ငပလီကမ်းခြေမှာ ပျော်ပျော်ရွှင်ရွှင် အပန်းဖြေနေတဲ့ ပုံရိပ်တွေ မျှဝေလိုက်တဲ့ ပိုပို

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ အဆိုတော် ပိုပိုကတော့ သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ပွင့်ပွင်းလင်းလင်းရှိတဲ့အပြင် ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေလေ့ရှိတာကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ပိုပိုကတော့ သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ နေစဉ်ဘဝပုံရိပ်တွေကိုလည်း အမြဲမျှဝေပေးလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လတ်တလောမှာ ငပလီကို ရောက်နေတဲ့ ပိုပိုကတော့ ပရိသတ်တွေအတွက် အလွမ်းပြေဓါတ်ပုံတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားပါတယ်။ ပိုပိုကတော့ “တစ်နိုင်ငံလုံး ပတ်သွားနေတာ 🌴🌴အခုမှပဲ ငပလီ ရောက်ဖူးတော့တယ် ပျော်လိုက်တာ” လို့ရေးထားတာဖြစ်ပါတယ်။

ကမ်းခြေမှာ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေနေတဲ့ ပိုပိုရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

SOurce: popo

SHARE