အသားစားကျူးခြင်းနဲ့ အသီးအရွက်အစားနည်းခြင်းဟာ အသေစောစေကြောင်း သိရ

နှစ်စဉ်နှစ်တိုင်း အမေရိကန် အယောက်(၅) သိန်းကျော်နဲ့ ဗြိတိန် (၁) သိန်းနီးနီးတို့ဟာ အာဟာရမျှမျှတတမစားသုံးတာကြောင့် သေဆုံးနေရကြောင်း သိရပါတယ်။ အာဟာရသင့်တင်လျောက်ပတ်အောင် မစားသုံးခြင်းဟာ ဆေးလိပ်သောက်ခြင်းနဲ့ သွေးတိုးခြင်းတို့လိုပဲ အရွယ်မတိုင်ခင် သေဆုံးရတဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်နေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

အထူးသဖြင့် အနောက်တိုင်းဓာတ်စာလို့ ပညာရှင်တွေခေါ်ကြတဲ့ Western diet ထဲမှာ အနီရောင်အသား၊ အဆီနဲ့ အချိုများတဲ့ အစားအသောက်တွေပါဝင်နှုန်း များပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပါဝင်မှု အချိုးအစားကတော့ နည်းပါးလွန်းပါတယ်။ အစာအာဟာရပေါ် အခြေတည်ပြီး အမျိုးမျိုးသော အကြောင်းရင်းတွေကြောင့် လူအသေအပျောက်အများဆုံး နိုင်ငံကြီးတွေကတော့ တရုတ်နဲ့ အိန္ဒိယတို့ဖြစ်ပြီး တစ်နှစ် တစ်နှစ်ကို လူသန်းနဲ့ချီကာ သေဆုံးကြပါတယ်။

စစ်တမ်းတွေအရ တရုတ်မှာ လူ(၃) သန်းကျော်နဲ့ အိန္ဒိယမှာ (၁) သန်းအသီးသီးဖြစ်ကြောင်းသိရပြီး ရုရှားမှာတော့ (၅) သိန်းခွဲဖြစ်ကြောင်း သိရပါတယ်။  အမေရိကန်ကတော့ အစာအာဟာရကြောင့် သေဆုံးသူဦးရေဟာ တစ်ကမ္ဘာလုံးအနေနဲ့ယှဉ်ရင် အဆင့် (၄) နေရာမှာ ရှိနေပြီး အင်္ဂလန်ကတော့ အဆင့်(၁၈) နေရာမှာ ရှိနေပါတယ်။  ပညာရှင်တွေ သုံးသပ်ထားတာက အခုလို အစာအာဟာရကြောင့် သေဆုံးသူတွေရဲ့ အဓိကအကြောင်းရင်းဟာ အနီရောင်အသားတွေနဲ့ ဆိုဒါတွေ အစားအသောက်များလို့ဖြစ်ကာ အသီးအရွက်တွေကို လုံလုံလောက်လောက်မစားလို့ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

READ
လတ်တလောလူပြောများနေတဲ့ H1N1 ဗိုင်းရပ်စ်တုပ်ကွေးအကြောင်း သိကောင်းစရာများ

ဝါရှင်တန်တက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးကတော့ “အာဟာရမျှမျှတတ မစားတာက လူ့ကျန်းမာရေးအတွက် ဆိုးကျိုးတွေအများကြီး ဖြစ်စေပါတယ်။ လူတွေဟာ သူတို့ စားသောက်လိုက်တဲ့ အစားအသောက်တွေကနေ တဆင့် အကျိုးခံစားကြရပါတယ်။ စားသောက်ပုံမမှန်ရင် နှလုံးရောဂါဖြစ်လာမယ်။ နောက်ဆက်တွဲအနေနဲ့ လေဖြတ်တာ၊ နှလုံးရှော့ခ်ရတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ကင်ဆာနဲ့ အဆင့်(၂) ဆီးချို ဝေဒနာပြီးရင် ဒီအစားအသောက်ပြဿနာက အဓိကအရေးအကြီးဆုံးပဲ…” လို့ ဆိုခဲ့ပါတယ်။

အခွံမာသီး၊ အစေ့အဆန်၊ နို့နဲ့ အုတ်ဂျုံတွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်ရင် စားသုံးမှုနှုန်း လျော့ကျလာပြီး စည်သွပ်ထားတဲ့ အသားတွေ၊ ဆားနဲ့ ဆိုဒါ စားသောက်သုံးစွဲမှု များလာတဲ့အပေါ်မှာ ပညာရှင်တွေကတော့ အပြစ်တင်နေကြပါတယ်။ ဒါကြောင့် ကျန်းမာပြီး ရောဂါအဖြစ်နည်းချင်ရင် အသင့်ပြုလုပ်ထားတဲ့ အစားအသောက်တွေ၊ အချိုဓာတ်၊ ဆားဓာတ်လွန်လွန်ကဲကဲ အသုံးပြုထားတဲ့ အစားအသောက်တွေကို စားသုံးမှု လျော့ချရမယ့် အပြင် ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေကို ပမာဏတိုးပြီး စားသုံးပေးကြဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

READ
ကယ်လိုရီတွေအလွန်အကျွံစားသုံးပြီး ကျန်းမာနေတဲ့ ဆူမိုနပမ်းသမားတွေရဲ့ လျို့ဝှက်ချက်

လင်းလင်း (ShweMom)

Ref: dailymail

SHARE