ပါးစပ်သမိုင်းသာရှိပြီး လက်တွေ့မှာ တကယ်မဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာကျော်ဖြစ်ရပ်များ

Instagram/kelfion_vina, wikipedia

အတိတ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံနဲ့ ကမ္ဘာ့သမိုင်းအကြောင်းတွေကို စာအုပ်စာပေတွေကနေတဆင့် ဖတ်မှတ်လေ့လာရပါတယ်။ ဒါပေမယ့် ခက်တာက တစ်ချို့စာအုပ်တွေကို ၀ိရောဓိဖြစ်စရာ အရေးအသားတွေနဲ့ တွေ့ရပါတယ်။ သမိုင်းကြောင်းဆိုတာကလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့တာမျိုးမဟုတ်ပဲ တဆင့်စကား၊ တဆင့်အရေးအသားတွေနဲ့ ပြန်သိရတာကြောင့် အမှားအမှန်ကို ကိုယ်ပိုင်ဥာဏ်နဲ့  ဝေဖန်ပိုင်းခြားနိုင်မှ တော်ကာကျပါမယ်။ အခုဖော်ပြပေးမှာကတော့ brightside ကနေတဆင့် ကိုးကားထားပြီး တကယ်တမ်းသမိုင်းမှာ မဖြစ်ပျက်ခဲ့ပေမယ့်လည်း ဖြစ်ပျက်ခဲ့သယောင် လူတွေအသိမှားပြီး မှတ်ယူထားကြတဲ့ ကမ္ဘာကျော်ဖြစ်ရပ်ကြီးတွေပဲ ဖြစ်ပါတယ်။

ထရိုဂျန်မြင်းရုပ်

instagram/ekoydakoykoy

ဂရိတွေဟာ ထရွိုင်မြို့ကို (၁၀) နှစ်ကြာ ၀န်းရံထားခဲ့ပေမယ့်လည်း မြို့ကို အနိုင်မရခဲ့ပါဘူး။ ဒါကြောင့် ဂရိတွေက ဧရာမမြင်းရုပ်ကြီးတစ်ရုပ်ကို သစ်သားနဲ့ပြုလုပ်ပြီး အရုပ်တွင်းမှာ ဂရိစစ်သည်တော်တွေကို ပုန်းခိုလိုက်စေပါတယ်။ ထရိုဂျန်တွေက ဒါကို မသိပဲ မြင်းရုပ်ကြီးကို မြို့ထဲဆွဲသွင်းသွားတဲ့အခါကျမှ ဂရိတွေက မြင်းရုပ်ကြီးထဲက ထွက်ပြီး ထရွိုင်မြို့ကို သိမ်းတယ်လို့ ပါးစပ်ရာဇ၀င်တွေက ဆိုပါတယ်။ သမိုင်းအထောက်အထားတွေအရတော့ ထရိုဂျန်မြင်းရုပ်ဆိုတာ တကယ်မရှိခဲ့ပဲ ဂန္တ၀င်စာရေးဆရာကြီး ဟိုးမားရဲ့အိုဒက်ဆီကဗျာတွေထဲက ပုံပြင်တစ်ပုဒ်သာဖြစ်နိုင်တယ်လို့ ပြဆိုနေပါတယ်။

စပါတန်တို့ရဲ့သာမိုပလီစစ်ပွဲ

en.wikipedia.org

စပါတန်(၃၀၀) ရဲ့ သာမိုပလီစစ်ပွဲဟာ သမိုင်းမှာ ထင်ရှားပါတယ်။ စစ်သည်တော်အမြောက်အမြားပါဝင်တဲ့ ပါရှန်းစစ်တပ်ကြီးကို စပါတန်စစ်သည်တော်(၃၀၀) တို့က သာမိုပလီနေရာကနေ ခုခံပြီးတိုက်ခိုက်ခဲ့တယ်၊ ဒီလိုခုခံခဲ့တဲ့အထဲမှာ စပါတန်တွေဟာ လူသုံးရာထဲနဲ့ ဘယ်သူ့အကူအညီမှမပါပဲ ပါရှန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တမ်းသမိုင်းမှာတော့ ဒီလိုမဟုတ်ပါဘူး။

READ
သမုဒ္ဒရာထဲငါးမန်းသွေးသောက်ပြီး ရက်ပေါင်း ၁၃၃ ရက်မြောနေခဲ့တဲ့ အမျိုးသားအကြောင်း

အဲ့ဒီအချိန်တုန်းက သာမိုပလီစစ်ပွဲမှာ ပါရှန်းတွေလက်ထဲ မကျရောက်အောင် မြို့ကိုကာကွယ်ခဲ့တာဟာ စပါတန်(၃၀၀) ချည်းပဲ မဟုတ်ပါဘူး။ သူတို့နဲ့အတူ မဟာမိတ်အဖွဲ့တွေလည်း ရှိပါသေးတယ်။ အဲ့ဒီမဟာမိတ်အဖွဲ့တွေမှာတော့ အနည်းဆုံး လူအင်အား(၄) ထောင် လောက်ပါဝင်ပါသေးတယ်။ ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် ပါရှန်းရဲ့ စစ်သည်အင်အားကို မယှဉ်နိုင်တာကြောင့် သာမိုပလီစစ်ပွဲမှာ စပါတန်တွေနဲ့၎င်းတို့ရဲ့မဟာမိတ်တွေဟာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

(၁၉၂၉) ခုနှစ် စတော့ဈေးကွက် ပျက်ကပ်အကြောင်း

unsplash/Markus Spiske

(၁၉၂၉) ခုနှစ်တုန်းက စတော့ရှယ်ယာဈေးကွက်ကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်ပြီး Wall Street ရင်းနှီးမြှုပ်နှံသူတွေ တော်တော်များများ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံသွားကြတယ်ဆိုတဲ့ သတင်းတွေ ကြားမိမှာပါ။ ရင်းနှီးငွေတွေ အမြောက်အမြားဆုံးရှုံးသွားတဲ့အတွက် လုပ်ငန်းရှင်ကြီးတွေက ပြတင်းပေါက်တွေကနေ အလျိုလျိုခုန်ချပြီး အဆုံးစီရင်သွားကြတယ်လို့လည်း တချို့တွေက ပြောကြပါတယ်။ ဒီအဖြစ်တွေက တကယ်တော့ မဟုတ်ပါဘူး။

(၁၉၂၉) ခုနှစ် အောက်တိုဘာ (၂၉) ရက်နေ့တုန်းက Wall Street ရဲ့ စတော့ရှယ်ယာဈေးကွက်ဟာ ကံဆိုးမိုးမှောင်ကျခဲ့ပါတယ်။ တစ်နေ့တည်းနဲ့ ရှယ်ယာ(၁၆) သန်းလောက် ရောင်းဝယ်တာမျိုးတွေတောင် ဖြစ်ခဲ့ပြီး ဒေါ်လာ ဘီလီယံ(၃၀) လောက် ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုစီးပွားရေးပျက်ကပ်ကြီးကြောင့်တော့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့တာ မဟုတ်ပါဘူး။ ဒီကောလဟာလတွေ နောက်ကွယ်က တရားခံကတော့ ၀င်စတန်ချာချီလို့ သိရပါတယ်။ ချာချီဟာ ဂျာမန်ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာအော်တိုမက်သီးစ်ကို ဟိုတယ်ရဲ့(၁၆) လွှာကနေ ပြုတ်ကျသေဆုံးတာ မြင်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကနေတဆင့် ကောလဟာလတွေ အစပျိုးလာခဲ့တာပါ။ ဒါပေမယ့် အော်တိုမက်သီးစ်ရဲ့ သေဆုံးမှုဟာ စတော့ဈေးကွက်ပျက်ကပ်မဆိုက်ခင်မှာ ဖြစ်ပွားခဲ့တဲ့အတွက် လူသေမှုတွေနဲ့ ရှယ်ယာဈေးပျက်ကပ်ဟာ ဆက်စပ်မှုမရှိပါဘူး။

READ
မိုင်ယာမီရဲ့ကိုကင်းနတ်ဘုရားမ Griselda Blanco ရဲ့ လူသိပ်မသိတဲ့အချက် ၆ ချက်

နယူတန်ရဲ့ ပန်းသီး

unsplash/an_vision

နယူတန်ရဲ့နိယာမအကြောင်း ဆွေးနွေးကြတဲ့အခါ လူတွေက နယူတန်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ဖြစ်ရပ်တစ်ခုကို သိထားကြပါတယ်။ အဲ့ဒါကတော့ နယူတန်က ပန်းသီးပင်အောက် ထိုင်နေရင်း ပန်းသီးက သူ့ခေါင်းပေါ်ပြုတ်ကျလာရာကနေ ကမ္ဘာ့မြေထုရဲ့ဆွဲငင်အားနိယာမအကြောင်း တွေးမိသွားတယ်ဆိုပြီးတော့ပါ။ ဒါပေမယ့် လက်တွေ့သမိုင်းထဲမှာတော့ ဒီလိုမဖြစ်ပျက်ခဲ့ဘူးလို့ ဆိုပါတယ်။

ပန်းသီးတွေက နယူတန်ကို အကူအညီတော့ ပေးခဲ့ပါတယ်။ နယူတန်ဟာ ကိန်းဘရစ်တက္ကသိုလ်က ထွက်လာပြီးနောက်မှာ အိမ်ကို ပြန်လာပြီး တက္ကသိုလ်မှာကတည်းက သူစဉ်းစားလာခဲ့တဲ့ သိပ္ပံပြဿနာတွေကို အဖြေရှာနေခဲ့ပါတယ်။ နယူတန်က ကမ္ဘာ့ဆွဲငင်အားဟာ ဝေးကွာလှတဲ့ နေရာတွေအထိ လွှမ်းမိုးမှုရှိလိမ့်မယ်လို့ ယူဆပါတယ်။ သူဟာ တစ်နေ့ပြီးတစ်နေ့ မိခင်ဖြစ်သူရဲ့ ဥယျာဉ်ထဲက ပန်းသီးတွေ အပင်ပေါ်က ကြွေကြွေကျနေတာကို ကြည့်ပြီး နှစ်ပေါင်းများစွာ သင်္ချာပညာကို လေ့လာလိုက်စားပြီးမှ ကမ္ဘာ့ဆွဲငင်အားနိယာမကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE