ကမ်းခြေတစ်ခုလုံး ပိတ်သိမ်းရတဲ့အထိ အန္တရာယ်များလွန်းတဲ့ Portuguese man of war

ပုံမှာ တွေ့ရတဲ့ သတ္တ၀ါကတော့ Portuguese man of war သို့မဟုတ် bluebottle လို့ သိကြတဲ့ ရေသတ္တ၀ါတစ်မျိုး ဖြစ်ပါတယ်။ Portuguese man of war ဟာ ကြည်လင်ပြီး ရောင်စုံပြေးနေတဲ့ ခန္ဓာကိုယ်ကြောင့် မျက်စိပသာဒဖြစ်ရပေမယ့် ၄င်းဟာ အဆိပ်ပြင်းလွန်းတဲ့ ရေသတ္တ၀ါအမျိုးအစားထဲ ပါဝင်ပါတယ်။

၎င်းမှာ ထူးခြားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း(၄) ပိုင်း ပါဝင်ပြီး ၄င်းတို့ဟာ မတူညီတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ကြပါတယ်။ အပေါ်ဆုံးအပိုင်းဖြစ်တဲ့ Pneumatophore အပိုင်းမှာဆိုရင် ဂက်စ်တွေနဲ့ ပြည့်တင်းနေတဲ့ အိတ်တစ်လုံးရှိပါတယ်။ သူ့လုပ်ဆောင်ချက်ကတော့ ရေပေါ်မှာ ပေါလောပေါ်စေတာ ဖြစ်ပါတယ်။ ၄င်းအိတ်ဟာ man of war ကို ပင်လယ်ရေလှိုင်းတွေထဲ အလိုအလျောက် မျောလို့ရအောင် လုပ်ဆောင်ပေးပြီး အန္တရာယ်နဲ့ တွေ့တဲ့အခါ အလိုအလျောက် လေလျော့လိုက်တဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။ ဒုတိယအပိုင်းမှာတော့ သားကောင်ကို ထိုးသတ်ဖို့နဲ့ ကိုယ့်ကိုကိုယ်ပြန်လည်ခုခံဖို့ အဆိပ်တွေနဲ့ ပြည့်နေတဲ့ လက်ချောင်းတွေ ရှိပါတယ်။ တတိယအပိုင်းကတော့ အစာခြေအိတ်ပါဝင်တဲ့အပိုင်းဖြစ်ပြီး စတုတ္ထပိုင်းမှာတော့ မျိုးပွားအင်္ဂါတွေ ပါဝင်ပါတယ်။

READ
ပင်လယ်တွင်းက မုန်တိုင်းဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်
answersingenesis

Portuguese man of war ကို ပူနွေးတဲ့သမုဒ္ဒရာရေပြင်တွေမှာ တွေ့နိုင်ပါတယ်။ 

answersingenesis

လေဖောင်းနေတဲ့ Pneumatophore ပိုင်းကို အသုံးချပြီး သမုဒ္ဒရာထဲမှာ ရွက်လွှင့်သွားလာလေ့ ရှိပါတယ်။

National Geographic

သားကောင်ကို ထိုးစိုက်ဖို့နဲ့ ရန်ပြုလာတဲ့ သတ္တ၀ါတွေကို တိုက်ခိုက်ဖို့ အဆိပ်ရှိတဲ့ လက်ချောင်းတွေကို အသုံးပြုပါတယ်။

Sunny Skyz

အဆိပ်ပြင်းလွန်းတာကြောင့် သူ့ကို ကမ်းခြေမှာ တွေ့ရရင်ပဲ ကမ်းခြေတစ်ခုလုံးကို ပိတ်ပစ်ရတဲ့အထိ အန္တရာယ်ရှိတဲ့ သတ္တ၀ါဖြစ်ပါတယ်။ 

National Geographic

အောက်ဘက်မှာတော့ လှပပေမယ့် အဆိပ်ပြင်းလွန်းတဲ့ Portuguese man of war ရဲ့ ဗီဒီယိုဖိုင်ပါ။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE