ရောက်လေရာ နေရာတိုင်းမှာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ မိတ်ဖွဲ့လေ့ရှိတဲ့ စာပို့သမားကြီး

[email protected] Amigo dos Animais

ခွေးကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်သလို လူတွေအပေါ် သံယောဇဉ်အရှိဆုံးနဲ့ အတွယ်တာတတ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်ပါတယ်။ အခုလည်း ခွေးတွေကိုအရမ်းချစ်ပြီး ခွေးတွေကလည်း အရမ်းကိုချစ်တဲ့ စာပို့သမားကြီးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ လူတွေတော်တော်များများသိတဲ့အတိုင်း ခွေလေးတွေဟာ စာပို့သမားတော်တော်များများဆိုရင် လူစိမ်းဆိုပြိး အမြဲလိုလို ဟောင်တတ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီစာပို့သမားကြီးကိုတွေ့ရင် ခွေးလေးတွေတိုင်းက အမြဲလိုလိုရင်းနှီးဟန်ပြသလို အဆိုပါစာပို့သမားကြီးကလည်း တွေ့သမျှခွေးလေးတွေနဲ့ ဆယ်လ်ဖီအမြဲရိုက်တတ်ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Amigo dos Animais
[email protected] Amigo dos Animais

အဆိုပါစာပို့သမားကြီးကတော့ Brazil နိုင်ငံ၊ Sao Paulo မြို့ရှိ Cristiano da Silva လို့ အမည်ရတဲ့ အမျိုးသားကြီးပဲ ဖြစ်ပါတယ်။ Cristiano ဟာ ငယ်ငယ်လေးကတည်းက ခွေးကလေးတွေကို အရမ်းချစ်တတ်ပြီး ခွေးကလေးတွေနဲ့ အမြဲလိုလို လက်ပွန်းတတီးနေတတ်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အသက်အရွယ်ရောက်လာတဲ့အခါ စာပို့သမားတစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့ပြီး သူစာသွားပို့ရတဲ့ အိမ်တိုင်းလိုလိုက ခွေးကလေးတွေနဲ့လည်း ခင်မင်ရင်းနှီးအောင် ပေါင်းသင်းတတ်သူဖြစ်ပါတယ်။

Posted by Carteiro Amigo dos Animais on Saturday, August 22, 2020

စာသွားပို့တဲ့အိမ်မှာ ခွေးမွေးထားပြီဆိုရင်လည်း အဲဒီခွေးကလေးတွေကို ပွတ်သပ်ချော့မြှူတတ်ပြီး သူတို့လေးတွေနဲ့အတူတူ ဓာတ်ပုံရိုကလေ့ရှိကြောင်း သိရပါတယ်။ သူစိမ်းမြင်ရင် ဘယ်လောက်ပဲဟောင်တတ်ပြီး ဘယ်လောက်ပဲဆိုးတဲ့ ခွေးတွေဖြစ်နေပါစေ၊ Cristiano ဆိုရင် ဘယ်တော့မှ ရန်မူခြင်းမရှိပဲ နှစ်ပေါင်းများစွာကွဲကွာနေတတ်တဲ့ အပေါင်းအသင်းတစ်ယောက်ကိုတွေ့သလို ခွေးကလေးတွေက ကြိုဆိုလေ့ရှိပါတယ်။ ဒါ့အပြင် Cristiano ဟာ စာသွားပို့တဲ့လမ်းမှာ ဒုက္ခရောက်နေတတ်တဲ့ ခွေးကလေးတွေ့ရင်လည်း အမြဲလိုလို ကူညီတတ်ပြီး ဒဏ်ရာတော်တော်ရနေတဲ့ လမ်းဘေးခွေးကလေးတွေဆိုရင် ခွေးဂေဟာအထိပါ ပို့ဆောင်ပေးတတ်ကြောင်း သိရပါတယ်။

READ
ခွေးကိုမျိုဖို့ကြိုးစားနေတဲ့ အန်နာကွန်ဒါမြွေဆီကနေ ခွေးကိုအတင်းပြန်လုခဲ့ရတဲ့ ရွာသားများ
[email protected] Amigo dos Animais

“ကျွန်တော်ဟာ ခွေးလေးတွေမက တိရစ္ဆာန်ဆိုရင်ကို အရမ်းချစ်တတ်ပါတယ်။ ကျွန်တော့်အိမ်မှာဆိုရင်လည်း ကြောင်ကလေး ၃ ကောင်နဲ့ ခွေးတွေအများကြီးမွေးထားပါတယ်။ သူတို့လေးတွေက တစ်ကယ်ကို ချစ်ဖို့ကောင်းတဲ့ အကောင်လေးတွေပါ။ ဘာကြောင့်လဲဆိုတော့ ဒီကောင်လေးတွေဟာ လောကမှာ လူတွေဆီက အချစ်ခံရဖို့ မွေးဖွားလာရတဲ့ ကောင်လေးတွေပါ။ ခွေးကလေးတွေကတော့ ကျွန်တော့်အချစ်ဆုံး သတ္တဝါလေးတွေပါပဲ။ ခွေးတစ်ကောင်ကိုမြင်တာနဲ့ သူတို့အနားသွားပြီး မပွတ်သပ်ပဲ မနေနိုင်တာ ကျွန်တော့်ရဲ့ အကျင့်ပါပဲ”လို့ Cristiano က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE