မိန်းကလေးတွေရဲ့ ပေါင်ဒါအမှုန့်ကို တွေ့ကာ အံ့အားသင့်သွားခဲ့တာကိုတော့ သူမတို့သူငယ်ချင်းတွေ သတိထားမိခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလိုဖြစ်မယ်လို့တော့ ဘယ်ထင်မလဲနော်။

Facaebook- Stanley Paruntu
Facaebook- Stanley Paruntu

ရဲတွေသက်သေအဖြစ် ယူသွားတဲ့ပေါင်ဒါမှုန့်ကတော့ မိန်းကလေးတွေ ချိုင်းချွေးနံ့မနံအောင် အသုံးပြုတဲ့ ကိုယ်လိမ်းပေါင်ဒါမှုန့်ပါတတဲ့။

KASIHAN ANAKKU BIRTHDAYNYA DI KANTOR POLISI POLISI DI JAIL !!! Sebab HOTEL W SENTOSA singapore membuat laporan anakku…

Posted by Stanley Paruntu on Monday, 11 November 2019

Penny

SHARE