စိတ်ဓာတ်အကျဆုံးအချိန်တွေကို ကုစားပေးနိုင်ဖို့ album အသစ်ထုတ်တော့မယ့် Post Malone

Instagram- @postmalone

Post Malone ဟာ Rock Star, Congratulations စတဲ့ သီချင်းတွေနဲ့ ပရိတ်သတ်တွေရဲ့ လက်ခံအားပေးမှုကိုခံလာခဲ့ရပြီး album ထွက်လာတုန်းကဆိုရင်လည်း တော်တော်လေးကို ပေါက်ခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ အမြဲတမ်းခပ်စိပ်စိပ်ရှိနေတဲ့ သူကတော့ အခုလည်း သူ့ရဲ့အနုပညာသမိုင်းအတွက် နောက်ထပ်အလံတစ်ခုကို စိုက်ထူနိုင်တော့မယ်ဆိုတာ ကြေငြာလိုက်ခဲ့ပါတယ်။

View this post on Instagram

by @adamdegross

A post shared by @ postmalone on

အဲဒါကတော့ album အသစ်ထွက်တော့မယ်ဆိုတဲ့အကြောင်းပါပဲ။ WSJ. Magazine ရဲ့ အင်တာဗျူးအရ Malone ဟာ မကြာခင်မှာပဲ album အသစ်ကို ထုတ်တော့မယ်ဆိုပြီး ပြောလာခဲ့တာပါ။ ကြည့်ရတာ COVID-19 ကာလအတွင်း Malone တစ်ယောက် လုပ်စရာမရှိဖြစ်နေတုန်း ကြိုးစားလိုက်တယ်ထင်ပါရဲ့။

READ
ဘယ်တုန်းကမှ မျက်နှာခွဲစိတ်ပြုပြင်မှု မပြုလုပ်ခဲ့ပါဘူးလို့ ငြင်းခဲ့တဲ့ Kylie

သူ Utah မှာ social distancing လုပ်နေတုန်း သတင်းတွေကြည့်ရင်း အတွေးတစ်ခုဝင်လာခဲ့ပါတယ်တဲ့။ အဲဒါကတော့ ကမ္ဘာကြီးဟာ ဘယ်လိုရိုက်ခတ်မှုဒဏ်တွေပဲ ကြုံလာရ ကြုံလာရ ကြံ့ကြံ့ခိုင်အောင် တောင့်ခံနေနိုင်တယ်ဆိုတာပါပဲ။ သူလည်း သူ့ကိုယ်သူ လိုအပ်ချက်တွေ၊ အားနည်းချက်တွေစတာတွေကို ပြန်စဉ်းစားမိခဲ့ပြီးနောက်မှာတော့ သီချင်းအသစ်တွေကို ဖန်တီးဖို့ စွမ်းအားတွေလည်း ရသွားခဲ့ပါတယ်တဲ့။

သီအချင်းအကြောင်းအရာတွေကိုတော့ လက်ရှိအချိန်မှာ ဖြစ်ပွားခံစားနေတဲ့ ကမ္ဘာအနှံ့ကလူတွေရဲ့ အကြောင်းလေးတွေကို အခြေံထားပါတယ်တဲ့။ ဆိုလိုတာ လူတွေရဲ့ အမှောင်မိုက်ဆုံး စိတ်ဓာတ်ကျနေတဲ့ အချိန်တွေမှာ ကူကယ်ရာ အားတစ်စုံတစ်ရာဖြစ်နိုင်စေမယ့် အဓိပ္ပာယ်တွေနဲ့ သီချင်းတွေပေါ့။ လူ့ခွန်အားတွေ၊ စိတ်ဓာတ်ခိုင်မာမှုတွေ၊ ကြိုးစားမှုတွေ၊ မျှော်လင့်ချက်တွေ စဖြင့် ပါဝင်နေပါတယ်။

READ
သမ္မတ Trump ကို အရူးကြီးလို့ တံဆိပ်ကပ် လိုက်တဲ့ Lady Gaga

ဒီလိုထွက်တော့မယ်လို့ ကြေငြာထားခဲ့ပေမယ့်လည်း ဘယ်အချိန်လဲဆိုတာကိုတော့ မပြောထားသေးပါဘူး။ ဘာကြောင့်လဲဆိုရင် သူဟာ ဒီ album ကို အလောတကြီးလုပ်သွားမှာမဟုတ်ဘဲ အချိန်ယူကာ အကောင်းဆုံးတွေကိုပဲ ချပြသွားမှာပါတဲ့။

penny

SHARE