နာမည်ကျော် လက်သင်္ကေတများနဲ့ ၎င်းတို့ရဲ့ မူလအစဖြစ်ပေါ်လာခဲ့ပုံများ

လူတိုင်းက အချက်ပြတဲ့ သဘောနဲ့ဖြစ်ဖြစ် တစ်ခုခုပြောချင်တဲ့ သဘောနဲ့ပဲဖြစ်ဖြစ် လက်သင်္ကေတတွေ လုပ်ဖူးကြပါတယ်။ အဲဒီ့ထဲမှာမှ ကြည့်လိုက်ရင် ရင်းနှီးပြီးသားဖြစ်နေမယ့် ကိုယ်တိုင်လည်း ပြုလုပ်နေကျ ဖြစ်နေမယ့် သင်္ကေတလေးတွေလည်း ရှိနေမှာပါ။ တွေ့နေကျပေမယ့် အဆိုပါသင်္ကေတလေးတွေက ဘယ်က ဘယ်လိုစဖြစ်လာလဲ၊ ဘယ်သူစလုပ်ခဲ့လဲဆိုတာတော့ သိသူရှားတတ်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ Shwemom ပရိသတ်ကြီးအတွက် မြင်တွေ့နေကျ ပေါ်ပြူလာဖြစ်တဲ့ လက်သင်္ကေတလေးတွေက ဘယ်ကနေ စဖြစ်လာခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်နော်။

Finger Heart

Koreaboo
NBC Los Angeles
teepublic

ဒီသင်္ကေတကတော့ ကေပေါ့အဖွဲ့တွေ ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ ရင်းနှီးပြီးသားလူတွေဆို ပိုမြင်ဖူးကြပါလိမ့်မယ်။ လက်ညှိုးနဲ့ လက်မတို့ကို crossing ထပ်ပြီး လုပ်တဲ့ သင်္ကေတလေးပါ။ တောင်ကိုရီးယားက စပေါ်ပေါက်ခဲ့တာဖြစ်ပြီး (၂၀၁၀)ခုနှစ်က မင်းသမီး ကင်ဟယ်ဆူး စလုပ်ခဲ့တာလို့ ဆိုကြပါတယ်။ ဒါပေမယ့် အိုင်ဒေါ G-Dragon ကလည်း သူငယ်ဘဝက လက်ချောင်းအသည်းပုံ ပြုလုပ်ခဲ့တဲ့ ဓာတ်ပုံကို ပြခဲ့တာကြောင့် GD စခဲ့တာလို့လည်း ယူဆကြပါတယ်။

READ
သင့်ရွေးလိုက်တဲ့အရောင်ကနေ သိနိုင်တဲ့ သင့်အကြောင်း

Peace Sign

Time
Media Storehouse

ခုခေတ်မှာ လူကြီးလူငယ်မရွေး တွေ့လို့ နှုတ်ဆက်ရင်ပဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ရင်ပဲဖြစ်ဖြစ် လုပ်လေ့ရှိတဲ့ သင်္ကေတတစ်ခုကတော့ လက်ဖဝါးဘက်လှည့်ပြီး လက်နှစ်ချောင်းထောင်ပြတာပါ။ စတင်ပေါ်ပေါက်လာခဲ့တာကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီက V for Victory ဆိုကာ လက်နှစ်ချောင်းကို V အနေနဲ့ စတင်ပြုလုပ်ခဲ့တာပါ။ ၎င်းသင်္ကေတဟာ ဘီတယ်စ် ဂီတအဖွဲ့ဝင် Ringo Starr ကြောင့် ဆက်လက်နာမည်ကြီးလာခဲ့ပြီး သူသုံးတဲ့ အချိန်မှာတော့ ငြိမ်းချမ်းရေးသင်္ကေတအဖြစ် နာမည်ပေးခဲ့ပါတယ်။

I Love You 

Shutterstock

ဒါကတော့ လက်သင်္ကေတပြ ဘာသာစကားက လာတာဖြစ်ပါတယ်။ လက်သန်းက I ကို ကိုယ်စားပြုပြီး၊ လက်ညှိုးနဲ့ လက်မအပေါင်းက Love (L) ကို ကိုယ်စားပြုကာ လက်မနဲ့ လက်သန်း ပြန်ပေါင်းကြည့်ရင် U ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်တဲ့။

Vulcan Salute

Time
Digital Spy

ဒါကတော့ သိတော့သိတယ် လိုက်တော့ မလုပ်တတ်ဘူးဆိုတဲ့ သင်္ကေတတစ်ခုပေါ့။ ကမ္ဘာကျော် စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်း Star Trek ထဲမှ ဇာတ်ကောင် Mr. Spock ပြုလုပ်ခဲ့တဲ့ သင်္ကေတဖြစ်ပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း လက်လေးချောင်းကို အလယ်က ခွဲပြီး ပြုလုပ်တာဖြစ်ပါတယ်။ ဇာတ်လမ်းထဲက Vulcan ဘာသာစကားနဲ့ဆို “သက်ရှည်ကျန်းမာ ကြွယ်ဝပါစေ” ဆိုပြီး ကောင်းချီးပေးတဲ့ အဓိပ္ပာယ်လို့ သိရပါတယ်။

READ
Bff တွေ တစ်သက်လုံး အခင်အမင်မပျက်ဘဲ အတူတူရှိနေဖို့ ဒါလေးတွေကိုလိုက်နာပါ

High Five 

Shutterstock
Shutterstock

ဒီသင်္ကေတ စတင်အသုံးပြုလုပ်ခဲ့ကြတာကတော့ (၂၀)ရာစု အစောပိုင်း ဂျက်ဇ်ဂီတခေတ်က ဖြစ်ပါတယ်။ ဂီတပညာရှင်တွေက အချင်းချင်းနှုတ်ဆက်တဲ့အနေနဲ့ ပြုလုပ်ခဲ့ကြတာပါ။ (၁၉၇၀)ခုနှစ်တွေ ရောက်လာတဲ့အခါမှာတော့ ကောလိပ်ကျောင်း ဘတ်စကတ်ဘော ကစားသမားတွေက လက်မြှောက်ကာ လက်ဝါးချင်းရိုက်ခဲ့ကြရာမှ High Five လို့ အမည်တွင်လာခဲ့ပါတယ်။

Ref: Koreaboo, Richar Lang Worth, Start Asl, Smart Shopping, Wikipedia

SHARE