အိပ်ရေးဝ အောင် မအိပ် ခြင်းနဲ့ အ၀ လွန်ခြင်း ဆက်စပ်မှုရှိနေ

Image:.freepik.com/kristina-igumnova

အိပ် ရေး၀၀ အိပ် စက် ခြင်းကလည်း လူတစ်ယောက် ရဲ့ ကျန်းမာရေး အတွက် အများကြီး အ ရေးကြီးပါတယ်။ ကိုဗစ် ကပ် ဘေး ကာလ မျိုးမှာဆိုရင် အိပ်ရေး၀၀ အိပ် ဖို့ အစားကို ပုံမှန်စားဖို့က ပိုပြီး တော့ တောင် အ ရေးကြီး ပါတယ်။အိပ် ရေး ၀ အောင် မအိပ်ရင် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေ အများကြီး ရှိပါတယ်။အဲ့ ဒီ အထဲမှာ ကိုယ်အ လေးချိန် မြင့်တက် ခြင်းကလည်း တစ်ခု အပါအ၀င်ပါ။အိပ် ရေး ၀ အောင် မအိပ်ရင် အ၀ လွန်တာ၊နှလုံးရောဂါ၊သွေးတိုးနဲ့ ဆီးချို ၊သွေး ချိုေ တွ ကိုပါ ဖြစ် စေနိုင်ပါတယ်။ဒီအ ကြောင်းကိုတော့ CNN မှာ ဖော်ပြထားပါတယ်။

Image:freepik.com/doctorfp

အိပ် ရေး ၀ အောင် မအိပ် ခြင်းက BMI(Body Mass Index) ကို ပို များ လာ စေတယ် လို့ မကြာ သေးမီက လေ့လာမှု တစ်ခုမှာ ဖော်ပြထားပါတယ်။သု တေသီတွေ က တော့ ဘယ်လောက် ကောင်းကောင်း အိပ် စက်လဲ ဆိုတဲ့ အချက် ပေါ်မှာ မူတည်ပြီး အခုလို ပြောခဲ့တာပါ။ fitness trackers တွေမှာ ပါတဲ့ Sleep App တွေ နဲ့ စမတ် နာရီ တွေ က နေ လေ့လာခဲ့တာပါ။လေ့လာမှု အသစ်ကိုတော့ JAMA Internal Medicine မှာ ဖော်ပြ ထားတာပါ။အဲ့ဒီမှာတော့ သု တေသီတွေ က လူ အယောက် (၁၂၀၀၀၀) ရဲ့ အိပ် စက်မှု တွေကို နှစ်နှစ် လောက် လေ့လာ ခဲ့ ကြတာပါ။

READ
ဘဝကြီးကို ပျော်ရွှင်ခြင်းတွေ တဖြည်းဖြည်းယုတ်လျော့လာစေတဲ့ နေထိုင်နည်း (၆) မျိုး
Image:freepik

BMI (၃၀)နဲ့ (၃၀) အထက် ဆိုရင် ၀ တယ်လို့ သတ်မှတ် ကြပါတယ်။အိပ် စက်မှု နည်းတဲ့ လူတွေ မှာတော့ အဲ့ လို အ၀ လွန်တဲ့ အ နေ အထားတွေ တွေ့ နေရပါတယ်။ဒါပေမယ့်လည်း (၃၀) ကျော် တွေ က တခြား လူတွေနဲ့ ယှဉ်ရင် (၁၅)မိနစ် လောက်ပဲ အိပ်စက်တာ နည်းတာ ပါ။ဒီလေ့လာမှုမှာ တခြား ကန့်သတ်ချက် တစ်ချို့ ရှိပါတယ်။တ ရေး အိပ် တာတွေ နဲ့ တခြားကျန်းမာရေး အခြေအ နေ တွေကိုပါ ထည့် တွက် မ ထားပါဘူး။ကျန်းမာ တဲ့ လူငယ် အများစု လောက်ကသာ tracking device တွေကို ၀တ်ဆင် ကြတာကိုလည်း တွေ့ ရပါတယ်။တစ်ချို့ Device တွေ က အ မေရိကန် အစားအသောက်နဲ့ ဆေးဝါးကြပ်မတ်မှုဆိုင်ရာ အဖွဲ့ FDA ရဲ့ အသိအမှတ်ပြုမှုကို ရထားတာ မျိုးတွေ မဟုတ်ပါဘူး။

READ
အဆိုးမြင်စိတ်တွေကို ဘယ်လိုမောင်းထုတ်မလဲ
Image:freepik.com/beststudio

FDA အသိအမှတ်ပြုတာ မျိုးဆိုရင် တော့ ပို ပြီး သင့် တော် ကောင်းမွန်တယ်လို့ Dr. Raj Dasgupta က ပြောပါတယ်။ဒါပေမယ့် လည်း ဘယ်လိုပဲ ဖြစ်ဖြစ် လူ တွေ ကို နှစ်နှစ် ကျော် လောက် လေ့လာ စောင့် ကြည့်မှုတွေ လုပ် ခဲ့တာ ဖြစ်ပြီး  ရလဒ် ကလည်း အရင် လေ့လာ တွေ့ရှိချက်တွေနဲ့ ကိုက်ညီမှု ရှိတယ်လို့ Dr. Raj Dasgupta က ဆိုပါတယ်။ဒီ တွေ့ ရှိချက်က လူတစ် ယောက်ခြင်းစီရဲ့ sleep duration နဲ့ sleep pattern တို့ အ ပေါ်မှာပါ  အထောက်အပံ့ ဖြစ် စေ မယ့် အလား အလာ မျိုးတွေ လည်း ရှိ နေပါတယ်လို့ Dr. Raj Dasgupta က  သူ့ အမြင် ကို ဝေမျှ ခဲ့ပါတယ်။

Image:freepik.com/sarayute-smalldog

#SHWEMOM

SHARE