နှစ်တွေကြာလေ အနမ်းခြွေပုံတွေ ပြောင်းလဲလာလေ ဖြစ်နေတဲ့ ဘက်ခမ်းမောင်နှံ

ကိုယ်ဟန်အမူအရာ သရုပ်ခွဲပညာမှာ နားလည်တတ်ကျွမ်းကြတဲ့ ပညာရှင်တွေက ဒေးဗစ်နဲ့ ဗစ်တိုးရီးယားတို့ရဲ့ လူမြင်ကွင်းမှာ အကြင်နာချပြတဲ့ အမူအရာဟာ နှစ်တွေကြာပြီးနောက်ပိုင်း ပြောင်းလဲခဲ့ပြီလို့ ဆိုပါတယ်။ အခုတွေ့ရတဲ့ ပုံဟာ လန်ဒန် Kent & Curwen ဖက်ရှင်ပွဲ ညစာအခမ်းအနားမှာ တွေ့ရတဲ့ ပုံပဲဖြစ်ပါတယ်။ ပုံထဲမှာတော့ ဘက်ခမ်းဟာ ဗစ်တိုးရီးယားကို နမ်းနေတာ ဖြစ်ပါတယ်။

REX FEATURES

ဒီဓာတ်ပုံကို ကြည့်ပြီး ကိုယ်ဟန်အမူအရာကြည့် ကျွမ်းကျင်ပညာရှင် ဂျူဒီဂျိမ်းစ်ကတော့ “ဗစ်တိုးရီယားရဲ့ နှုတ်ခမ်းတွေက မပွင့်တစ်ပွင့်လေး စူထားတယ်။ နှုတ်ခမ်းချင်း နမ်းသယောင်ပုံစံမျိုး ဖမ်းထားပါတယ်။” လို့ ဆိုပါတယ်။ ဒီပုံဟာ လွန်ခဲ့တဲ့ (၂၀၁၂) ခုနှစ်တုန်းက LA Lakers game က နှစ်ယောက်နမ်းနေတဲ့ ဓာတ်ပုံနဲ့ ယှဉ်ကြည့်ရင် အကွာကြီးပါပဲလို့ ဂျူဒီက ဆိုပါတယ်။

READ
မိလ္လာခွက်ထဲ ဝင်နေတဲ့ (၆)ပေအရှည်ရှိမြွေကြီးကို လက်ချည်းသက်သက် ဖမ်းခဲ့တဲ့ အမျိုးသား

ဂျူဒီက မေ(၂၀၁၂) မှာတွေ့ရတဲ့ ဓာတ်ပုံတစ်ပုံမှာဆိုရင် ဒေးဗစ်နဲ့ ဗစ်တိုးရီးယားကြားထဲက ချင်ခင်ရင်းနှီးမှုကို အတိုင်းသား မြင်နိုင်ကြောင်း ရှင်းပြပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ လူကြားသူကြားထဲ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ချပြတဲ့အခြေအနေတွေဟာ ကိုးရိုးကားယားနိုင်လာကြောင်းနဲ့ လင်မယားနှစ်ယောက် နှုတ်ခမ်းချင်းနမ်းတာမျိုးတောင် မရှိတော့ဘူးလို့ ဂျူဒီက သုံးသပ်ထားပါတယ်။

Irish Independent

ဒီပုံလေးကတော့ ဘက်ခမ်နဲ့ ဗစ်တိုးရီးယားတို့ သမီးရည်းစားတွေ ဖြစ်နေကြပြီဆိုတာ တရားဝင်ကြေငြာခဲ့တဲ့ (၁၉၉၈)ခုနှစ်က ရိုက်ထားခဲ့တာပါ။

Shutterstock

ဒီပုံကလည်း (၁၉၉၉)ခုနှစ်တုန်းက ရိုက်ထားခဲ့တာ ဖြစ်ပါတယ်။

SPLASH NEWS

ဒီဓာတ်ပုံကတော့ မေလ(၂၀၁၂) ခုနှစ်က ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ ဒီပုံကိုတော့ ဂျူဒီက ဒေးဗစ်နဲ့ ဗစ်တိုးရီးယားတို့ဟာ ရုပ်ရှင်ရုံထဲအတူတူကြည့်နေတဲ့ ဆယ်ကျော်သက်စုံတွဲကလေးတွေလိုပါပဲလို့ သုံးသပ်ထားခဲ့ပါတယ်။

Shutterstock

ဖေဖော်ဝါရီ(၂၀၁၈) ခုနှစ်မှာ တွေ့ရတဲ့ သူတို့စုံတွဲရဲ့ ဓာတ်ပုံပါ။ ဒီပုံနဲ့ ပတ်သက်လို့တော့ ဂျူဒီက ဒေးဗစ်ဟာ ဗစ်တိုးရီးယားရဲ့ အပြုအမူကြောင့် အံ့အားသင့်နေပြီး ကြောင်တောင်တောင်ဖြစ်နေပုံရတယ်လို့ ဆိုပါတယ်။

READ
ညဘက်အပြင်ထွက်တဲ့ ရည်းစားကို ပညာပေးလိုက်တဲ့အမျိုးသမီး
REX FEATURES

ဒီပုံကတော့ စက်တင်ဘာ(၂၀၁၈)ခုနှစ်မှာ လန်ဒန်ဖက်ရှင်ပွဲမှာ တွေ့ရတာပါ။ ဒီဓာတ်ပုံကိုတော့ ကြည့်ရတာ ရိုမန်းတစ်ဖြစ်ပေမယ့် နှစ်ဦးသားဟာ တစိမ်းဆန်နေသလိုပဲ ခံစားမိကြောင်း ဂျူဒီက သုံးသပ်ထားပါသေးတယ်။

လင်းလင်း (ShweMom)

Ref: thesun

SHARE