တစ်ရှူးဖာတွေအပြည့်တင်ထားတဲ့ ၁၈ ဘီးကားကြီးကို ကိုရိုလိုင်းနားမှာဖမ်းမိခဲ့တဲ့အဖြစ်

Pixabay- kaz, Facebook

အနောက်နိုင်ငံတွေမှာ တစ်ရှုးတွေရှားနေချိန်မှပဲ အမေရိကန်နိုင်ငံ၊ North Coarolina ပြည်နယ် ရဲတပ်ဖွဲ့ကတော့ တစ်ရှုးလိပ်ဖာတွေ အများကြီးတင်ထားတဲ့ ထရပ်ကားကြီးတစ်စင်းကို ဖမ်းဆီးရမိခဲ့ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Posted by Guilford County Sheriff's Office on Thursday, March 19, 2020

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ (၁၉.၃.၂၀၂၀) တုန်းက North Carolina ပြည်နယ်ရဲတပ်ဖွဲ့ဟာ Whitestt မြို့အနီး ကားလမ်းမတစ်ခုရှိ ထရပ်ကားပေါ်မှာ ပေါင် ၁၈,၀၀၀ ကျော် အလေးချိန်ရှိတဲ့ တစ်ရှုးလိပ်ပေါင်းများစွာကို ဖမ်းဆီမိရခဲ့ပါတယ်။ စက္ကူဖာတွေနဲ့ဆိုတော့ ဖာပေါင်း ရာကဏန်းလောက်ရှိမလားဘဲ၊ ကားကြီးကလည်း ၅၃ ပေရှည်ပြီး ၁၈ ဘီးပါရှိတဲ့ ထရပ်ကားကြီးဆိုတော့။ ကားမောင်းသမားကိုတော့ အဆိုပါထရပ်ကားကို တစ်နေရာကနေ ခိုးယူလာတယ်လို့ သံသယရှိမှုနဲ့ ဖမ်းဆီးထိန်သိမ်းထားပါတယ်။

READ
ဂိမ်းကုမ္ပဏီကနေ အလုပ်အပ်ရလောက်တဲ့အထိ ထူးခြားတဲ့အသံနဲ့ pug လေး
Pixabay-kropekk_pl

“ဖမ်းမိထားတဲ့ ကားမောင်းသမားကတော့ ဒီထရပ်ကားပိုင်ရှင် မဟုတ်သလို ထရပ်ကားဒရိုင်ဘာလဲ မဟုတ်ပါဘူး။ သူဒီထရပ်ကားကို တစ်နေရာရာကနေ ခိုးယူလာတယ်လို့ သံသယရှိတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့ သူ့ကားကိုတားပြီး စစ်ဆေးတဲ့အချိန်မှာ သူ့လိုင်စင်က ဒီထရပ်ကားမောင်းတဲ့ လိုင်စင်အမျိုးအစားမဟုတ်သလို ဒီကားနဲ့သူနဲ့ ဘယ်လို ပတ်သတ်ကြောင်း သက်သေတစ်ခုမှ မပြနိုင်ခဲ့ဘူး” လို့ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အခုထိတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားတဲ့သူနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို တရားဝင်ထုတ်ပြန်ထားခြင်းတော့ မရှိပါဘူး။

ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူ့အသုံးအဆောင်ပစ္စည်းတွေက စူပါမားကတ်တိုင်းမှာ ပစ္စည်းပြတ်သလောက်တွေ ဖြစ်နေပါပြီ။ အဲဒီလူ့အသုံးအဆောင်ပစ္စည်းတွေထဲမှာမှ တစ်ရှုးလိပ်တွေကတော့ အနောက်နိုင်ငံတော်တော်များများမှာ ပစ္စည်းတွေ ပြတ်သလောက် ဖြစ်နေပါပြီ။ ဒါ့ကြောင့် အခုအချိန်မှာတော့ တစ်ရှုးကတော့ တော်တော်ကို အရေးပါတဲ့ ပစ္စည်းတစ်ခုလို့တောင် လက်ရှိအချိန်မှာပြောလို့ရနေပါပြီ။

READ
သေဆုံးသွားတဲ့ သမီးကို သုံးပတ်အိမ်မှာထားရှိပြီး၊ အဝတ်လဲ ရေချိုးပေးခဲ့တဲ့ မိခင်

Pyi Hein Kyaw

SHARE