ရုပ်ရှင်ထဲက ရဲအရာရှိ ပုံစံအတိုင်း စတန့်လိုက်လုပ်ခဲ့လို့ ဒဏ်ရိုက်ခံခဲ့ရတဲ့ ရဲအရာရှိ

[email protected] Singham

Bollywood ဇာတ်ကားပရိသတ်မှန်ရင် Singham ဇာတ်ကားကိုတော့ တော်တော်များများကြည့်ဖူးကြမှာပါ။ Bollywood ရဲက နာမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ Ajay Devgn ကတော့ အဆိုပါဇာတ်ကားထဲမှာ သူရဲကောင်းရဲအရာရှိဖြစ်တဲ့ Singham လို့ အမည်ရတဲ့ ဇာတ်ဆောင်နေရာက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Bollywood ဇာတ်ကားတွေထဲမှာ တော်တော်ကြည့်လို့ အကောင်းဆုံးဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

အဲဒီဇာတ်ကားထဲက ဇာတ်ဝန်ခန်းတစ်ချို့မှာ ရဲ့အရာရှိ Singham လူဆိုးတွေနဲ့ ချခါနီးဆိုရင် ကားနှစ်စီပေါ်မှာ မတ်တပ်ရပ်ပြီး လာလေ့ရှိပါတယ်။ ဒီဇာတ်ဝင်ခန်းထဲကအတိုင်း အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်က ရဲအရာရှိတစ်ယောက်ဟာ လိုက်လုပ်ခဲ့ပါသေးတယ်။

ဗီဒိယိုထဲမှာ တွေ့ရတဲ့အတိုင်း Manoj Yadav လို့အမည်ရတဲ့ ရဲအရာရှိဟာ ကားနှစ်စီးပေါ်မှာ မတ်တပ်ရပ်ပြီး ကားနှစ်စီးလုံးကို မောင်းခိုင်းခဲ့ပါတယ်။ နောက်ခံတီးလုံးကလည်း Singham ဇာတ်ကားထဲက ဇာတ်ဝင်တီးလုံးနဲ့ လုံးဝကို တစ်ထပ်တည်းပါပဲ။ ဒါ့အပြင် Manoj ဟာ ဟန်ပါပါနဲ့ နေကာမျက်မှန်တစ်လက်တောင် အိပ်ကပ်ထဲက ထုတ်ပြီး တပ်လိုက်ပါသေးတယ်။

READ
အချင်းချင်းဆေးထိုးကြမ်းသော တိရစ္ဆာန်များ၏ရယ်စရာအခိုက်အတန့်များ
[email protected]@Supriya23bh

အဆိုပါရဲအရာရှိရဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်ပျံ့နှံ့ခဲ့တဲ့အပြင် လူတော်တော်အကြိုက်တွေခဲ့ကြသလို တစ်ချို့ကလည်း comment တွေမှာ အဆိုပါရဲအရာရှိကို Singham နဲ့တော်တော်ဆင်ကြောင်း မြှောက်ပင့်ခဲ့ပါသေးတယ်။ ဒါပေမယ့် သိပ်မကြာခင်အချိန်မှာပဲ အဆိုပါရဲအရာရှိကို သူ့ရဲ့အထက်အရာရှိက ရူပီး ၅၀၀၀ ဒဏ်ရိုက်ခဲ့ကြောင်း သိရှိရပါတယ်။

Pyi Hein Kyaw

SHARE