ဂူထဲနေရတဲ့အထိ ဆင်းရဲလွန်းပေမယ့် ပညာကြိုးစားလွန်းတဲ့ ကလေး(၂) ယောက်

ပညာရေးကို လိုလားကြတဲ့ မိဘတွေဟာ ကလေးတွေ စာတတ်မြောက်ဖို့အတွက် ပိုင်ဆိုင်သမျှ ဥစ္စာပစ္စည်းတွေ ရောင်းချပြီး ပညာအမွေပေးဖို့ ကြိုးစားကြပါတယ်။ အခုဖြစ်ရပ်ကတော့ ဖိလစ်ပိုင်နိုင်ငံက စာတော်တဲ့ အလယ်တန်းကျောင်းသားလေးတွေရဲ့ အိမ်ကို သွားလည်ရာကနေ ဆရာမတွေ တွေ့ရှိခဲ့ရတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။ ဂျေစန်နဲ့ ဂျူယန်ဟာ ဖခင်ဖြစ်သူနဲ့အတူ လိုဏ်ဂူတစ်ခုထဲမှာ နေပါတယ်။ သူတို့တွေက မနက်ပိုင်းတွေဆို တောင်ကုန်းပေါ်ကနေ ဆင်းချသွားလေ့ရှိပြီး ကျောင်းသွားရလေ့ရှိပါတယ်။ ဆင်းရဲလွန်းပေမယ့် ကလေးတွေဟာ ပြင်းပြင်းထန်ထန် ဖျားနာတာမျိုးမရှိပဲ အတန်းပျက်လေ့ မရှိပါဘူး။

facebook

ကလေးတွေရဲ့ ဖခင် ပြောဆိုပုံအရတော့ သူတို့ဟာ အိမ်သေးသေးလေး တစ်အိမ်မှာ နေခဲ့ဖူးကြောင်း ဆိုပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ (၂) နှစ်တုန်းကတော့ သူတို့ရဲ့ တဲလေးက မုန်တိုင်းထဲ ပါသွားတာကြောင့် လိုဏ်ဂူထဲမှာပဲ နေခဲ့ရပါတယ်။ လိုဏ်ဂူထဲနေရတဲ့ သူတို့အဖို့ မီးမရှိ၊ ရေမရှိတဲ့အပြင် စားစရာလည်း အလုံအလောက် မရှိပါဘူး။ မိဘက နွမ်းပါးပေမယ့် သားကလေးနှစ်ယောက်ဖြစ်တဲ့ ဂျေစန်နဲ့ ဂျူယန်ကတော့ လိမ္မာရှာပါတယ်။

READ
အသက် (၁၀၀)မှာတောင် အလုပ်ကို နေ့တိုင်းသွားနေသေးတဲ့ ကမ္ဘာ့အသက်အကြီးဆုံးဘီလျံနာ
facebook

ကလေးတွေရဲ့ မိခင်ကတော့ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကတည်းက ဆုံးသွားခဲ့တာကြောင့် ဖခင်ဖြစ်သူကပဲ သူတို့နှစ်ယောက်ကို အစစအရာရာ တာဝန်ယူပေးရပါတယ်။ ကျောင်းစာတော်ပြီး လိမ္မာပေမယ့် အိမ်မရှိတဲ့ ကျောင်းသားလေးတွေရဲ့ အဖြစ်ကို သိလိုတာကြောင့် ကျောင်းက ဆရာမတွေဟာ ကလေးတွေရဲ့ နေအိမ်ကို အလည်အပတ်သွားဖို့ စိတ်ကူးခဲ့ကြပါတယ်။

facebook

ဂူဆီကို ရောက်ဖို့ ဗွက်တွေနဲ့ ညစ်ပတ်နေတဲ့အပြင် မတ်စောက်လှတဲ့ လမ်းကျဉ်းကလေးတွေကနေ ဆရာမတွေက ဖြတ်လာကြရပါတယ်။ လမ်းက အတော်လေး အန္တရာယ်ရှိတာမို့ ညအချိန်မှာဆို ဖြတ်သွားဖို့တောင် မသင့်တော်ဘူးလို့ ဆရာမတွေကတော့ ဆိုပါတယ်။ ဒါ့အပြင် တစ်ခါတစ်လေ လိုဏ်ဂူနားမှာ မြွေပါးကင်းပါးလည်း တွေ့ရတတ်တာကြောင့် ကလေးတွေအတွက် အမှန်ပဲ အန္တရာယ်များလှတာ ဖြစ်ပါတယ်။

facebook

ဆရာမတွေက လိုဏ်ဂူနေ စာတော်တဲ့ ကျောင်းသားလေးတွေဆီ အလည်သွားတဲ့သတင်းဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ ၄င်းသတင်းကြားရတဲ့ တတ်နိုင်သူအချို့ကတော့ ကလေးတွေရဲ့ နေ့စဉ်အသုံးစရိတ်တွေကို ကာမိဖို့ အလှူငွေတွေ ပေးလှူကြပါတယ်။ လက်ရှိအချိန်မှာတော့ ကောင်လေးတွေနဲ့ သူတို့ရဲ့ ဖခင်ဟာ အလှူရှင်တွေကြောင့် အနီးအနားမှာ ရှိတဲ့ ရွာထဲမှာ နေသားတကျ ဖြစ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

READ
YouTube ပရိသတ်(၂)သန်းနီးပါးရှိပြီး အောင်မြင်မှုတွေရနေတဲ့ ကျွမ်းဘားမယ် အမြွှာနှစ်ဦး

လင်းလင်း (ShweMom)

Ref: elitereaders , abs-cbn.com

SHARE