အိမ်သာတက်ခြင်းက စိတ်ဖိစီးမှုလျော့ကျနိုင်ကြောင်း လေ့လာတွေ့ရှိချက်

Shutterstock-Brian A Jackson

သင်စိတ်ညစ်နေပါသလား? ဒါမှမဟုတ် အလုပ်မှာ စိတ်ဖိစီးမှုတွေများနေပါသလား? ဒီလိုစိတ်တွေအရမ်းညစ်နေတဲ့အချိန်ကျရင် တစ်ခြားဘာကိုမှ မစဉ်းစားနေပါနဲ့။ ပြသနာတွေကို ဖြေရှင်းဖို့လည်း မကြိုးစားနေပါနဲ့။ အဲဒီလိုအချိန်တွေကျရင် လူတော်တော်များများရဲ့စိတ်ဟာ ရှုပ်ထွေးနေလေ့ရှိတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးရောက်ရင် အကောင်းဆုံးကတော့ စိတ်ကို အေးအေးထားပြီး အိမ်သာတက်လိုက်ပါ။

Pixabay-chriskeller

အမေရိကန်နိုင်ငံ၊ ဘော့စတွန်မြို့ရှိ ဆေးပညာဌာနတစ်ခုဖြစ်တဲ့ Beth Israel Deaconess Medical Centre ကနေပြီးတော့ အိမ်သာတက်ခြင်းနဲ့ ပတ်သတ်ပြီး လေ့လာတွေ့ရှိချက်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီလေ့လာတွေ့ရှိချက်ကတော့ အိမ်သာတက်တဲ့သူတော်တော်များများဟာ စိတ်ဖိစီးမှုတော်တော်လျော့ကျစေနိုင်ကြောင်းပဲ ဖြစ်ပါတယ်။

Shutterstock- Brian A Jackson

လူတော်တော်များများဟာ အိမ်သာတတ်တဲ့အချိန်ကြရင် ညှစ်အားကို အသုံးပြုလေ့ရှိပါတယ်။ အဆိုပါအချိန်ကြရင် ဦးနှောက်ထဲမှာရှိတဲ့ ပျော်ရွှင်တတ်တဲ့ ဟိုမုန်းတွေ ထွက်လာလေ့ရှိတတ်ပါတယ်။ အဲဒီဟော်မုန်းတွေက လူခန္ဓာကိုယ်တစ်ကိုယ်လုံအား စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာကောကိုပါ ချိတ်ဆက်ထားတဲ့အတွက်ကြောင့် အိမ်သာတက်တဲ့လူတွေဟာ စိတ်ဖိစီးမှုပိုမိုလျော့ကျစေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

READ
ကလေးတွေရဲ့စိတ်ကူးထဲက အိမ်တွေကို 3Dဆွဲပြီး တန်ဖိုးလိုက်တွက်ကြည့်တဲ့အခါ…

Pyi Hein Kyaw

SHARE