(၂၀၃၀)တွင် ဗြိတိသျှစစ်တပ်ရဲ့လေးပုံတစ်ပုံကို ရိုဘော့စစ်သားများဖြင့် ဖွဲ့စည်းနိုင်

pexels/Mike Navolta Jonathan Brady/PA

ပြီးခဲ့တဲ့တနင်္ဂနွေတုန်းက ဗြိတိန်ကြည်းရေလေတပ်မတော်အကြီးအကဲတစ်ဦးက ၂၀၃၀ မှာ ဗြိတိသျှစစ်တပ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ရိုဘော့စစ်သား ၃၀,၀၀၀ ကိုပါဝင်ဖွဲ့စည်းနိုင်ခြေရှိတဲ့အကြောင်း တီဗီအင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ကာကွယ်ရေးဗိုလ်ချုပ်ကြီး Sir Nick Carter က တပ်မတော်အနေနဲ့ ကွဲပြားခြားနားတဲ့နည်းလမ်းအတိုင်းသွားတဲ့အခါ တွေ့လာမယ့်ရလဒ်ကို စဉ်းစားဖို့လိုကြောင်း ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ အရင်တုန်းက အစိုးရကတိပေးထားတဲ့ ၅နှစ်တာ ဘက်ပေါင်းစုံကာကွယ်ရေးအစီရင်ခံစာကိုလည်း ဆက်လက်လုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

Sir Nick Carter ကတော့ ၂၀၃၀ ခုနှစ်များအတွက် အသုံးပြုဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ တပ်မတော်အင်အားစုတွေမှာ အလိုအလျောက်သို့မဟုတ် အဝေးထိန်းစနစ်နဲ့ထိန်းချုပ်တဲ့ စက်တွေအများကြီးပါဝင်နိုင်တယ်လို့ဆိုထားပါတယ်။ “ကျွန်တော် ပြောချင်တာက စစ်သား ၁သိန်း၂သောင်းပါတဲ့ စစ်တပ်တစ်တပ်မှာ ၃သောင်းလောက်က ရိုဘော့တွေဖြစ်နိုင်တယ်။ ဘယ်သူသိနိုင်မလဲ။” ဆိုပြီး ပြောထားတာဖြစ်ပါတယ်။

အဆိုပါ ၅နှစ်တာကာကွယ်ရေးအစီရင်ခံစာထဲမှာ အဓိကအကျဆုံးအချက်ဟာ စက်ရုပ်တွေဖန်တီးထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ဘဏ္ဍာရေးဌာနက အဓိပတိကြီး Rishi Sunak က ရွှေ့ဆိုင်းလိုက်တဲ့အတွက် Sir Nick Carter က လာမယ့်စက်ရုပ်တွေနဲ့ကာကွယ်ရေးစီမံချက်တွေ တကယ်အကောင်အထည်ပေါ်လာပါ့မလား သံသယရှိနေတာ ဖြစ်ပါတယ်။

READ
Forrest Gump လိုမျိုး ခရီးရှည်မိုင်ပေါင်းများစွာကို ပြေးလွှားနေတဲ့ လူတစ်ယောက်အကြောင်း
pexels/pixabay

“ကျွန်တော်တို့အမြင်အရ ရှင်းရှင်းလင်းလင်းပြောရရင် ဒီလိုမျိုး နှစ်ရှည်ဘတ်ဂျက်ရဖို့ အငြင်းအခုံလုပ်ရမှာပဲ။ ဘာလို့လဲဆိုတော့ ရေရှည်ရင်းနှီးမြှုပ်နှံမှုဟာ စစ်တပ်ကို ခေတ်နဲ့အမှီလိုက်နိုင်ဖို့ ကျွန်တော်တို့ကို ယုံကြည်မှုပေးပါတယ်။” လို့ ဗိုလ်ချုပ်ကြီးက ဆိုပါတယ်။ ဒါ့ပြင် သူက ဖြစ်လာနိုင်ခြေရှိတဲ့ အနာဂတ်စစ်ပွဲတွေရဲ့အန္တရာယ်လည်းရှိသေးတဲ့အတွက် ကာကွယ်ရေးဘက်က သုတေသနကို ပိုမိုရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဗြိတိသျှတပ်မတော်ဟာ ဒရုန်းအငယ်စားတွေ၊ မြေပြင်အဝေးထိန်းစနစ်တွေနဲ့ ရေအောက်ယာဉ်သုတေသန ပရောဂျက်တော်တော်များများကို လုပ်ဆောင်လျက်ရှိနေကြောင်းလည်း theguardian အရသိရပါတယ်။

ShweMom

SHARE