မူးယစ်ခေါင်းဆောင် အယ်ချာပိုရဲ့သားကို ဖမ်းဆီးခဲ့တဲ့ ရဲတစ်ဦး လူမဆန်စွာ လုပ်ကြံကွပ်မျက်ခံရ

Twitter/En Tres Palabras

မက္ကဆီကိုမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ မူးယစ်ဂိုဏ်းတွေရဲ့ သူတစ်လူ ငါတစ်မင်း ပြဿနာတွေဟာ ယနေ့အချိန်အထိ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ မက္ကဆီကိုမှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းလောက်ကပဲ မူးယစ်ရာဇဝတ်ဂိုဏ်းအချင်းချင်း မသင့်မြတ်၊ နယ်မြေလု တိုက်ပွဲတွေကြောင့် လူ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။

လောလောဆယ်တော့ မက္ကဆီကို မူးယစ်ရာဇဝတ်ဂိုဏ်းတွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ မူးယစ်ရာဇာ အယ်လ်ချာပိုဟာ ထောင်ဒဏ်နှစ်(၃၀) ချမှတ်ခံထားရပြီး၊ လုံခြုံရေးအထူးစီမံထားတဲ့ အကျဉ်းထောင်တစ်ခုမှာ သူရဲ့ မိုက်ပြစ်တွေကို ကျခံနေရပြီ ဖြစ်ပါတယ်။ သူဟာ အကြိမ်ကြိမ်ဖမ်းဆီးခံရပေမယ့်၊ အကြိမ်ကြိမ် လွတ်မြောက်ခဲ့သူပါ။ (၂၀၁၆)ခုနှစ်မှာ တတိယအကြိမ် ဖမ်းဆီးခံခဲ့ရပြီး၊ ထောင်ဒဏ်နှစ်(၃၀) ကျခံခဲ့ရပါတယ်။

Youtube/Fox10

မကြာသေးခင်က အယ်လ်ချာပိုရဲ့သားဖြစ်သူ Ovidio Guzman ကို အထူးရဲက ဖမ်းဆီးခဲ့ပါတယ်။ ဒီဖမ်းဆီးမှုကို Culiacan အာဏာပိုင်တွေက စီစဉ်ခဲ့တာဖြစ်ပြီး၊ အောက်တိုဘာ (၁၇)ရက်မှာတော့ တင်းမာလာတဲ့ ပဋိပက္ခတွေကြောင့် Sinaloa နယ်မြှော Ovidio ကို ပြန်ပြီးလွှတ်ပေးခဲ့ရပါတယ်။

Ovidio ကို ပြန်လွှတ်လိုက်တဲ့အတွက်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့လုပ်ရပ်ဟာ အလွန်ဒေါသထွက် ဝေဖန်စရာဖြစ်ခဲ့ပြီး၊ ဘာကြောင့်ပြန်လွှတ်လိုက်တယ်ဆိုတာကို ထုတ်ပြန်ရာမှာ အများပြည်သူ လုံခြုံရေးကို ရှေးရှုပြီး အခုလို ဆုံးဖြတ်ခဲ့ရတာလို့ ဆိုပါတယ်။

READ
အသက်(၆၂)မှာ တတိယကိုယ်ဝန် ဆောင်နိုင်ခဲ့တဲ့အမျိုးသမီး

ဒါပေမယ့် Ovidio ကို ဖမ်းဆီးခဲ့တဲ့ အထူးရဲတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ Eduardo အမည်ရ အသက်(၃၀)အရွယ် ရဲအရာရှိကတော့ လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ သူဟာ စူပါမားကတ်တစ်ခုအနီးက ကားပါကင်မှာ ကားရပ်နားစဉ်၊ အနီရောင်ကားကို စီးနင်းလာတဲ့ မူးယစ်ဂိုဏ်းအဖွဲ့ဝင်နှစ်ဦးက ဆီမီးအော်တိုမစ်တစ်ရိုင်ဖယ်တွေနဲ့ ကျည်ဘောက်အကုန်ဖွင့် ပစ်ခတ်သွားခဲ့တာပါ။

 

Eduardo ဟာ သေနတ်နဲ့ အချက်ပေါင်း (၁၅၅)ချက်အထိ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ မက္ကဆီကိုလုံခြုံရေးဝန်ကြီးရဲ့အဆိုအရတော့ ရာဇဝတ်ဂိုဏ်းသား(၄)ဦးကို အထူးရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး၊ အဲဒီဖမ်းဆီးမှုမှာလည်း ရာဇဝတ်ဂိုဏ်းသားတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလေးဦးထဲမှာ Ovidio လည်း ပါဝင်ခဲ့ပြီး၊ အမေရိကန်က သူ့ကို လွှဲပေးဖို့ စက်တင်ဘာ(၁၃)ရက်က တောင်းဆိုခဲ့သေးတယ်လို့ ဆိုပါတယ်။

 

အခုအခါမှာတော့ ရာဇဝတ်သမားတစ်ယောက်ကို အစိုးရက အကြောက်လွန်ပြီး ပြန်လွှတ်လိုက်ရသလို၊ မလိုအပ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုပ်ကြံခံရမှုကိုလည်း ဦးတည်စေခဲ့ပါတယ်။ သေဆုံးသူ Eduardo ဟာ (၂၀၁၃)ခုနှစ်မှာ ရဲအရာရှိ ဖြစ်လာခဲ့သူဖြစ်ပြီး၊ အများပြည်သူလုံခြုံရေးဌာနမှာ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီအမှုကို ရဲက စုံစမ်းနေဆဲပါဘဲ။

လင်းသူရိန်

SHARE