လက်ဆောင်ပေးတဲ့ ကာတွန်းအင်္ကျီလေးကိုချက်ချင်းဝတ်ပြခဲ့တဲ့ ဂျန်ပန်ရောက်ပုပ်ရဟန်းမင်းကြီး

YouTube-POPE IN JAPAN 2019

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ တလောကဂျပန်နိုင်ငံကို ငြိမ်းချမ်းရေးဟောပြောပွဲတစ်ခုပြုလုပ်ဖို့ သွားရောက်ခဲ့ပါတယ်။ အဓိကကတော့ ကမ္ဘာ့နိုင်ငံတွေအားလုံးမှာ နျူကလိယစွမ်းအင်သုံးလက်နှက်တွေ ကင်းစင်ပပျောက်ဖို့ပဲဖြစ်ပါတယ်ဆိုပြီး Next Shark မှ သိခဲ့ရပါတယ်။

တိုကျိုမြို့ရဲ့ စိန့်မေရီကသလစ်ဘုရားကျောင်းကို ရောက်တဲ့အခါမှာတော့ ပုပ်ရဟန်းမင်းကြီးအနေနဲ့ မထင်မှတ်ထားတဲ့ လက်ဆောင်တစ်ခု ရလာခဲ့ပါတယ်။ အဲဒါကေတာ့ အက်ႌေလးတစ္ထည္ပါ။ ဂ်ပန္ရိုးရာ “happi” လို႔ေခၚတဲ့ ရိုးရာအက်ႌေလးပါ။ ဂျပန်မှာတော့ “happi” ကို ရိုးရာပွဲတွေ၊ အခမ်းအနားတွေနဲ့ နေ့ထူးနေ့မြတ်တွေမှာ အမျိုးသားတွေ အပေါ်ထပ်အနေနဲ့ ဝတ်ဆင်ကြတယ်ဆိုပြီး လေ့လာမိခဲ့ပါတယ်။

YouTube-POPE IN JAPAN 2019
YouTube-POPE IN JAPAN 2019

ဒါပေမဲ့ ပုပ်ရဟန်းမင်းကြီးကိုပေးလိုက်တဲ့ အင်္ကျီကတော့ သာမန်အင်္ကျီတွေထက် ထူးခြားလျက်ရှိနေပါတယ်။ အဓိက ဒီဇိုင်းအပိုင်းမှာပေါ့။ မိုးပြာရောင်လေးကိုမှ စာတန်းလေးတွေ၊ ဂျပန်လက်ရာကာတွန်းပုံလေးတွေနဲ့ ချယ်ရီပန်းလေးတွေ ပါဝင်လျက်ရှိနေပါတယ်။ အထူးသဖြင့် အင်္ကျီမှာ ပုပ်ရဟန်းမင်းပုံကို ကာတွန်းအဖြစ် ရေးဆွဲထားတာက အထူးခြားဆုံးပါပဲ။

ဒီအပြင် စာတန်းတွေကို သေချာဖတ်ကြည့်မယ်ဆိုရင်လည်း “gratitude,” “let’s pray together,” “may there be peace,” “what can be done to give disaster victims hope.,” “we are glad that you’re the Pope” စသဖြင့် ပုပ်ရဟန်းမင်းကြီးအတွက် ချီးကျူးဆုတောင်းစကား၊ ကောင်းချီးပေးမယ့်စကားတွေ အများကြီးကို ထည့်သွင်းဂေးသားထားခဲ့ပါတယ်။ နောက်ပြီး အင်္ကျီအောက်နားမှာဆိုရင်လည်း ပုပ်ရဟန်းမင်းဘကီးကို ထောက်ခံအားပေးနေတဲ့ လူတစ်စုပုံကိုလည်း ပြောင်မြောက်အောင် ရေးဆွဲထားပါသေတယ်။

READ
ငြိမ်းချမ်းရေးရဖို့ အကြမ်းဖက်စရာမလိုကြောင်း သက်သေပြခဲ့တဲ့ ရဲမေ
YouTube-POPE IN JAPAN 2019
YouTube-POPE IN JAPAN 2019

ဒီအင်္ကျီဟာ ပုပ်ရဟန်းမင်းကြီးကို ဂုဏ်သရေရှိတဲ့ ဘုန်းတော်ကြီးတစ်ပါးအနေနဲ့ကတော့ ကလေးကလားနိုင်လွန်းလှတယ်လို့ သင်တို့တွေ တွေးကောင်းတွေးမိကြပါလိမ့်မယ်။ ဒါပေမဲ့လည်း ပုပ်ရဟန်းမင်းကြီးကတော့ လက်ဆောင်ရရချင်းမှာပဲ အင်္ကျီကို သဘောကျတဲ့အကြည့်တွေနဲ့ကြည့်ကာ ချက်ချင်းကောက်ဝတ်လိုက်ခဲ့ပါတော့တယ်။ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲနော်။

Penny

SHARE