Sulli အလောင်း ရင်ခွဲစစ်ဆေးမှု ရလဒ် အဖြေကို ရဲတပ်ဖွဲ့ ထုတ်ပြန်

Image:IG/Sulli

Sulli နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းတွေ ကတော့ ဆက်တိုက်ဆိုသလို ထွက်ပေါ် လျက်ရှိပါတယ်။ Sulli ကတော့ ရုတ်တရက်သေဆုံးသွားရတာဖြစ်ပြီး သူမရဲ့  သေဆုံးမှု အမှန် တရားနဲ့ အကြောင်းအရင်းမှန်ကို  ရှာဖွေ နိုင်ဖို့ အတွက် အလောင်းကို ခွဲစိတ်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ရင်ခွဲစစ်ဆေးမှုကိုတော့ မိသားစုဝင်တွေရဲ့ သဘောတူညီမှုနဲ့ ဆောင်ရွက်ခဲ့တာပါ။Sulli ကိုတော့ သူမရဲ့ နေအိမ်မှာ  ကြိုးဆွဲချ သေဆုံးနေခဲ့တာကို တွေ့ရပြီး ရဲ တပ်ဖွဲ့ကလည်း ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ဆိုပြီး ကောက်ချက်ချ ကြေညာ ထားပြီးသားပါ။ဒါပေမယ့် အကြောင်းအရင်းကို ပိုပြီး အတိအကျ သိနိုင်ဖို့ ရင်ခွဲ စစ်ဆေးမှုကို လုပ်ခဲ့ပုံရပါတယ်။

 

View this post on Instagram

 

신메뉴 카레 샤부샤부🍜

A post shared by 설리가진리 (Sulli) (@jelly_jilli) on

လက်တလောမှာတော့ ပဏာမ ရင်ခွဲစစ်ဆေးမှု ရလဒ် အဖြေ ထွက်ပေါ် လာခဲ့ပါပြီ။ရဲတပ်ဖွဲ့က ရလဒ် အဖြေကိုတော့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။အသတ်ခံရပြီး သေဆုံးရတဲ့ လက္ခဏာမျိုး လုံးဝ မတွေ့ရပါဘူး လို့ ရဲ ဘက်က ပြောခဲ့ပါတယ်။အောက်တိုဘာ (၁၆)ရက်နေ့မှာတော့  Seongnam  ရဲတွေက ကိုရီးယားအမျိုးသား သိပ္ပံဆိုင်ရာ စုံစမ်းစစ်ဆေးမှု တက္ကသိုလ်မှာ ဒေသစံတော်ချိန် မနက် (၉)နာရီ ကနေ (၁၁) နာရီ အထိ အလောင်းကို ရင်ခွဲ စစ်ဆေးမှု လုပ်ခဲ့ပါတယ်။

READ
စိတ်ကူးထဲက ချစ်သူပုံစံကို ပြောခိုင်းတဲ့အခါ အပြန်အလှန်ရွေးခဲ့တဲ့ Yoo Seung Ho နဲ့ Kim So Hyun
Image:IG/Sulli
Image:IG/Sulli

ပြင်ပ တစ်စုံတစ်ရာရဲ့ ဖိအားပေးမှု(သို့)တွန်းအားကြောင့်၊တခြားပြင်ပ ပယောဂကြောင့်  သေဆုံးရတာမျိုး မတွေ့ရ ဆိုပြီး  အတည်ပြု လိုက်ပါတယ်။သူမနဲ့ ရင်းနှီးတဲ့ သူတွေ ဆီက ပြန်ကြားရတဲ့ Sulli ရဲ့ စိတ်ကျရောဂါ လက္ခဏာ တွေ အကြောင်းတွေကိုရော၊ရင်ခွဲ စစ်ဆေးမှုမှာ တွေ့ရတဲ့ လက္ခဏာ တွေ အရ Sulli ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင် ဖို့ ဆုံးဖြတ်ခဲ့တာလို့ ယုံကြည်လက်ခံခဲ့ကြပါတယ်။ဒါပေမယ့်   drug test တွေရဲ့ ရလဒ် ကတော့ မထွက်လာသေးပါဘူး။အဲ့ဒီရလဒ်ပါ ထွက်လာရင်တော့ ပိုပြီး ရှင်းလင်းတိကျတဲ့ အ ဖြေကို သိလာရမှာပါ။

Image:IG/Sulli
Image:IG/Sulli

Sulli ရဲ့ အလောင်းကိုတော့  သူမရဲ့  မန်နေဂျာက  အောက်တိုဘာ (၁၄)ရက် ကိုရီးယားစံတော်ချိန် ည နေ (၃)နာရီ (၂၁) မိနစ် တုန်းက သူမရဲ့ နေအိမ်မှာ  တွေ့ခဲတာပါ။သူမဟာ March 29, 1994 မှာ မွေးဖွားခဲ့ပြီး October 14, 2019 အသက် (၂၅)နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။

READ
လူပြောများနေတဲ့ နန်းမွေစံရဲ့ ကမ်းခြေဓါတ်ပုံများ
Image:IG/Sulli

Source:Koreaboo

SHARE