(၄)မိနစ်ကြာ စီးရမယ့် ကမ္ဘာ့အရှည်လျားဆုံး ရေလွှာလျှောကြီး

Facebook/TODAY

အချိန်(၄) မိနစ်ကြာစီးရမယ့် ရေလွှာလျှောကြီးတစ်ခုကို မလေးရှားနိုင်ငံရဲ့ တောအုပ်တစ်ခုတွင်းမှာ တည်ဆောက်နေတယ်လို့ သိရပါတယ်။ လက်ရှိဆောက်လုပ်နေတဲ့ ရေလွှာလျှောကြီးဟာ ကမ္ဘာ့အရှည်လျားဆုံးရေလွှာလျှောကြီးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီရေလွှာလျှောအသစ်ကြီးကို ပီနန်းပြည်နယ် တီလက်ခ်ဘာဟန်းမြို့က Escape Theme Park ထဲမှာ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။ ရေလွှာလျှောကြီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၂,၅၅၉) ပေမှာရှိပြီး အရှည်အားဖြင့် (၃,၇၄၀) ပေ အရှည်ရှိမယ်လို့ သိရပါတယ်။

Facebook/TODAY

Theme Park ရဲ့ အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ ဆင်းမ်ချူးကန်းကတော့ ရေလွှာကြီးဟာ (၂,၃၁၂) ပေ ပြီးစီးခဲ့ပြီဖြစ်ပြီး ကျန်တာကိုတော့ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း ပြောပြပါတယ်။ တကယ်လို့ ဒီရေလွှာလျှောကြီးသာ ပြီးသွားခဲ့ရင် အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်က ပေပေါင်း(၁,၉၇၅) ပေ အရှည်ရှိတဲ့ ရေလွှာလျှောကြီးထက်တောင် သာသွားပြီး ကမ္ဘာ့အရှည်ဆုံးဖြစ်လိမ့်မယ်လို့ တာဝန်ရှိသူတွေကတော့ ဆိုပါတယ်။

READ
စင်္ကာပူမှာ လည်ပတ်စရာနေရာတွေ

ရေလွှာလျှောကြီးကို အမြင့်ကြီးဆောက်ထားတာကြောင့် လူတွေအနေနဲ့ ဘယ်လိုများအပေါ်တက်ပြီး စီးကြမလဲဆိုတာ စိတ်ပူစရာမရှိလှပါဘူး။ ဒါပြဿနာကို ဖြေရှင်းဖို့အတွက် ကေဘယ်ကားတွေ စီမံထားကြောင်းလည်း သိရပါတယ်။ သစ်တောရဲ့ အခြေကနေ တောင်ထိပ်ဆီကိုကေဘယ်ကားတွေနဲ့ အပို့အကြိုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီလောက်ကြီးမားလှတဲ့ ရေလွှာလျှောအသစ်ကြီးဆောက်ရတာ လွယ်တော့မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆောက်လုပ်ရေးလုပ်သားတွေက ပစ္စည်းတွေအတင်အပို့ပြုလုပ်ရမှာလည်း သဘာဝပတ်ဝန်းကျင်မထိခိုက်စေဖို့ ကြိုးစားရပါသေးတယ်။

ဆောက်လုပ်ရေးတာဝန်ခံတစ်ဦးကတော့ အခုလောက်ကြီးတဲ့ ရေလွှာလျှောကြီးတည်ဆောက်ရတာဟာ အထပ်(၂၀) လောက်ရှိတဲ့ အဆောက်အဦးကြီးတစ်ခု တည်ဆောက်ရတာနဲ့ ညီမျှကြောင်း ဆိုခဲ့ပြီး လူ့အသက်အန္တရာယ်လုံခြုံမှုရှိဖို့၊ သဘာဝဘေးအန္တရာယ်ကနေ ကြံ့ကြံ့ခံနိုင်ဖို့ စတဲ့အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရကြောင်း ပြောသွားခဲ့ပါတယ်။

World's longest water slide to open in Penang in August

WATCH: The Escape Theme Park in Penang is going to have the world’s longest water slide. Visitors will slide down from the hilltop and cross Jalan Teluk Bahang to the suspension bridge and end up at the water theme park. (Video: Facebook/Escape Theme Park, Penang) STORY: https://tdy.sg/2KzmR54

Posted by TODAY on Monday, June 24, 2019

လင်းလင်း (ShweMom)

SHARE