အွန်လိုင်းပေါ်မှာနာမည်ခေါ်ရင်း တစ်နေ့တစ်ခြား ၀န်းရံသူတွေများလာနေတဲ့ ပေါ်တူဂီအဖိုးအို

အွန်လိုင်းပေါ်မှာ Youtuber တွေ အများကြီးရှိပါတယ်။ Youtuber တွေ အများကြီးရှိသလို အကြောင်းအရာတွေကလည်း အစုံပါပဲ။ ဒါပေမယ့် ပေါ်တူဂီလူမျိုး Youtuber တစ်ဦးဖြစ်တဲ့ အဖိုးအို Nilson Izaias Papinho ရဲ့ Youtube အကောင့်ကတော့ ထူးထူးခြားခြား ရှိလှပါတယ်။

Youtube

အဖိုးအို Nilson ဟာ လွန်ခဲ့တဲ့ (၁၁) လ ခန့်လောက်ကနေစပြီး Youtube ပေါ်မှာ ဗီဒီယိုလေးတွေ တင်ခဲ့ပါတယ်။ သူတင်တာအများစုက သူ့ရဲ့ တစ်နေ့တာအချိန်တွေကို ဗီဒီယိုရိုက်ထားတာပါ။ သူ့ခြံထဲမှာ လျှောက်သွားပြီး မှည့်ရွှမ်းနေတဲ့အသီးတွေကို ခူးဆွတ်တာ၊ အစာခွက်မှာ စားသောက်နေကြတဲ့ ငှက်ကလေးတွေကို ပြတာ၊ သူမနက်စာ ဘာစားသလဲ စသဖြင့် သူ့ရဲ့ နေ့စဉ်ဘ၀ထဲက အကြောင်းတွေကို အလျဉ်းသင့်ရင် သင့်သလို ဗီဒီယိုလွှင့်လေ့ရှိပါတယ်။

Youtube

ဒါပေမယ့် ပြီးခဲ့တဲ့ တစ်လလောက်ကတော့ Nilson က Youtube ပေါ်မှာ ထူးထူးခြားခြား ဗီဒီယိုလေးတစ်ခုကို ထပ်တင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ သူ့ရဲ့ Youtube channel ကို Subscribe လုပ်တဲ့သူ တစ်ယောက်ချင်းစီကို လိုင်းပေါ်ကနေ ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ၄င်း ဗီဒီယိုဖိုင်လေးကို ‘agradecendo os comentários dos meus inscritos‘ လို့ အမည်ပေးထားပါတယ်။

READ
တိုက်ခန်းမြေအောက်ထပ်ထဲမှာမွေးထားတဲ့ (၆)ပေအရှည်ရှိမိကျောင်းကြီး

Nilson ဟာ မှတ်စုစာအုပ်တစ်ခုမှာ subscribe လုပ်သူတွေရဲ့ နာမည်တွေကို အကုန်ချရေးပါတယ်။ ပြီးတဲ့နောက် သူ့ channel ကို ၀င်ရောက်လေ့လာပြီး သူ့ကိုအားပေးလို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပါတယ်လို့ subscriber အယောက်စီတိုင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ သူဟာ ‘amigos e amigas’ လို့အမည်ပေးထားတဲ့ အသစ် subscribe လုပ်သူတွေကို ကျေးဇူးတင်ကြောင်း ပြောထားတဲ့ ဗီဒီယိုတစ်ခုကို ထပ်တင်ခဲ့ပါသေးတယ်။

Subscriber အယောက်စီတိုင်း အပေါ်မှာထားတဲ့ အဖိုးအို Nilson ရဲ့ စိတ်ထားက သူ့ကိုအကျိုးပေးပုံရပါတယ်။ တစ်စုံတစ်ဦးက ရိုးရိုးသားသားနဲ့ ကိုယ့်ကို အသိအမှတ်ပြုတဲ့စကားဟာ လူတွေရဲ့ စိတ်နှလုံးကို နွေးထွေးစေတာကြောင့် အဖိုးအို Nilson ကတော့ တစ်နေ့တစ်ခြား ချစ်ခင်သူတွေ ပေါများလာနေပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ Youtube channel ထဲမှာ subscriber တွေ တိုးတိုးလာနေပြီး အခုဆိုရင် (၃.၆) သန်းကျော်တောင် ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

READ
၂၀၃၀ခုနှစ်တွင် လက်ရှိနှုန်းထားထက် ကမ္ဘာ့လူဦးရေ (၁)ဘီလီယံ တိုးလာဖွယ်ရှိနေ

လင်းလင်း (ShweMom)

Ref: ladbible

SHARE