Seungri စစ်မှုထမ်းဖို့နဲ့ ပတ်သတ်ပြီး စစ်အုပ်ချုပ်ရေးက သတင်းထုတ်ပြန်

Seungri ကိုတော့ ရဲတွေက ထပ်ပြီးတော့ ဖမ်းဝရမ်းမလျှောက်ဖို့အတွက် ဆုံးဖြတ်လိုက်ပါပြီ။ ဘာကြောင့်လည်းဆိုတော့ နောက်ထပ် ဖမ်းဝရမ်းလျှောက်ဖို့က ခက်ခဲလို့ပါတဲ့။ Seungri ကို စစ်ဆေးနေတဲ့ အမှုကတော့ ဒီလအကုန်မှာ ပြီးမှာဖြစ်တယ်လို့လည်း သက်ဆိုင်ရာက ပြောကြားခဲ့ပါတယ်။

စစ်ရေးရာ အုပ်ချုပ်ရေးကတော့ Seungri ရဲ့ ရွှေ့ဆိုင်းထားတဲ့ စစ်မှုထမ်းရမယ့် အကြောင်းအရာနဲ့ ပတ်သတ်ပြီး အသိပေးခဲ့ပါတယ်။ “လတ်တလောမှာတော့ ဇွန်လ ၂၅ ရက်နေ့အထိ Seungri စစ်မှုထမ်းဖို့ကို ရွှေ့ထားတာဖြစ်ပါတယ်။ အဲဒီနေ့ကျော်သွားရင်တော့ စစ်ရေးရာအုပ်ချုပ်ရေးရုံးကနေ Seungri ဆီကို သတိပေးစားထပ်ပို့မှာဖြစ်ပါတယ်။ သတိပေးစာကို ရရှိပြီးရင်တော့ စစ်မှုထမ်းဖို့ကို ထပ်ပြီးတော့ ရွှေ့ဆိုင်းမှာလား၊မဆိုင်းဘူးလားဆိုတာကို Seungri ကဆုံးဖြတ်ရမှာဖြစ်ပါတယ်။

Source: Kstarlive

SHARE