နောက်ဆုံးပေါ် နည်းပညာတွေနဲ့ အမိုက်စား ထုတ်လုပ်ထားတဲ့ Pond Table

အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်မြို့မှာ ကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ နည်းပညာတီထွင်မှုပြပွဲ (CES 2019) မှာ အများနဲ့မတူ တစ်မူထူးခြားပြီး အရမ်းရေပန်းစားနေတဲ့ တီထွင်မှုတစ်ခု ရှိပါတယ်။ ဒါကတော့ Universal Space ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Pong Table ဆိုတဲ့ ကစားစရာတစ်ခုပါ။ ကြိုက်နှစ်သက်သူတွေ အများအပြားရှိသလို ဝေဖန်ရှုံချတဲ့သူတွေ အများအပြားရှိပြီး ပရိသတ်တွေကြားမှာ အငြင်းပွားနေရတဲ့ ပစ္စည်းတစ်ခုပါ။

Endgadget
Endgadget

Pong Table ဆိုတာ ကျွန်တော်တို့ ငယ်ငယ်က ဂိမ်းစင်တာတွေမှာ ကစားခဲ့တဲ့ စားပွဲတစ်ခုပေါ်မှာ အလယ်က အ၀ိုင်းလေးကို ဟိုဘက်၊ ဒီဘက် ရိုက်ပြီး ကစားရတဲ့ ကစားနည်းပါ။ အခုတော့ အဲ့ဒီကစားနည်းကို နောက်ဆုံး ပေါ်နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး Universal Space ကုမ္ပဏီက အမိုက်စား ထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။

စားပွဲရဲ့ အလယ်မှာတော့ စတုရန်းပုံစံ လေးထောင့်အတုံးလေးတစ်ခုကို ထည့်ထားပြီး တစ်ဖက်နဲ့တစ်ဖက်က အပြားလေးတွေနဲ့ အပြန်အလှန် ရိုက်ပြီး ကစားရမှာပါ။ ကစားသူရဲ့ ရိုက်ခတ်တဲ့ အပေါ်မူတည်ပြီး လေး ထောင့်တုံးလေးရဲ့ အရှိန်နဲ့ လားရာတွေက ပြောင်းလဲသွားမှာလည်း ဖြစ်ပါတယ်။ စားပွဲတစ်ခုလုံးကိုတော့ နောက်ဆုံးပေါ် သံလိုက်စက်ကွင်း နည်းပညာတွေနဲ့ ပြုလုပ်ထားတာဖြစ်လို့ အတုံးလေးရဲ့ ရွေ့လျားမှုဟာ အထူး ကောင်းမွန်နေမှာဖြစ်ပြီး ဒီ Pong Table ကို ကစားရာမှာလည်း အရမ်းမိုက်တဲ့ ခံစားချက်မျိုး ရစေရမယ်လို့ Universal Space ကုမ္ပဏီက အာမခံထားပါတယ်။

READ
ဆယ်စုနှစ်အတွင်းမှာ အားလပ်ရက်အတွက် လကမ္ဘာခရီးစဉ် ပျံသန်းပြေးဆွဲမည်ဟုသိရ
Endgadget
Endgadget

နောက်ပြီးတော့လည်း ဒီ Pong Table ဟာ ကစားသမားမယ့်သူ နှစ်ယောက်ရှိမှ ကစားလို့ ရတာမျိုး မဟုတ်ဘဲ တစ်ယောက်တည်းရှိလည်း ကစားလို့ရအောင် Single Player Mode ကို ထည့်သွင်းထားပါတယ်။ တစ်ယောက် တည်း ကစားလို့ရမယ့် Single Player Mode မှာတော့ ပြိုင်ဘက်ဟာ ကွန်ပျူတာ A.I ဖြစ်ပြီး Easy , Medium နဲ့ Hard Mode တွေကို စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။

TechCrunch

Pong Table တွေကို Home Edition ၊ Arcade Version နဲ့ Cocktail Twist ဆိုတဲ့ အမျိုးအစား (၃)မျိုးနဲ့ ဖြန့်ချီ သွားမှာပါ။ Home Edition ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ(၃၀၀၀)၊ Arcade Version ရဲ့ ဈေးနှုန်းက ဒေါ်လာ (၄,၂၉၉)နဲ့ Coaktail Twist ရဲ့ ဈေးနှုန်းက ဒေါ်လာ(၄,၄၂၉) တို့ပဲ ဖြစ်ပါတယ်။

READ
အခုရိုက် အခုထုတ်လို့ရမယ့် Canon က CLIQ ကင်မရာများ

ဝေဖန်သူတွေကတော့ ဒီ Pong Table တွေဟာ မတရား ဈေးကြီးလွန်းနေပြီး ဟိုးအရင်က ထွက်ခဲ့တဲ့ Atari Pong Table တွေကို ကြိုက်တဲ့ ကစားသူတွေတောင်မှ နာရီဝက်လောက် ကစားပြီးရင် ပျင်းသွားမှာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ Universal Space ကုမ္ပဏီဘက်ကတော့ (၂၀၁၈)ခုနှစ်တုန်းက Home Edition ကို ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုရခဲ့ပြီး (၂၀၁၉)ခုနှစ်မှာ နောက်ထပ် အမျိုးအစားသစ်(၂)မျိုးကို ထပ်မံထုတ်လုပ် ခဲ့တာဖြစ်ကြောင်း ပြန်လည် ချေပခဲ့ပါတယ်။

Ref : Techcrunch , Endgadget

 

SHARE