လွန်ခဲ့တဲ့နှစ်(၂၀) တုန်းက မရှိသေးပေမယ့် (၂၀၁၉) မှာ ထိပ်တန်းရောက်နေတဲ့ အလုပ်အကိုင်များ

unsplash/david henrichs

ခုခေတ်အလုပ်အကိုင်တွေဟာ လွန်ခဲ့တဲ့ နှစ်(၂၀) လောက်တုန်းကနဲ့ မတူတော့ပါဘူး။ လွန်ခဲ့တဲ့ (၉၀) ခုနှစ်များလောက်ဆီက ရှိခဲ့တဲ့ အလုပ်အကိုင်တွေထဲ တစ်ချို့အလုပ်အကိုင်တွေဟာ အခုခေတ်မှာ ပျောက်ကွယ်ကုန်ကြသလို အလုပ်သစ်တွေအများကြီးလည်း ပေါ်လာပါတယ်။ အခုအခါမှာတော့ insider ကနေတဆင့် တွေ့မြင်ရတဲ့ မျက်မှောက်ခေတ်မှာမှ ပေါ်လာတဲ့ အလုပ်အကိုင်သစ်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 Drone Operator

ဒရုန်းယာဉ်ပျံတွေဟာ ပေါ်လာတာ သိပ်မကြာသေးပါဘူး။ အမေဇုန်လိုမျိုး ကုမ္ပဏီကြီးတွေတောင် ဒရုန်းတွေကို လွန်ခဲ့တဲ့ (၅) နှစ်ကမှ စပြီး အသုံးပြုလာတာပါ။ ဒရုန်းယာဉ်ပျံတွေဆိုတာက သူတို့ကို မောင်းနှင်မယ့်သူတွေ လိုအပ်ပါတယ်။ ရုပ်ရှင်ကဏ္ဍထဲမှာတော့ ဒရုန်းတွေဟာ ဝေဟင်ပိုင်းဆိုင်ရာမြင်ကွင်းတွေကို သာမန်ထက် ထူးကဲစွာ ရိုက်ယူနိုင်တဲ့အတွက် အသုံးများပါတယ်။ ဒရုန်းနဲ့ အသက်မွေးမှုပြုချင်တယ်ဆိုရင်တော့ အဝေးထိန်းပိုင်းလော့ အောင်လက်မှတ်ရဖို့နဲ့ စာမေးပွဲဖြေဖို့ လိုအပ်ပါတယ်။

unsplash/Sara Kurfeß

App Developer

(၂၀၀၀) ခုနှစ်နှောင်းပိုင်း မတိုင်ခင်အထိ app တွေကို မတီထွင်နိုင်ခဲ့သေးပါဘူး။ ဒါကြောင့် app developer တွေဆိုတာဟာလည်း အရင်တုန်းက မရှိသေးပါဘူး။ (၂၀၁၉) ခုနှစ်အရောက်မှာတော့ အရာရာတိုင်းအတွက် app တွေ ပေါ်လာပါတယ်။ App တွေဟာ နေ့စဉ်အသုံးပြုနိုင်တဲ့အပြင် ငွေကုန်ကြေးကျသက်သာတာကြောင့်လည်း လူကြိုက်များလာပါတယ်။ App developer တွေနည်းတူ SEO specialist ၊ coder နဲ့ web analyst စတဲ့အလုပ်အကိုင်တွေဟာလည်း အရင်က မရှိခဲ့သေးပါဘူး။

READ
25 မတိုင်အရွယ်နဲ့ Over 25 အရွယ်ရဲ့ ဖီလင်ကွာခြားချက်

Marijuana industry

ဆေးခြောက်လုပ်ငန်းခွင်ဟာလည်း အလျင်အမြန်နဲ့ တဟုန်ထိုး တိုးတက်လာနေတဲ့ လုပ်ငန်းအမျိုးအစား ဖြစ်ပါတယ်။ ဆေးပေးခန်းဌာနတော်တော်များများမှာဆိုရင် ဆေးခြောက်နဲ့စပ်ဆိုင်ရာ လုပ်ငန်းတွေကို ပြုလုပ်ဖို့ အလုပ်သမားတွေကိုတောင် ငှားရမ်းထားပါတယ်။ အခုဆိုရင် အမေရိကန်က ပြည်နယ်(၁၁) ခုမှာ ဆေးခြောက်ကို အပန်းဖြေဖို့သက်သက် သီးသန့်တရားဝင်သုံးနိုင်တဲ့အပြင် ပြည်နယ် (၃၃) ခုမှာ ဆေးခြောက်ကို ဆေးဝါးကဏ္ဍအတွက် အသုံးချလို့ရနေပါပြီ။

unsplash/ Charles 🇵🇭

Online Shop

အွန်လိုင်းဈေးဆိုင်တွေဟာလည်း ခုခေတ်မှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာပါပြီ။ လူတွေဟာ မိမိတို့ ဖန်တီးထားတဲ့ ကုန်ပစ္စည်းတွေကို ခင်းကျင်းပြသဖို့ ဆိုင်ခန်းနေရာတောင် မလိုပဲ တစ်ကမ္ဘာလုံးပတ်ပြီး ဈေးအရောင်းအ၀ယ်တွေ ပြုလုပ်နိုင်နေပါပြီ။ Etsy လိုမျိုး ၀က်ဆိုက်ဒ်မှာဆိုရင် အိမ်တွင်းဖြစ် လက်လုပ် အသုံးအဆောင်ပစ္စည်းလေးတွေကို ရောင်းချနေတဲ့ နိုင်ငံအနှံ့အပြားက လူတွေကို တွေ့ရမှာပါ။ ဥပမာ ဆာရာချားလ်စ်ဆိုသူ အမျိုးသမီးတစ်ဦးဟာဆိုရင် Etsy ကနေ သူမရဲ့ပုံနှိပ်ရိုက်အထည်တွေကို တင်ရောင်းပါတယ်။ အခုဆိုရင်တော့ သူမဟာ တစ်နေ့ကို အထည်သောင်းချီရောင်းနေရပြီး ၀င်ငွေအမြောက်အမြားရနေပါပြီ။

READ
၂၀၁၈ ခုနှစ်အတွက် ရာသီခွင်အလိုက် ပြုပြင်သင့်သည့် အားနည်းချက်များ

Social Influencer

ခုခေတ်မှာ အောင်မြင်တဲ့ influencer တစ်ယောက်ရှာနိုင်တဲ့ ၀င်ငွေဟာ သွားရည်ယိုစရာပါ။ အချို့Influencer တွေဆိုရင် ပို့စ်တစ်ခုတင်ရုံနဲ့ ဒေါ်လာထောင်နဲ့ချီ ရကြပါတယ်။ ဥပမာ အဆိုတော် ၊ သရုပ်ဆောင်နဲ့ influencer လည်း ဖြစ်တဲ့ Bella Thorne ဟာဆိုရင် သူမအင်စတာဂရမ်ပေါ်မှာ ပို့စ်တစ်ခုတင်ရုံနဲ့ ဒေါ်လာ (၆၅,၀၀၀) ကျော်အထိ ရတယ်လို့ ဆိုပါတယ်။ Influencer တွေဟာ နေရာတစ်ခု သို့မဟုတ် ကုန်ပစ္စည်းတစ်ခုကို သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ပေါ်မှာ ကြော်ငြာပေးရုံနဲ့ ငွေကြေးအပြင် အ၀တ်အထည်တွေနဲ့ အားလပ်ရက်ခရီးစဉ်တွေကိုပါ အခမဲ့ရရှိကြပါတယ်။

လင်းလင်း (ShweMom)

SHARE