လူသားတွေရဲ့ ဖျက်ဆီးခံလိုက်ရပြီဖြစ်တဲ့ Tourist attraction နေရာများ

ယနေ့အချိန်မှာ လူကြိုက်များကျော်ကြားတဲ့ tourist attraction နေရာတွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ မူတည်နေပါတယ်။ ခရီးသွားသူဦးရေ (၅၀) ရာခိုင်နှုန်းကတော့ အင်တာနက်ပေါ်က သတင်းအချက်လက်တွေနဲ့ ကြော်ငြာတွေဟာ သူတို့ရဲ့ ခရီးသွားအစီအစဉ်ကို အများကြီးလွှမ်းမိုးမှုရှိနေကြောင်း ဖော်ပြနေပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်က အချို့ထင်ရှားတဲ့ ခရီးသွားလာသူများတဲ့ နေရာတွေကတော့ စိတ်မကောင်းစရာပဲ ပျက်စီးကုန်ကြပါပြီ။

Maya Bay in the Phi Phi Islands, Thailand

© Roma Neus / Wikimedia Commons © _Z2968ME / TripAdvisor

လီယိုနာဒိုဒီကာပရီယိုပါဝင်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကား The Beach ဟာ ကမ္ဘာလှည့်ခရီးသည်တွေ ကြားထဲမှာတော့ အရမ်းပေါ်ပြူလာဖြစ်တဲ့ နေရာပါ။ နေ့စဉ်နေ့တိုင်း လူပေါင်း(၅) ထောင်နီးနီးဟာ ၄င်းနေရာကို လာလေ့ရှိခဲ့ပါတယ်။ ဇွန်လ(၂၀၁၈) ခုနှစ်မှာတော့ ပြန်လည်ပြုပြင်ဖို့အတွက် ကမ်းခြေကို လုံးဝ ပိတ်ချလိုက်ရပါတော့တယ်။

Coral on Christmas Island, Australia

© National Geographic

(၁၀) လအတွင်းမှာပဲ သန္တာကျောက်တန်း(၉၀) ရာခိုင်နှုန်းဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ အချို့သန္တာတွေဟာ အရောင်ကျွတ်သွားပြီး အချို့တွေကတော့ သေကုန်ပါတယ်။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပွားရတဲ့ အပူဖိအားကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။

READ
တိမ်မြုပ်ပျောက်ကွယ်တော့မယ့် တကယ့်ရှားပါး သတ္တဝါများ

Guaíra Falls on the Brazil-Paraguay border

© mario cesar mendonça gomes / flickr © Herr stahlhoefer / Wikimedia Commons

လှပတဲ့ဒီနေရာမှာတော့ ရေတံခွန်အတန်းလိုက်ကြီး ရှိပါတယ်။ (၁၉၈၂) ခုနှစ်မှာတော့ ရေအားလျှပ်စစ် Itaipu ရေကာတာကြောင့် ၄င်းတို့အားလုံးဟာ ရေမြှုပ်သွားခဲ့ရပါတယ်။ ကျောက်တုံးတွေကိုတော့ ဒိုင်းနမိုက်နဲ့ ဖယ်ရှားခဲ့ပါတယ်။

Chacaltaya Glacier in Bolivia

© Unknown / Wikimedia Commons © Isabel Moreno Rivadeneira / Wikimedia Commons

အခုမြင်ရတဲ့ ရေခဲချပ်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၈,၀၀၀) ကတည်းက ဖွဲ့စည်းဖြစ်တည်လာခဲ့တာပါ။ တောင်အမေရိကမှာ အမြင့်မားဆုံး ရေခဲချပ်ကြီးဖြစ်ပါတယ်။ (၁၉၈၀) ခုနှစ်ကစပြီး ၄င်းရေခဲချပ်ကြီးက တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာရာမှာ (၂၀၀၉) ခုနှစ်အရောက်မှာတော့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် လုံးဝပျောက်ကွယ်သွားခဲ့ရပါတယ်။

Duckbill, Oregon

© Steven Pavlov / Wikimedia Commons © OregonStateParks / facebook

(၂၀၁၆) ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့အထိ ၄င်းကျောက်တုံးကြီးဟာ လူကြိုက်များတဲ့ ကမ္ဘာလှည့်ခရီးသည်တွေသွားလာရာ နေရာတစ်နေရာ ဖြစ်ခဲ့ပါတယ်။ လူတစ်စုဟာ ၄င်းကျောက်တုံးကြီးရှိရာ ခြံစည်းရိုးကို ဖောက်ထွင်းပြီး သဘာဝအတိုင်းဖြစ်နေတဲ့ ကျောက်တုံးကြီးကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: brightside

SHARE