အရမ်းကိုလှလာတဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်တဲ့ ပိုပို

သီချင်းချိုချိုလေးတွေကို ကိုယ်တိုင်ရေးဖွဲ့သီဆိုတဲ့ အမျိုးသမီးအဆိုရှင်တစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ အနုပညာရှင်အလုပ်တွေကို အမြဲကြိုးစားနေသူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။

ပရိသတ်တွေ ချစ်ကြတဲ့ အဆိုတော်မလေး ပိုပိုကတော့ လတ်တလောမှာ အရင်ကထက်ပိုပြီးတော့ကို လှလာတာ ပရိသတ်တွေ စိတ်မချလောက်အောင်ပါပဲ။ သူမကတော့ ဒီကနေ့မှာလည်း အဝါရောင်ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိလှနေတဲ့ သူမရဲ့ ပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။

ပိုပိုကတော့ “ခပ်တည်တည် နေတတ်တဲ့ မတ်မတ် မင်းကြောင့် ပြုံးမိပြီ ” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ပိုပိုကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: POPO

SHARE