သဘာဝအတိုင်း ထူးခြားတဲ့ပုံပန်းသဏ္ဍာန်ပေါ်နေတဲ့ ဂျပန်နိုင်ငံကအာလူး

twitter/YokohamaNoHito pexels/pixabay

၂၀၂၀ခုနှစ်ဟာ လူသားတွေအတွက်တော့ အခက်ခဲဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေတစ်ယောက်နဲ့တစ်ယောက်ဝေးကွာပြီးနေရသလို ကိစ္စတော်တော်များများကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ ဒါကြောင့် လူတွေကတော့ မိုးကုတ်စက်ဝိုင်းမှာပေါ်ထွက်လာမယ့် ပိုကောင်းမယ့်နေ့သစ်တွေကို မျှော်လင့်နေကြတာဖြစ်ပါတယ်။

အခုအခါမှာတော့ ထူးထူးခြားခြား အတိတ်နိမိတ်ကောင်းလို့ ယူဆရတဲ့အရာတစ်ခုကို ဂျပန်နိုင်ငံမှာ တွေ့မြင်ခဲ့ရပါတယ်။ အဲ့ဒါကတော့ အာလူးလေးတစ်လုံးပဲဖြစ်ပါတယ်။ အာလူးဆိုပေမယ့် သာမန်ရိုးရိုး အာလူးပုံစံမျိုးမဟုတ်ပါဘူး။ လူတစ်ယောက်က လက်နှစ်ချောင်းထောင်ပြသလို peace ပုံသဏ္ဍာန်လေးနဲ့ အာလူးတစ်လုံးဖြစ်ပါတယ်။

ဒီအာလူးကိုတော့ အသက်၇၃နှစ်အရွယ် ရှီဂီအိုတာကာကီဆိုတဲ့ လယ်သမားတစ်ဦးက စိုက်ပျိုးထားတာပါ။ ဖူကူရှီမာစီရင်စု ကာဝါမာတာမြို့ကဖြစ်ပါတယ်။ အာလူးဟာ ၅၀ စင်တီမီတာ (လက်မ ၂၀) အရှည်ရှိပါတယ်။ ၄င်းအာလူးကိုစိုက်ပျိုးခဲ့တဲ့ လယ်သမားကြီးကတော့ အရင်တုန်းက သူအာလူးစိုက်ပျိုးတဲ့အခါ U ပုံသဏ္ဍာန်ရှိတဲ့ အာလူးပုံတွေထွက်ဖူးကြောင်းဆိုပါတယ်။ အခုလို peace ပုံသဏ္ဍာန် အာလူးပုံကိုတော့ သူလည်းအခုမှမြင်ဖူးတယ်လို့ ဆိုပါတယ်။

READ
ဧရာမခြေရာကြီးကိုတွေ့ရှိပြီးနောက် နတ်ဘီလူးတွေတကယ်ရှိခဲ့သည်ဟုအချို့ယူဆလာ

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတွေအများကြီးရဲ့စိတ်တွေက ညှိုးငယ်နေကြတယ်။ ဒါကြောင့် လူသားအားလုံးအတွက် ဆုတောင်းရင်း သူတို့အတွက်မျှော်လင့်ချက်ဖြစ်အောင် ဒီအာလူးပုံလေးကို မျှဝေချင်ပါတယ်။ အားလုံးပြုံးရွှင်နိုင်ပါစေလို့ မျှော်လင့်တယ်။” လို့လည်းလယ်သမားကြီးက ပြောပြသွားတဲ့အကြောင်း soranews24 ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

ShweMom

SHARE