အိမ်ယာမဲ့ ကလေးတွေကို တာဝန်အားချိန်တိုင်း အခမဲ့ စာသင်ပေးနေတဲ့ ရဲသားကြီး

[email protected]

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် စာသင်ကျောင်းတွေလည်း အခုထက်ထိကို ပိတ်ထားရတဲ့ အခြေအနေဖြစ်ပါတယ်။ စာသင်ကျောင်းတော်တော်များများဟာ Digital Learning ဖက်ကို ဦးတည်ပြီး သွားနေကြပေမယ့် ဒီသင်ကြားရေးစနစ်ဟာ ကလေးတိုင်း အဆင်ပြေနေတဲ့ သင်ကြားရေးစနစ်မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သာမန်လက်လုပ်လက်စား မိဘတွေရဲ့ သားသမီးတွေမှာ လက်တော့ပ်တွေ၊ စမတ်ဖုန်းတွေ မရှိလို့ပါပဲ။ အခုလည်း အိန္ဒိယနိုင်ငံက ရဲအရာရှိတစ်ဦးဟာ သူတို့မြို့မှာရှိတဲ့ ကလေးတွေကို နေ့စဉ်မနက်တိုင်း ဂျူတီအချိန်မတိုင်ခင်မှာ စာသင်ကြားပို့ချပေးနေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိပါ ရဲအရာရှိကတော့ အိန္ဒိယနိုင်ငံ၊ Bangalore မြို့ရှိ အသက် ၃၀ အရွယ် Shanthappa Jademmnavar လို့ အမည်ရတဲ့ ရဲအရာရှိပဲ ဖြစ်ပါတယ်။ Shanthappa ဟာ မနက်တိုင်း ၈:၃၀ ဆိုတာနဲ့ ဂျူတီဝင်ရပါတယ်။ ဒါပေမယ့် သူတို့ မြို့မှာရှိတဲ့ ကလေး အယောက် ၃၀ ကျော်ကို မနက် ၇ နာရီအတိဆိုတာနဲ့ လမ်းမပေါ်မှာ စာသင်ပေးကြောင်း သိရပါတယ်။ Shanthappa ဟာ ကလေးတွေကို သင်္ချာ၊ အထွေထွေဗဟုသုတနဲ့ ဘဝအတွက်အရေးပါတဲ့ သင်ခန်းစာတွေကို သင်ကြားပေးလျက် ရှိပါတယ်။ ကလေးတွေဟာလည်း Shanthappa သင်ကြားတာကို အလေးအနက်ထားပြီး လိုက်နားထောင်သလို Shanthappa ပေးတဲ့ အိမ်စာတွေကိုလည်း ပြီးအောင်လုပ်တာကြောင့် တစ်ခါတစ်လေကျရင် Shanthappa ဟာ ကလေးတွေကို ချောကလက်နဲ့ သကြားလုံးတွေကို ဆုအဖြစ်ပေးအပ်လေ့ရှိပါတယ်။

READ
Imagine Dragons အဖွဲ့ကတောင် ချီးကျူးခဲ့ရတဲ့ ကျောင်းသူလေးတွေရဲ့ ဂီတစွမ်းရည်

 

“ကျောင်းတွေပိတ်ပြီး Digital Learning စနစ်နဲ့ ကလေးတွေ စာစသင်တယ်ဆိုကတည်းက ကျွန်တော်မြို့မှာရှိတဲ့ ကလေးတွေကို ကျွန်တော်စပြီး စာသင်ပေးဖြစ်တာပါ။ Digital Learning စနစ်ဆိုတာဟာ ချမ်းသာတဲ့ မိသားစုနဲ့ အလယ်အလတ်တန်းစား မိသားစုမှာ မွေးဖွားလာတဲ့ ကလေးတွေပဲ တက်နိုင်တဲ့ ပညာရေးစနစ်တစ်ခုပါ။ ဒါဆိုရင် အခြေခံလူတန်းစားက မွေးဖွားလာတဲ့ ကလေးတွေက စာမသင်ရတော့ဘူးလား။ ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ကျောင်းတွေ ပြန်မဖွင့်မချင်း ကလေးတွေကို လမ်းပေါ်မှာပဲ စာသင်ပေးသွားမှာပါ” လို့ Shathappa က ပြောကြားခဲ့ပါတယ်။

READ
ဝေဟင်အမြင့် ပေသောင်းချီက လေထီးမပါပဲပြုတ်ကျပေမယ့် အသက်မသေခဲ့တဲ့အမျိုးသမီး

 

Pyi Hein Kyaw

SHARE