K-pop လောကအတွင်း စိုးရိမ်ဖွယ်ဖြစ်လာတဲ့ Covid-19 ပိုးကူးစက်မှုအခြေအနေ

instagram/sihyeoneverglow instagram/officialyireon

K-pop အမျိုးသမီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Everglow ရဲ့ အဖွဲ့ဝင်နှစ်ယောက်မှာ ကိုဗစ်ပေါ့စတစ်တွေ့ရှိပြီးတဲ့နောက် K-pop တေးဂီတလောကအတွင်း စိုးရိမ်စိတ်တွေပေါ်ပေါက်လာနေပါတယ်။ တရုတ်ပြည်ဖွားစတားဖြစ်တဲ့ Yiren ဟာ နိုဝင်ဘာ၂၂ ရက်နေ့တုန်းက ကိုဗစ်ရှိနေတဲ့လူတစ်ယောက်နဲ့ ထိတွေ့မိခဲ့တာဖြစ်ပါတယ်။

Everglow ဟာ နိုဝင်ဘာ၂၄ ရက်နေ့တုန်းက ပေါ်ပြူလာကိုရီးယားတီဗီရှိုး Yoo Hee-yeol’s Sketchbook ထဲမှာ ပါဝင်ဖျော်ဖြေခဲ့တာပါ။ Sketchbook အပိုင်းထဲ ပါဝင်ခဲ့တဲ့ ကျန်တဲ့ Everglow အဖွဲ့ဝင်တွေမှာတော့ ကိုဗစ်ပိုးမတွေ့ခဲ့ရဘူးလို့ဆိုပါတယ်။

Sihyeon နဲ့ Yiren တို့ရဲ့ ကိုဗစ်ပေါ့စတစ်ဖြစ်ကြောင်း အဖြေကိုတော့ ဒီဇင်ဘာ၁ရက်နေ့မှာ သိရှိခဲ့တာပါ။ သူတို့မတိုင်ခင် အမျိုးသားအဆိုတော်အဖွဲ့ Up10tion က Bitto နဲ့ Kogyeol တို့မှာလည်း ကိုဗစ်ပိုးတွေ့ကြောင်း သတင်းတွေထွက်လာခဲ့ပါသေးတယ်။ ဒါကြောင့် သူတို့နဲ့ ထိတွေ့မိခဲ့တဲ့ K-pop စတားတွေအကုန်လုံး စစ်ဆေးမှုခံယူဖို့ဖြစ်လာခဲ့ပါတယ်။

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို အကြီးအကျယ်ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဆိုးလ်အခြေစိုက် တောင်ကိုရီးယားဖျော်ဖြေရေးကဏ္ဍမှာတော့ live events တွေ ဖျက်သိမ်းတာကလွဲလို့ တခြားကြီးကြီးမားမားတားမြစ်တာမျိုးမရှိပါဘူး။ အနုပညာရှင်တွေတစ်စထက်တစ်စ ကိုဗစ်ပိုးကူးစက်ခံလာရတဲ့အခြေအနေမှာ K-pop လောကကတော့ ဒီအခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရပါတယ်။ လတ်တလောမှာတော့ Up10tion ၊ Everglow အဖွဲ့ဝင်တွေနဲ့ ထိတွေ့ထားသူ မှန်သမျှကို စစ်ဆေးခဲ့ရာမှာတော့ အားလုံး negative ဖြစ်နေကြောင်းလည်း scmp အရ သိရပါတယ်။

READ
ရာထူးကနေထုတ်ပယ်ခံလိုက်ရပြီဖြစ်တဲ့ Sulliအကြောင်းကိုလျှောက်ဖွခဲ့တဲ့ မီးသတ်သမား(၂)ဦး

ShweMom

SHARE