ချေလွန်းတဲ့မျက်နှာပေးကြောင့် Instagram ပေါ်မှာ နာမည်ကြီးနေတဲ့ကြောင်လေး Albert

ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့အလုပ်ရှင်သဌေးလိုလို အိမ်ကြီးသခင်လိုလို ထင်ရမယ့် မျက်နှာဘေးနဲ့ကြောင်လေးပါ။

Instagram
Instagram

တကယ်တော့ ဒီကြောင်လေးရဲ့ ပင်ကိုမျက်နှာထားကိုက တစ်ခုခုကြောင့် စိတ်တိုနေသလိုလို၊ အလိုမကျသလိုလို၊ မကျေနပ်သလိုလို ဖြစ်နေတာပါ။

Instagram

ဒီမျက်နှာထားကြောင့်ပဲ Instagram ပေါ်မှာ follower (၂၂၅,၀၀၀) ကျော် ရှိသွားခဲ့တာပါ။

Instagram

ကြောင်လေးဟာ Selkirk Rex ဆိုတဲ့ အမွှေးကောက်ကောက်နဲ့ကြောင်အမျိုးအစားဖြစ်ပါတယ်။ နာမည်လေးကတော့ Albert ဖြစ်ပြီး ကမ္ဘာကျော်ဥာဏ်ကြီးရှုင် Albert Einstein ရဲ့နာမည်ကို မှီးပြီးမှည့်ထားတာဖြစ်ပါတယ်။ မီးခိုးရောင်နဲ့ အဖြူရောင်အမွှေးတွေကြောင့် Einstein ရဲ့ ဆံပင်ကို အမှတ်ရစေတာကြောင့် အခုလိုမှည့်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

Instagram

Albert ဟာ Mike နဲ့ Susan Singleton တို့ရဲ့ Utah, Salt Lake မြို့ရှိ ရုံးခန်းမှာ ခေါ်မွေးထားတဲ့ ကြောင်လေးပဲဖြစ်ပါတယ်။

READ
လွန်ခဲ့တဲ့(၁၀)နှစ်ကဝယ်ခဲ့တဲ့ နွယ်ပင်လေးကြောင့် နေချင့်စဖွယ်ရုံးခန်းလေးအဖြစ် အသွင်ပြောင်းခဲ့
Instagram
Instagram

Albert ဟာ အသက်အားဖြင့် (၁၀) နှစ်ရှိနေပြီဖြစ်တဲ့အတွက် ကြောင်သက်တမ်းအရ အသက်ကြီးပိုင်းထဲ တော်တော်လေးကိုရောက်နေပြီပဲဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားတဲ့ ရုပ်သွင်ပြင်ကြောင့် သူ့ပုံကိုအသုံးပြုပြီး အသုံးအဆောင်ပစ္စည်းတွေလည်း ထုတ်နေကြပြီဖြစ်ပါတယ်။

Instagram
Instagram

Source: The Sun

Penny

SHARE