နည်းပညာဝန်ကြီးဌာနရဲ့ဖိအားပေးခြင်းခံနေရတဲ့ အင်ဒိုက PUPG streamer မလေး

@kimi.hime/Instagram

 

 

View this post on Instagram

 

Hayooo mau request challenge apa nih buat next konten

A post shared by Kimi Hime 姫 (@kimi.hime) on

Game တွေကို streaming လုပ်နေတဲ့ YouTuber မလေး Kimi Hime ကတော့ သူ့နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ဆက်သွယ်ရေးနဲ့နည်းပညာဝန်ကြီးဌာနရဲ့ ပြင်းပြင်းထန်ထန်သတိပေးခြင်းကို ခံနေရပါတယ်ဆိုပြီး The Jakarta Post မှာ ဖော်ပြထားပါတယ်။ ဌာနမှပြောကြားချက်အရတော့ သတိပေးစာကို Kimi Hime ရဲ့ e-mail မှရော Instagram message ကနေရောပါ တင်္နလာနေ့တုန်းပို့ခဲ့ပါတယ်တဲ့။ သတိပေးစာထဲမှာ Kimi Hime ကို ဌာနကို လာခိုင်းပြီး ဆွေးနွေးဖို့ အဓိကပါနေပြီး အကယ်၍ အမြန်ဆုံးမလာခဲ့ပါက သူမရဲ့ ဗီဒီယိုမှန်သမျှကို ဖြုတ်ချသွားမယ်ဆိုပြီးလည်း သိခဲ့ရပါတယ်။

 

ဌာနကပြောရေးဆိုခွင့်ရှိသူ Ferdinand Setu ဆိုသူကတော့ Kimi Hime ကို ဒီတစ်ပတ်အတွင်း ဌာနကိုလာဖို့မျှော်လင့်ထားပမယ့်လို့ တနင်္လာနေ့ကတည်းကပို့ထားတဲ့ စာတွေကိုတောင် တုန့်ပြန်ခြင်းမရှိသေးတဲ့အတွက် မဖြစ်သင့်ကြောင်းနဲ့ ဌာနဖက်က Kimi Hime ရဲ့ account တွေကို ဖြုတ်ချချင်တာမဟုတ်ဘဲ နိုင်ငံအနေနဲ့ ရိုင်းတယ် မသင့်လျော်ဘူးလို့ ခံယူထားတဲ့ ဗီဒီယိုတချို့ကိုသာ ဖြုတ်ချချင်တာဖြစ်ပြီး ဘယ်ဗီဒီယိုတွေပါဝင်နေလဲဆိုတာလည်း ရွေးချယ်ပြီးသွားခဲ့ပါပြီတဲ့။

READ
အလေးချိန်ထက်ဝက်လောက်ကျသွားပြီဖြစ်တဲ့ အင်ဒိုနီးရှားမှ အဝဆုံးကလေး

 

Kimi Hime ရဲ့ နာမည်အရင်းကတော့ Kimberly Khole ဖြစ်ပြီး အသက်ကတော့ ၂၉ နှစ်ရှိနေပါပြီ။ သူမဟာ Instagram နဲ့ YouTube တို့ကို အဓိကထားကာ PUPG ဆော့ပြပြီး streaming လုပ်နေတဲ့ game streamer တစ်ယောက်အဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ Streaming လုပ်တဲ့အခါမှာ ရိုးရိုးတန်းတန်းမဟုတ်ဘဲနဲ့ သူမရဲ့ဆွဲဆောင်မှုရှိလွန်းနေတဲ့ ရင်သားကို အသားပေးလွန်းတာတွေ၊ လိင်စိတ်ဆွဲဆောင်နိုင်တဲ့ အသံမျိုးတွေနဲ့ streaming လုပ်နေတဲ့အတွက်ကြောင့် အင်ဒိုနီးရှားလိုနိုင်ငံမျိုးအနေနဲ့ မသင့်လျော်ဘူးလို့ သတ်မှတ်ခံခဲ့ရတာာပဲဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူမရဲ့ YouTube မှာ Subscribers ပေါင်း ၂.၂ သန်းအထိ မြင့်တက်လာပြီး IG မှာလည်း follower ပေါင်း ၁.၂ သန်းအထိ ရှိလာခဲ့ပါတယ်။

READ
မသေခင်အချိန်ပိုင်းမှာချစ်သူနဲ့လက်ထပ်သွားနိုင်ခဲ့တဲ့ကင်ဆာဝေဒနာရှင်မလေး

 

 

View this post on Instagram

 

Baba manja banget deh sukanya dielus2 sampe ketiduran

A post shared by Kimi Hime 姫 (@kimi.hime) on

Penny

 

SHARE