တိုးရစ်အများစု သဘောကျလေ့ရှိတဲ့ ကမ္ဘာပေါ်ကရက်စက်တဲ့ တိရစ္ဆာန်ဖျော်ဖြေပွဲများ

pexels/HAMID ELBAZ

လူကြိုက်များတဲ့ တိရစ္ဆာန်ဖျော်ဖြေပွဲတွေရဲ့နောက်ကွယ်မှာ ရက်စက်တဲ့အကျိုးရလဒ်တွေရှိနေတတ်ပါတယ်။ လူတွေကိုပွေ့ဖက်တတ်တဲ့ ကိုအာလာလေးတွေ၊ မြွေတွေနဲ့ လူတွေကိုဖော်ရွေစွာဆက်ဆံတတ်တဲ့ လင်းပိုင်လေးတွေရဲ့နောက်ကွယ်မှာ အတွေ့အကြုံသစ်တွေဆိုတာ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ ဒီတိရစ္ဆာန်လေးတွေဟာ လူတွေသဘောကျအောင် ဖျော်ဖြေပြသဖို့အတွက် နောက်ကွယ်မှာ အကျဉ်းချခံထားရတာ၊ အစာရေစာငတ်တာ၊ သံကြိုးကွင်းခတ်ခံထားရတာ စတဲ့ စိတ်ကျဉ်းကြပ်မှုတွေကို ခံစားရပါတယ်။  အောက်ဘက်မှာတော့ brightside ကနေတဆင့် တွေ့မြင်ရတဲ့ ပေါ်ပြူလာတိုးရစ်ဖျော်ဖြေပွဲတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။

လင်းပိုင်

လင်းပိုင်တွေဟာ ပင်လယ်ထဲမှာ ပိုက်ကွန်တွေနဲ့အုပ်ပြီး အဖမ်းခံရပါတယ်။ သူတို့ကို ငါးပြတိုက်ထဲ ခေါ်ဆောင်လာတဲ့အခါ လမ်းခရီးမှာ လင်းပိုင်လေးတွေဟာ စိတ်ဖိစီးမှုဒဏ်ကိုခံစားကြရပါတယ်။ လင်းပိုင်တော်တော်များများက ငါးပြတိုက်မရောက်ခင် လမ်းခုလတ်မှာပဲ သေဆုံးကုန်ကြပါတယ်။ အသက်ရှင်ကျန်တဲ့လင်းပိုင်တွေကတော့ ဘ၀တစ်သက်တာလုံးကို ရေကူးကန်သေးသေးလေးတွေမှာ သူတို့ရဲ့သဘာဝမဟုတ်တဲ့ လူတွေသင်ကြားတဲ့အတိုင်းနေထိုင်ပြီး အချိန်ကုန်ဆုံးကြရပါတယ်။

pexels/Brenda Timmermans

ဆင်

ဆင်စီးတဲ့အခါ ဆင်ကြီးဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဆင်ဦးစီးညွှန်ပြတဲ့အတိုင်း သွားနေတာကို တအံ့တသြဖြစ်မိမှာပါ။ ဒီနောက်ကွယ်မှာတော့ ခါးသီးတဲ့အမှန်တရားရှိပါတယ်။ ဆင်ပေါက်လေးတွေဟာ မိခင်ကြီးဆီကနေ ခွဲထုတ်ခံရပြီး အပြင်းအထန်လေ့ကျင့်ရေးဆင်းရပါတယ်။ ခန္ဓာကိုယ်နာကျင်ထိခိုက်ရတဲ့အထိ ဒုက္ခဆင်းရဲခံရတဲ့အပြင် အစာရေစာဖြတ်တောက်လည်း ခံရပါတယ်။ ဆင်တွေကို သူတို့တစ်သက်တာလုံး ချိန်းကြိုးတွေနဲ့ခတ်ထားပြီး တခြားဆင်တွေနဲ့ ကူးလူးဆက်ဆံခွင့်မပေးပါဘူး။

READ
လူတိုင်းမက်လေ့ရှိတဲ့ အိပ်မက်(၅)မျိုးနှင့် ၎င်းတို့၏အဓိပ္ပါယ်များ

ဝက်ဝံ

တောထဲမှာဆိုရင် ၀က်ဝံတွေဟာ တစ်ကောင်ထဲနေရတာကို နှစ်သက်ပါတယ်။ ဥယျာဉ်ထဲရောက်ရင်တော့ သူတို့တွေဟာ တွင်းတွေ၊ လှောင်အိမ်တွေထဲမှာနေရပါတယ်။ များသောအားဖြင့် ဥယျာဉ်တွေဟာ နေရာတစ်ခုမှာ ၀က်ဝံ(၃) ကောင်လောက် ထားလေ့ရှိပါတယ်။ ၀က်ဝံတွေအတွက်တော့ ဒါဟာ ပြွတ်သိပ်ကြပ်တဲ့အနေအထားပါ။ ဒါ့အပြင် အချို့ဥယျာဉ်တွေဟာဆိုရင် ၀က်ဝံတွေကို ၀တ်စုံဒီဇိုင်းအမျိုးမျိုးဆင်ပေးပြီး ဧည့်သည်တွေအတွက် ဖျော်ဖြေခိုင်းပါတယ်။ ဒီအတွက် ၀က်ဝံလေးတွေဟာ စိတ်ဖိစီးမှုဒဏ်ကိုအများကြီး ခံစားကြရပါတယ်။

pexels/Jimmy Chan

မျောက်

လူအသွားအလာများတဲ့ ထိုင်းနိုင်ငံလိုနေရာမျိုးမှာဆိုရင် အဖမ်းခံထားရတဲ့မျောက်တွေဟာ စိတ်မချမ်းမြေ့ဖွယ်အရာတော်တော်များများကို ဖြတ်သန်းရပါတယ်။ သူတို့ကို လူတွေရှေ့မှာကပြဖျော်ဖြေနိုင်ဖို့ လေ့ကျင့်သင်ကြားပေးပါတယ်။ လူတွေအတွက်တော့ မျောက်ကိုကြည့်ရင်း ရယ်နေရပေမယ့် တကယ်တမ်းတိရစ္ဆာန်လေးမှာတော့ ဒုက္ခရောက်နေရတာဖြစ်ပါတယ်။ ဖျော်ဖြေပွဲပြီးတာနဲ့ သူတို့ကိုသံကြိုးခတ်ပြီး လှောင်အိမ်ထဲ ပြန်ထည့်ပါတယ်။

မြွေ

အန္တရာယ်များတဲ့တိရစ္ဆာန်တစ်ကောင်ရဲ့ ဖျော်ဖြေမှုကိုကြည့်ရတာ စိတ်ဝင်စားစရာပါ။ တစ်ချို့သူတွေဆိုရင် မြွေနဲ့ အလမ္မာယ်ပြစားကြပါတယ်။ တကယ်တော့ အလမ္မာယ်ဆရာတွေဟာ မြွေဟောက်တွေကို တောထဲက ဖမ်းလာရပြီး သူတို့ရဲ့အစွယ်ကိုဖယ်ပစ်လိုက်တာပါ။ ဒါကြောင့် မြွေရဲ့အဆိပ်ဂလင်းဟာ ပိတ်သွားပြီး တိရစ္ဆာန်ခမျာလူကိုဘာမှမလုပ်နိုင်တော့ပါဘူး။ နောက်ပိုင်းမှာတော့ မြွေတွေဟာ အသတ်ခံရပြီး ဘ၀ဆုံးသွားကြရတာ များပါတယ်။

READ
စာကြမ်းပိုးတို့မွေ့လျော်ရာ ကမ္ဘာအရပ်ရပ်က အခမ်းနားဆုံး စာကြည့်တိုက်ကြီးများ

လင်းလင်း (ShweMom)

SHARE