လူသုံးများနေသည့် ဆေးပြားများမှာ Dementia ရောဂါများနှင့် ဆက်စပ်နေ

Dementia ကို အလွယ်ပြောရရင် ဦးနှောက်ဆဲလ်တွေ ပျက်ဆီးမှုကြောင့် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်ကျန်းမာရေး ချို့တဲ့ခြင်း စတဲ့ ရောဂါလို့ ပြောလို့ရပါတယ်။ အသက်ငယ်တဲ့သူတွေမှာ ဖြစ်ပွားမှုနှုန်း ယခင်က နည်းပါးခဲ့ပေမယ့် (၂၀၀၀)ပြည့်နှစ် နောက်ပိုင်းကာလတွေမှာ အသက်အရွယ် လူလတ်ပိုင်းတွေမှာတောင် Dementia ဖြစ်ပွားမှုနှုန်း မြင့်မားလာပါတယ်။

WNDU

အချို့သော လူပုဂ္ဂိုလ်တွေဟာ ဆရာဝန်ညွှန်ကြားချက်မရှိဘဲ မိမိသဘောနဲ့ အလွယ်တကူ ဝယ်ယူရနိုင်တဲ့ ဆေးတွေကို ဝယ်သောက်လေ့ရှိပါတယ်။ သာမန်ဖျားနာချောင်းဆိုးရင် အလိုလိုသိတာက ပါရာစီတမော်လ် ဝယ်သောက်ဖို့ပါဘဲ။ ဒီလိုပဲ ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ အအေးမိခြင်း၊ ဓာတ်မတည့်ဖြစ်ခြင်း၊ ဆီးဆေးပြား၊ စိတ်ကျရောဂါ စတာတွေအတွက် ဆေးတွေကလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်နေပါတယ်။

The Hearty Soul

ရောဂါနဲ့ဆေး တည့်မတည့် မသေချာပေမယ့် သေချာတာကတော့ အဲဒီဆေးတွေက ဦးနှောက်ဆဲလ်တွေ ပျက်ဆီးမှုမှာ အဓိကဆက်စပ်နေပါတယ်။ သုံးစွဲတဲ့ပမာဏ နည်းနည်းလေးဆိုရင်တောင် Dementia နဲ့ ဆက်စပ်နေတယ်လို့ သုတေသနပညာရှင်တွေက ညွှန်ကြားထားပါတယ်။

READ
အိပ်ရာနိုးပြီးပြီးချင်း လုပ်သင့် ၊ မလုပ်သင့်သည့် အမူအကျင့်များ
ScienceDaily

Diphenhydramine ကဲ့သို့သော အအေးမိဖျားနာပျောက်ဆေးပြားတစ်ခုမှာပင် Chlorpheniramine (Aller-Chlor); Oxybutynin (Ditropan) နဲ့ Tolterodine (Detrol) တွေပါဝင်ပါတယ်။ အဆိုပါဆေးကို တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လုပ်ကြပြီး Benadryl, Nytol Sominex, Theraflu နဲ့ Triaminic Allergy ဆိုပြီး ရှိကြပါတယ်။ ဒီဆေးတွေက ရေရှည်သုံးစွဲခြင်း မပြုဘူးဆိုရင်တောင် Dementia နဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

Next Avenue

Acetylcholine ဆေးပြားတွေကလည်း ဦးနှောက်ရဲ့ ပျက်ဆီးယိုယွင်းမှုကို ဆိုးရွားစေပြီး၊ အိပ်ဆေးပြားတွေကလည်း Dementia ရောဂါနဲ့ အလွန်ဆက်စပ်နေကြပါတယ်။ ဒီဆေးတွေကို အသုံးများသူတွေ၊ ကိုယ်နည်းကိုယ့်ဟန်နဲ့ အသုံးများသူတွေအတွက်တော့ အနာဂတ်ကာလမှာ အလွန်ကိုပဲ အန္တရာယ်တွေ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။

KurzweiLAI

စစ်တမ်းတွေအရ (၂၀၀၀)ခုနှစ်နောက်ပိုင်းမှ (၁၀)နှစ်အတွင်း အာရုံကြောအားတိုးဆေးဖြစ်တဲ့ Anticholinergic ဆေးသုံးစွဲမှု ပမာဏ (၂၀)% အထိ မြင့်တက်လာသလို၊ ယင်းဆေးကို သုံးစွဲခဲ့တယ်ဆိုတဲ့ လူပေါင်း (၇၉၇)ယောက်မှာ (၂၃.၂)%ဟာ Dementia နဲ့ ဆက်စပ်နေတဲ့ရောဂါသည်တွေဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ထို့အပြင် ယင်းတို့ထဲမှာ (၆၃၇)ယောက်မှာ အယ်လ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်နေသူတွေဟာ ကြောက်မက်ဖွယ်ရာ (၈၀)% အထိ ရှိနေခဲ့ပါတယ်။

READ
လက်သည်းအလှ ပြုပြင်လေ့ရှိသူများအတွက် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ
Cannabis Health Radio

သို့ပါသောကြောင့် မိမိတို့ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံလာတဲ့အခါတိုင်း တက်ကျွမ်းနားလည်တဲ့ ဒေါက်တာတွေနဲ့ ပြသဖို့လိုပြီး ကိုယ့်ဘာသာ ဆေးဝယ်သောက်တဲ့ စနစ်ကို ရှောင်ရှားကြဖို့ လိုပါတယ်။ အင်္ဂလိပ်ဆေးလို့ခေါ်တဲ့ ဓာတုဗေဒအခြေခံဆေးပြားတွေဟာ သက်ဆိုင်ရာရောဂါအသီးသီးမှာ အစွမ်းပြနိုင်တယ်ဆိုတာ မှန်ပေမယ့် ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးရယ်လို့ အခုအချိန်ထိ မတီထွင်နိုင်ကြသေးပါဘူး။ ဒါကြောင့် တက်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ကာမှ တော်ကာကျမယ်လို့ ယူဆမိပါကြောင်း။

နတ်စည်တော် (Shwemom)

Source : curejoy.com

SHARE