ရေနစ်ခါနီးအဘွားကို ရေတွင်းထဲခုန်ဆင်းပြီး ကယ်တင်ခဲ့တဲ့ ရဲအရာရှိလေး

twitter/sp_kri

မကြာသေးခင်တုန်းက အိန္ဒိယနိုင်ငံ Andhra Pradesh ပြည်နယ်နေ ရဲအရာရှိလေးတစ်ဦးဟာ အသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတစ်ဦးကို အသက်စွန့်ကယ်တင်ခဲ့ကြောင်း storypick သတင်းစာမျက်နှာအရ သိရပါတယ်။ အဆိုပါ ရဲအရာရှိလေးဟာ နှစ်ကြိမ်တောင်ပြန်မစဉ်းစားဘဲ ရေတွင်းထဲခုန်ဆင်းကာ ရေနစ်တော့မယ့် အဘွားရဲ့အသက်ကို ကယ်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါအဘွားကတော့ Vijayawada မြို့ Gudur ကျေးရွာနေ အသက် ၇၀အရွယ်အဘွားတစ်ယောက်ဖြစ်ပါတယ်။ ညလယ်ကောင်တစ်ခုမှာ ရဲအရာရှိ A Siva Kumar နဲ့ Shyam တို့ဟာ နေအိမ်ရေတွင်းထဲ အမျိုးသမီးကြီးတစ်ယောက် ပြုတ်ကျလို့ဆိုတဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ ရေတွင်းထဲကျနေတဲ့ အမျိုးသမီးကြီးကို အနီးနားရွာသားတွေက ကယ်တင်ဖို့ကြိုးစားခဲ့ပေမယ့် ရေတွင်းက မှောင်နေတဲ့အတွက် သေချာမမြင်ခဲ့ကြပါဘူး။

READ
စောင့်ရှောက်ရေးဂေဟာမှ သူငယ်ပြန်နေတဲ့အဖွားကို ညှဉ်းပန်းနှိပ်စက်ခဲ့သည့် သူနာပြု
twitter/sp_kri

ရဲအရာရှိလူငယ်တွေဟာ ချက်ချင်းပဲ မိနစ်ပိုင်းအတွင်း ရေတွင်းနေရာဆီရောက်အောင် သွားခဲ့ပါတယ်။ ဒီတော့မှ B Savritri အမည်ရတဲ့ ရေနစ်လုနီးဖြစ်နေတဲ့ အဘွားကိုကယ်တင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အဘွား B Savritri ကိုကယ်စဉ်မှာ အနီးမှာ ကြိုးလည်းမရှိ၊ လှေကားလည်းမရှိတဲ့အတွက် Siva Kumare ဟာ ရေတွင်းထဲကိုယ်တိုင်ခုန်ဆင်းပြီးကယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

twitter/sp_kri

“အဲ့ဒီအချိန် ကျွန်တော်တွေးတာတစ်ခုပဲရှိတယ်။ အဘွားကိုကယ်နိုင်ဖို့ပါ။ အဘွားရေမနစ်အောင်လို့ သူ့ကို ကျွန်တော့်ပေါင်ပေါ်မှာတင်ထားခဲ့တာ” လို့ Siva က ပြန်ဖြေခဲ့ပါတယ်။ ထို့နောက်မှာတော့ Siva နဲ့အဘွားတို့ကို Siva ရဲ့လုပ်ဖော်ကိုင်ဖက်ရဲတွေနဲ့ ရွာသားတွေစုပေါင်းပြီး ကြိုးနဲ့အပေါ်ဆွဲတင်ခဲ့ကြပါတယ်။ Siva ကတော့ ဒဏ်ရာနည်းနည်းပဲရခဲ့ပါတယ်။ ထို့နောက်မှာတော့ Siva ရော အဘွားပါ နှစ်ဦးစလုံးဆေးဝါးအကူအညီယူခဲ့ကြတယ်လို့လည်း သိရပါတယ်။

ShweMom

SHARE