ရုပ်ရှင်ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ ပိုပို

သီချင်းချိုချိုလေးတွေကို ကိုယ်တိုင်ရေးဖွဲ့သီဆိုလေ့ရှိပြီး အမိုက်စား ဖျော်ဖြေတင်ဆက်မှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းပြုလုပ်နေရတဲ့ နာမည်ကျော် အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ ပိုပိုကတော့ မကြာခင်အချိန်အတွင်းမှာ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေရဲ့ ရှေ့ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ပိုပိုကတော့ လတ်တလောမှာ “ရှပ် 4 ချစ်သူ” ဇာတ်လမ်းတွဲထဲမှာ ပါဝင်ပြီးတော့ သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ရိုက်ကွင်းကပုံရိပ်တွေကိုတော့ “ခပ်တည်တည်နေတတ်တဲ့ ကျမ တောင် မင်းရဲ့ ချစ်ခြင်းတွေအောက်မှာ ပြုံးတတ်နေပြီလေ ☺️ရှပ် 4 ချစ်သူ ဇာတ်လမ်းတွဲ Shooting” လို့ရေးထားပြီး ပိုပိုက သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

ပိုပိုကို အားပေးကြတဲ့ ပရိသတ်တွေအတွက် “ရှပ် 4 ချစ်သူ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ပိုပိုရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

READ
သင်္ကြန်ကာလကို သီရိလင်္ကာမှာ ကုန်ဆုံးခဲ့တဲ့ ရွှေအိမ်စည်

Source: Po Po

SHARE