ဝက်သုံးထပ်သားလေးကို ချိုချိုစပ်စပ်၊ မွှေးမွှေးလေးဖြစ်အောင်ကြော်ချက်နည်း

ဒီတစ်ခါ တရုတ်နည်းလေးဖြစ်တဲ့ ဝက်သုံးထပ်သား ချိုချိုစပ်စပ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ အရမ်းစားလို့ကောင်းရုံသာမက အနံ့လေးကလည်း အရမ်းမွှေးပြီး စားပြီးရင်းစားချင်နေစေမယ့် အရသာလေးဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ
  • ဝက်သုံးထပ်သား အစိတ်သား
  • ခရမ်းချဉ်သီးတစ်လုံး
  • ငရုတ်ပွ နှစ်လုံး
  • ငရုတ်သီးအမှည့် ၁၀ တောင့်
  • ကြက်သွန်မြိတ် အနည်းငယ်
  • ကြက်သွန်ဖြူ ၆ တက်
  • ကြက်သွန်နီ လေးလုံး
  • ပဲငံပြာရည် နှစ်ဇွန်း
  • ငံပြာရည် တစ်ဇွန်း
  • သကြား (လက်ဖက်ရည်ဇွန်း) ၁ ဇွန်း
  • ဆား (လက်ဖက်ရည်ဇွန်း) ၁ ဇွန်း
  • ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း) ၁ ဇွန်း
  • ဆီအနည်းငယ်
ချက်ပြုတ်ပုံအဆင့်ဆင့်

  • ပထမဆုံးဝက်သားကို ရေသေချာဆေးပြီး ပါးပါးသေးသေးလေးလှီးလိုက်ပါ။
  • ပြီးရင် ဆား၊ ကြက်သားမှုန့်တို့နဲ့ နယ်ထားပါ။
  • ကြက်သွန်ဖြူ၊ နီတို့ကို ထောင်းပါ။
  • ငရုတ်ပွနဲ့ ခရမ်းချဉ်သီးတို့ကို သေးသေးလေးလှီးလိုက်ပါ။
  • ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့်ပြီး အပူပေးပါ။
  • ဆီပူလာရင် အရင်ဦးဆုံး သကြားကိုထည့်ပါ။
  • ပြီးရင် ပဲငံပြာရည်၊ ငံပြာရည်တို့ကိုထည့်ပြီး ကြက်သွန်ဖြူ၊နီ၊ ငရုတ်ပွ နဲ့ ခရမ်းချဉ်သီးတွေကိုထည့်ပါ။
  • သေသေချာချာရောမွှေပြီး ခဏကြာရင် ဝက်သားကိုထည့်ပါ။
  • ငရုတ်သီးကိုလည်း ထက်ခြမ်းခြမ်းပြီး ထည့်ပါ။
  • သေချာမွှေပြီး အဖုံးအုပ်ပါ။
  • ဆီပြန်လာပြီး ဝက်သားကျက်ရင် ကြက်သွန်မြိတ်တွေကို လှီးထည့်လိုက်ပါ။
  • အားလုံးပြီးလို့ ကျက်သွားရင်တော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ ဝက်သားချိုစပ်ကြော်လေးကို သုံးဆောင်နိုင်ပါပြီ။
 Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE