အရက်မူးပြီး ဒေါ်လာ(၇)သောင်းခွဲတန်ဂျက်ကတ် မှားဝယ်ဖူးကြောင်း ဝန်ခံခဲ့တဲ့ Post Malone

Instagram/PostMalone

Post Malone ဟာ အခုနောက်ပိုင်း နာမည်ရလာတဲ့ အဆိုတော်တစ်ယောက်ပါ။ အမေရိကန်ရက်ပါတစ်ယောက်လို့သာ လူတွေ သတ်မှတ်ထားကြပေမယ့် Post Malone ဟာ ရော့ခ်သီချင်းတော်တော်များများကိုလည်း Cover ဆိုခဲ့ဖူးသူတစ်ယောက်ပါ။ သူ့ရဲ့ အကြီးမားဆုံး Idol ဖြစ်သူကတော့ Ozzy Osbourne ပဲဖြစ်ပါတယ်။ Ozzy Osbourne နဲ့ Post Malone တို့ နှစ်ယောက်ပေါင်းပြီး Take What You Wantဆိုတဲ့ သီချင်းလည်း ထွက်ခဲ့ပါသေးတယ်။

Insider နဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာတော့ သူ ဝယ်ခဲ့ဖူးတဲ့ ဈေးအကြီးဆုံးအသုံးအဆောင်ကတော့ ဒေါ်လာ ၇ သောင်းခွဲတန်တဲ့ ဂျာကင်တစ်ထည် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

YouTube/Post Malone

ဒေါ်လာ (၇) သောင်းခွဲတန် အကျီင်္ကို ဝယ်ခဲ့တဲ့ အဖြစ်အပျက်ကို အခုလိုပြောပြပါတယ်။

“ငါ အဲဒီ အကျီင်္ကို ဆိုင်ထဲမှာ တွေ့ခဲ့တယ်ကွာ။ အဲဒီ အကျီင်္ကို ငါ တကယ်ပဲ လိုချင်တယ်။ ဒါပေမဲ့ ဈေးကို ကြည့်လိုက်တော့ ဒေါ်လာ ၇ သောင်းခွဲဖြစ်နေတယ်။ ငါ အဲဒီလောက် မတတ်နိုင်ဘူးလေ။ ဒါပေမယ့် နောက်တစ်ခါ အဲဒီဆိုင်ကို ရောက်သွားသေးတယ်။ အဲဒီအချိန်တုန်းက ငါတို့ ရှန်ပိန်တွေသောက်ပြီး သိပ်မူးနေတယ်။အဲဒီမှာ ငါ ဒီ အကျီင်္ကို ဝယ်မယ်ဖြစ်သွားတာပဲ”

 

 

View this post on Instagram

 

A post shared by @postmalone on

Post Malone ဟာ ၂၀၁၉ ခုနှစ်မှာ Hollywood’s Bleedingဆိုတဲ့ အယ်လ်ဘန်တစ်ခုကို ထွက်ခဲ့ပါတယ်။

မျက်နှာပေါ်ထိုးထားတဲ့ ဆေးမင်ကြောင်တွေကြောင့် Post Malone ဟာ နာမည်ကျော်ကြားပါတယ်။ လူတွေရဲ့ အမြင်မှာတော့ Post Malone ရဲ့ ဖက်ရှင်တွေဟာ ဝတ်ချင်သလို ဝတ်တယ်လို့ ထင်ကောင်းစရာရှိပေမယ့် တကယ်တော့ Post Malone ဟာ ဖက်ရှင်ပိုင်းကို အလေးထားတဲ့ ရက်ပါတစ်ယောက်ပါ။

Post Malone က rhinestone suits လို့ခေါ်တဲ့ ကောင်းဘွိုင်အများစုဝတ်ဆင်တဲ့ ဂျက်ကက်ကို ကောင်းဘွိုင်ဦးထုပ်၊ ဖိနပ်တို့ကို အသေအချာ ဝတ်ပြီး ဝယ်ဆင်လေ့ရှိပါတယ်။ ဒီလို ဝတ်ရတာဟာ သူ့အတွက် ပျော်စရာကောင်းတယ်လို့ ပြောပါတယ်။ ဒါ့အပြင် Post Malone ဟာ လူတွေ ဝတ်ဆင်ဖို့ ခက်ခဲတဲ့ ဖက်ရှင်အကြောင်အကြားတွေကိုလည်း အမြဲဝတ်ဆင်တတ်သူတစ်ယောက်ပါ။

 

 

View this post on Instagram

 

WOW. @doritos #postlimon #ad

A post shared by @ postmalone on

လက်ရှိမှာတော့ အသက် (၂၄) နှစ်ရှိပြီဖြစ်တဲ့ Post Malone က Doritos ဆိုတဲ့ အမေရိကန်အာလူးကြော်ကုမ္ပဏီတစ်ခုရဲ့ ရဲ့  Flamin’ Hot Limón အတွက် ကြော်ငြာရိုက်နေပါတယ်။ အဲဒီ ကြော်ငြာထဲမှာတော့ Post Maone ဟာ lime-green အရောင်နဲ့ Nudie ဝတ်စုံကို ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ အကျီ င်္နောက်ကျောမှာတော့ Post Malone အစား  Post Limón လို့ အမည်ရေးထားတပါတယ်။

“ဒီ Suitက တော်တော် စွမ်းအားရှိတယ်ဗျ။။ ကျနော် Post Limón ကို ကန်းထရီးအဆိုတော်တစ်ယောက်သိပ်ဖြစ်စေချင်မိတယ်။ သူ တစ်နေကုန် Doritos အကြောင်းကို ရေးထားတဲ့ အချစ်သီချင်းတွေချည်း ဆိုနေမယ် ထင်တယ်”

Ye Yint Kyaw

SHARE