အိမ်ခန်းအပြင်အဆင်ကနေ တွေ့မြင်ရတဲ့ ပုန်းကွယ်နေတဲ့ စိတ်ပြဿနာများ

တစ်စုံတစ်ယောက်ရဲ့ အကျင့်စရိုက်က ဘယ်လိုပုံစံရှိတယ်ဆိုတာကို သူတို့ရဲ့အခန်းအပြင်အဆင်၊ အ၀တ်အထည်တွေထားပုံ၊ ပန်းကန်ခွက်ယောက်တွေ ထားပုံကနေ တဆင့် သိနိုင်ပါတယ်။ ဒါကြောင့် လူသစ်တစ်ယောက်နဲ့ ကိုယ်က ရင်းရင်းနှီးနှီး မိတ်ဖွဲ့တော့မယ်ဆိုရင် သူတို့ရဲ့ အိမ်ကို အကဲခတ်ရာကနေ တဆင့် သူတို့ရဲ့ စိတ်ကို တွေ့နိုင်ပါတယ်။ ခု ဖော်ပြပေးမှာကတော့ နေ့စဉ်ဘ၀မှာ လူတွေလုပ်ဖြစ်နေကြတဲ့ အလေ့အကျင့်တွေဖြစ်ပြီး ဒီအလေ့အကျင့်တွေကတဆင့် ဘာတွေကို သုံးသပ်နိုင်သလဲဆိုတာ ဖြစ်ပါတယ်။

အတိုအထွာ ပစ္စည်းတွေ ဟိုညှပ်ဒီညှပ်လုပ်ထားတာ တွေ့ရမယ်

brightside

အခန်းကို ပထမဆုံး စစတွေ့ချင်းမှာတော့ အားလုံးဟာ သပ်ရပ်သန့်ရှင်းနေမယ်၊ ကြမ်းခင်းဟာ ပြောင်လက်နေမယ်၊ စာအုပ်တွေဟာ နေသားတကျ ရှိနေမယ်။ ဒါပေမယ့် တကယ်လို့များ မီးဖိုဆောင်ခန်းထဲက အံဆွဲ၊ ဒါမှမဟုတ် ဗီရိုပေါ်က စင်တစ်စင်ပေါ်ကို ကြည့်လိုက်မယ်ဆိုရင်တော့ ကျိုးပဲ့နေတဲ့ ကပ်ကျေး၊ ဘောပင်အစုတ်၊ ခဲတံအတိုအထွာ စတာတွေကို တွေ့ရမယ်ဆိုပါစို့။ ဒီလိုလူမျိုးဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အများက အထင်ကြီးလေးစားအောင် ပြသတတ်သူတွေပါ။ အိုဟောင်းနေပြီဖြစ်တဲ့ အသုံးမလိုတဲ့ ပစ္စည်းတွေကိုလည်း လွှင့်ပစ်ရမယ့်အစား ဖုံးကွယ်ပြီးပဲ ထားလေ့ရှိတာကြောင့် သူတို့ရဲ့ အကျင့်ဆိုးတွေကို သိုသိုသိပ်သိပ်ထားသူတွေပဲ ဖြစ်ပါတယ်။

အိမ်ခန်းအပြင်အဆင် ဘာမှမလုပ်တာ

brightside

အချို့လူတွေဟာ အိမ်ခန်းထဲမှာ နံရံကပ်စက္ကူဟောင်းတွေကပ်၊ ပစ္စည်းတွေကို သေတ္တာတွေနဲ့ စုပုံပြီး ဖြစ်သလို ထား၊ အဆင်ပြေသလို နေလေ့ရှိပါတယ်။ အိမ်ကို မျက်စိပသာဒရှိဖို့ အခြားအပိုပစ္စည်း ၀ယ်တာခြမ်းတာမျိုးတွေ မလုပ်ပါဘူး။ ကိုယ်နေတဲ့ နေရာကို ယာယီဆိုတဲ့သဘောမျိုးနဲ့ ဆက်ဆံပြီး နေထိုင်တတ်ကြပါတယ်။ စိတ်ပညာဘက်က ကြည့်မယ်ဆိုရင်တော့ ဒီလိုလူတွေဟာ အနာဂတ်မှာ နေထိုင်သူတွေဖြစ်ကြပြီး အကောင်းမြင်စိတ်ရှိသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ယာယီအဆင်မပြေမှူကို သည်းခံစိတ်မွေးနိုင်ကြသူတွေဖြစ်ပေမယ့် သူများပေးလာမယ့် အကူအညီကို စောင့်မျှော်ရင်း နေထိုင်ကြသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

အလုပ်စားပွဲနေရာဟာ ရှူပ်ယှက်ခတ်နေတာ

brightside

အလုပ်စားပွဲဟာလည်း စိတ်ပညာဆိုင်ရာ ရှူထောင့်ကနေကြည့်ရင် စိတ်ဝင်စားစရာကောင်းပါတယ်။ အချို့လူတွေက ကိုယ့်အလုပ်နဲ့စပ်ဆိုင်ရာ ပစ္စည်းလေးတွေကို စင်လေးတွေ၊ ပုံးလေးတွေနဲ့ ထည့်ထားတတ်ပါတယ်။ အချို့ကျတော့လည်း အားလုံးကို ရှူပ်ပွနေအောင် ထားတတ်ပါတယ်။ တကယ်လို့ အလုပ်စားပွဲဟာ ရှူပ်ပွနေတယ်ဆိုရင်တော့ တီထွင်ဖန်စွမ်းရှိသူဖြစ်တာကို ပြဆိုနေတယ်လို့ သိရပါတယ်။

တစ်အိမ်လုံးကို အမှိုက်ပုံနီးနီး ဖြစ်နေအောင် ထားတာ

brightside

လူအများစုက အိမ်သန့်ရှင်းရေးလုပ်ရတာကို မကြိုက်ကြပါဘူး။ အချို့လူတွေဆိုရင် သန့်ရှင်းရေးလုပ်ရတာကိုတောင် မုန်းတဲ့ သူတွေ ရှိပါတယ်။ အမှို်က်တွေကို အမှိုက်ပုံး ပြည့်လျှံမောက်လန်နေတဲ့အထိ ထားတာ၊ ပန်းကန်စင်မှာ ဆေးကြောပြီးသားပန်းကန် တစ်လုံးမှ မကျန်တော့တဲ့အထိ ပန်းကန်မဆေးပဲ ပစ်ထားတာတွေကို လုပ်တဲ့သူတွေတောင် ရှိပါတယ်။ ဒါကတော့ အချိန်ဆွဲပြီးရင်း ဆွဲ လေးဖင့်နေတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ အချိန်မရှိဘူး၊ မအားဘူး၊ မနက်မှ လုပ်မယ်၊ ညမှလုပ်မယ်နဲ့ အချိန်ဆွဲရင်း ပျင်းရိတတ်သူတွေဖြစ်တယ်ဆိုတာ ပြသနေကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

READ
အထာကျကျ နဲ့အလှဆုံးပြုံးနေတတ်ဖို့ ... ဒီအချက်တွေတော့လိုပါတယ်။

Ref: bright side

SHARE